အံ့သြလောက်အောင် ခန္ဓာကိုယ်ပြောင်းလဲနိုင်တဲ့ ဟောလိဝုဒ်အနုပညာရှင်များ
mystylemyanmar.com
|
2021-04-26

ကိုယ့်ခန္ဓာကိုယ် ပုံပျက်နေလို့ စိတ်ဓာတ်မကျပါနဲ့။ အံ့သြလောက်အောင် ခန္ဓာကိုယ်ပြောင်းလဲနိုင်တဲ့ ဟောလိဝုဒ်သရုပ်ဆောင်တွေရဲ့ အကြောင်းကို ဝေမျှပေးချင်ပါတယ်။


Guardians of the Galaxy က သရုပ်ဆောင် Chris Pratt




ဗိုက်ပူခါးတုပ်နေတဲ့ သရုပ်ဆောင် Chris Pratt က Guardians of the Galaxy ရုပ်ရှင်အတွက် ကိုယ်အလေးချိန် ပေါင် ၆၀ ကို ၆ လအတွင်း ချနိုင်ခဲ့ပါတယ်။

Chris ကတော့ ပုံမှန်လုပ်ချင်တဲ့စိတ်ကြောင့် ဒီလိုမျိုး ကိုယ်အလေးချိန်ကျသွားတာလို့ ပြောပါတယ်။

Chris က “ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို တစ်လတည်းနဲ့တော့ ဘယ်တည်ဆောက်လို့ရမလဲ”လို့ ပြောသွားပါတယ်။


Zac Efron




သရုပ်ဆောင် Zac Efron က ကလေးသရုပ်ဆောင်လုပ်တုန်းကတော့ ပိန်ညှောင်ရိုးလေးပါပဲ။ ၂၀၁၇ ခုနှစ်မှာ ရုပ်ရှင်ကားတစ်ခုအတွက်လိုအပ်လို့ ခန္ဓာကိုယ်ကို အပြင်းအထန် ပြောင်းလဲလိုက်ရပါတယ်။

သူ့ Diet အစီအစဉ်ကတော့ အောဂန်းနစ် (Organic) အစားအစာမဟုတ်တာတွေ၊ စက်ရုံထုတ် အစားအစာတွေနဲ့ သကြားတို့ကို ဖြတ်ပစ်တာဖြစ်ပါတယ်။


2009 ခုနှစ်က Britain Got Talent မှာ နာမည်ကြီးခဲ့တဲ့ Susan Boyle




အသက် ၅၅ နှစ်အရွယ် Susan Boyle က ဆီးချို Type 2 Diabetes ဖြစ်တာကြောင့် သူ့လူနေမှုပုံစံကို ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါ့ကြောင့် အချိုမှန်သမျှကို ရှောင်ကြဉ်ခဲ့တာကြောင့် ကိုယ်အလေးချိန် ကျသွားပြီး ကျန်းမာရေးလည်း သိသိသာသာ ကောင်းလာပါတယ်။


နာမည်ကြီး အဆိုတော် Christina Aguilera




နာမည်ကြီး အဆိုတော် Christina Aguilera က ၂၀၁၀ ခုနှစ်မှာ သူ့ ခင်ပွန်းနဲ့ ကွာရှင်းပြီးနောက် ကိုယ်အလေးချိန် ပေါင် ၆၀ ကျော် တက်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ကိုယ်အလေးချိန် ပြန်လျော့ချခဲ့ပါတယ်။ သူ့ရဲ့ လျို့ဝှက်တဲ့နည်းလမ်းကတော့ တစ်နေ့ကို အစားအစာ နည်းနည်းကို ခဏခဏစားတာဖြစ်ပါတယ်။

တစ်နေ့ကို ၃ ခါစားပြီး၊ Snacks ကို ၄ ခါစားပါတယ်။ စုစုပေါင်း ကယ်လိုရီ ၁၆၀၀ လောက်ပဲ စားသုံးပါတယ်။


#သရုပ်ဆောင်
#ခန္ဓာကိုယ်
#နာမည်ကြီး
#အစားအစာ
#Galaxy

Some text some message..