KBS ရဲ့ ဇာတ်လမ်းတွဲအသစ်မှာပါဝင်ဖို့ကမ်းလှမ်းခံထားရတဲ့ Lee Jae Wook နဲ့ Park Gyu Young
Lee Jae Wook နဲ့ Park Gyu Young တို့ကို ဒရာမာအသစ်မှာအတူတွေ့ရမလားဆိုတာ စောင့်ကြည့်ရတော့မှာ ပါ။
KBS ရဲ့ "Dal Li and Gamja-tang" ဆိုတဲ့ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ Lee Jae Wook နဲ့ Park Gyu Young တို့ကို ကမ်းလှမ်းထားတာဖြစ်ပါတယ်။
Lee Jae Wook ရဲ့ အေဂျင်စီ VAST Entertainment နဲ့ Park Gyu Young ရဲ့ အေဂျင်စီ Saram Entertainment တို့ကလည်း ဇာတ်ကားသစ်အတွက်ကမ်းလှမ်းခံထား ရတာမှန်ကန်ကြောင်း အတည်ပြုပေးခဲ့ပြီး လက်ခံရိုက်ကူးဖို့မဆုံးဖြတ်ရသေးဘူးလို့ဆိုပါတယ်။
Park Gyu Young ကို Chungsong အနုပညာပြတိုက်ရဲ့ဒါရိုက်တာ Kim Dal Li အဖြစ် ပါဝင်ပေးဖို့ကမ်းလှမ်းထားပြီး Lee Jae Wook ကိုတော့ ကုမ္ပဏီဒါရိုက်တာ Jin Mu Hak နေရာကနေပါဝင်ဖို့ ကမ်းလှမ်းထားပါတယ်။
"Dal Li and Gamja-tang" ဇာတ်လမ်းတွဲကိုတော့ "Witch's Love" ရဲ့ စာရေးဆရာ Son Eun Hye နဲ့ Park Se Eun တို့ ရေးသားထားပြီး ဒါရိုက်တာ Lee Jung Sub က ရိုက်ကူးပေးမှာဖြစ်ပါတယ်။