၂၀၂၁ ရဲ့ ဆွဲဆောင်မှုအရှိဆုံး တရုတ်မင်းသမီး ၅ ယောက်
mystylemyanmar.com
|
2021-02-28

၂၀၂၁ ရဲ့ ဆွဲဆောင်မှုအရှိဆုံးအဖြစ်နဲ့ ရွေးချယ်ခြင်းခံရတဲ့ တရုတ်မင်းသမီးတွေထဲမှာမှ Top 5 ဖြစ်တဲ့ မင်းသမီးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဒီထဲမှာ ကိုယ်ချစ်ရတဲ့မင်းသမီးလေးတွေ ပါနေမလားဆိုတာကို ကြည့်လိုက်ရအောင်….


1. Fan Bingbing




တရုတ်မင်းသမီး၊ မော်ဒယ်လ်၊ အဆိုတော်၊ အစီအစဉ်တင်ဆက်သူဖြစ်တဲ့ Fan Bingbing ကတော့ အလှဆုံးမင်းသမီးစာရင်းဆိုလည်း ထိပ်ဆုံးကနေ အမြဲရပ်တည်နေတာပါ။ ၁၉၈၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့မှာမွေးဖွားခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ အသက် ၄၀ ထဲရောက်နေပါပြီ။



2. Angelababy




Angela Yeung Wing လို့လည်းသိထားကြတဲ့ Angelababy ကတော့ တရုတ်မင်းသမီး၊ မော်ဒယ်လ်၊ အဆိုတော်တစ်ယောက်ပါ။ ၁၉၈၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ အသက် ၃၂ နှစ်ရှိပါပြီ။



3. Zanilia Zhao




Zhao Liying လို့လည်းလူသိများတဲ့ Zanilia Zhao ဟာဆိုရင်တော့ တရုတ်နိုင်ငံရဲ့ နာမည်ကြီးမင်းသမီးတစ်လက်ပါပဲ။ ၁၉၈၇ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့မှာမွေးဖွားခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ အသက် ၃၄ နှစ်ရှိပါပြီ။



4. Yang Chaoyue




တရုတ်မင်းသမီး၊ အဆိုတော်ဖြစ်တဲ့ Yang Chaoyue ကိုတော့ ၁၉၉၈ ခုနှစ်၊ ဂျူလိုင်လ ၃၁ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ အသက် ၂၃ နှစ်ပဲရှိပါသေးတယ်။



5. Dilraba Dilmurat




တရုတ်မင်းသမီး၊ အဆိုတော်၊ မော်ဒယ်လ်ဖြစ်တဲ့ Dilraba Dilmurat ကိုတော့ ၁၉၉၂ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့မှာမွေးဖွားခဲ့ပြီး အခုဆိုရင်တော့ အသက် ၂၉ နှစ်ရှိပါပြီ။




Source:www.celebsupdate.com


#မင်းသမီး
#မော်ဒယ်လ်
#အဆိုတော်
#တရုတ်
#အသက်

Some text some message..