အင်မတန်လူကြည့်များပြီး ဆေးပညာဆိုင်ရာ ဗဟုသုတများစွာကို ပေးစွမ်းနိုင်တဲ့ ကိုရီးယား Medical ဇာတ်လမ်းတွဲများ
mystylemyanmar.com
|
2021-08-22

ကိုရီးယားနိုင်ငံက လူကြိုက်များလှတဲ့ ဇာတ်လမ်းတွဲတွေထဲမှာမှ အစကနေအဆုံးအထိ ရင်တထိတ်ထိတ်နဲ့ စိတ်လှုပ်ရှားစရာကောင်းကောင်း ရသကိုပေးစွမ်းနိုင်တဲ့ ဇာတ်လမ်းတွဲမျိုးတွေကို ပိုကြိုက်ကြတဲ့ ပရိတ်သတ်တွေအနေနဲ့ Medical ဇာတ်လမ်းတွဲတွေက အသင့်တော်ဆုံးပဲလို့ပြောချင်ပါတယ်။

ဒီနေ့ခေတ်မှာထွက်ရှိထားတဲ့ ကိုရီးယားဆေးပညာဇာတ်လမ်းတွဲတွေဟာဆိုရင် ခွဲစိတ်ခန်းထဲက ခွဲစိတ်နေတဲ့ဇာတ်ဝင်ခန်းတွေဆို တကယ်ဖြစ်နေသလားလို့တောင် ထင်မှတ်ရလောက်အောင် လက်တွေ့ဆန်ဆန် ဖန်တီးရိုက်ကူးထားကြပါတယ်။ ကိုယ်က ဆေးပညာနဲ့ပတ်သက်ပြီး သင်ယူထားတာမရှိဘူးဆိုရင်တောင် ဒီလိုဆေးပညာဆိုင်ရာအခြေခံ ဇာတ်လမ်းတွဲတွေကို ကြည့်ခြင်းအားဖြင့် အများကြီး ဗဟုသုတတွေရနိုင်ပါတယ်။

ဒါဆိုရင်တော့ အင်မတန် လူကြိုက်များပြီး ကြည့်ရှုနှုန်းတွေများလှတဲ့ တောင်ကိုရီးယား Medical ဇာတ်လမ်းတွဲလေးတွေက ဘာတွေဖြစ်မလဲ၊ ကိုယ်မကြည့်ရသေးတဲ့ ဇာတ်လမ်းတွဲတွေပါရင်လည်း ကြည့်လို့ရအောင်လို့ အခုပဲပြောပြလိုက်ပြီနော်။


Good Doctor




Source: Asian Drama Quotes

အော်တစ်ဇင် ဥာဏ်ကြီးရှင်ကောင်လေးဟာ ငယ်စဉ်အချိန်မှာ အစ်ကိုဖြစ်သူကို ဆုံးရှုံးလိုက်ရပြီးနောက် အရွယ်ရောက်လာချိန်မှာတော့ ကလေးအထူးကုဆရာဝန်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ လူနာတွေနဲ့ တခြားလုပ်ဖော်ကိုင်ဖက် ဆရာဝန်တွေကြားက ပေါ်ပေါက်လာတဲ့ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းရင်း သူ့အရည်အချင်းကို တဖြည်းဖြည်းလက်တွေ့ပြနိုင်အောင် ကြိုးစားသူလေးလည်းဖြစ်ပါတယ်။


Doctors / Doctor Crush




Source: Pinterest

ဆိုးဆိုးသွမ်းသွမ်း လူငယ်ကောင်မလေးတစ်ယောက် ကျောင်းသူအရွယ်မှာ စာနာရိုင်းပင်းမှုရှိတဲ့ ဆရာနဲ့ဆုံတွေ့ခဲ့ရာကနေ လမ်းကြောင်းအမှန်ကို လျှောက်နိုင်ခဲ့ပြီး ကျွမ်းကျင်တဲ့ အာရုံကြောခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်လာခဲ့ပါတယ်။


Hospital Ship




Source: kdramapal

ဒီဇာတ်လမ်းလေးကတော့ ဆေးရုံဆေးခန်းရှားပါးလှပြီး ဝေးလံခေါင်ဖျားက ကျေးလက်ဒေသတွေမှာ နေထိုင်နေကြတဲ့ ဒေသခံတွေအတွက် သင်္ဘောတစ်စီးနဲ့ ဆေးလှည့်လည်ကုသပေးနေတဲ့ ဆရာဝန်တစ်စုအကြောင်းပဲဖြစ်ပါတယ်။


Doctor Stranger




Source: Viki

မြောက်ကိုရီးယားမှ ဆရာဝန်ငယ်လေးတစ်ဦးဟာ တောင်ကိုရီးယားကိုထွက်ပြေးလာခဲ့ပြီး သူထွက်ပြေးနေချိန်မှာ ရှာလို့မတွေ့တော့တဲ့ သူ့ချစ်သူကောင်မလေးနဲ့ တစ်ပုံစံတည်းတူသူနဲ့ ဆုံတွေ့ခဲ့ရာကနေ ဖြစ်တည်လာတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။


Romantic Doctor, Teacher Kim




Source: Netflix

“Hand of God” လို့ လူသိများကျော်ကြားတဲ့ ခွဲစိတ်ဆရာဝန်တစ်ဦးဟာ လူတွေရှေ့ကနေ သတင်းအစအနမရှိ ရုတ်တရက် ပျောက်သွားခဲ့ပြီး လူမသိလှတဲ့ ဆေးရုံအသေးလေးမှာ ဆရာဝန်ငယ်တွေကို သင်ကြားလမ်းညွှန်ပေးမယ့် “Teacher Kim” အဖြစ်နဲ့ ပြန်လည်ပေါ်လာခဲ့ပါတယ်။


Hospital Playlist




Source: OtakuKart

ဒီဇာတ်လမ်းကတော့ လက်ရှိမှာဟော့ဖြစ်နေတဲ့ ဇာတ်လမ်းတွဲလေးမို့ ရှည်ရှည်ဝေးဝေးတော့ သိပ်မိတ်ဆက်ပေးနေစရာလိုမယ်မထင်ပါဘူးနော်။ ဆေးပညာဆိုင်ရာဗဟုသုလည်းရမယ့်အပြင် မိသားစုလိုဖြစ်နေတဲ့ သူငယ်ချင်းငါးယောက်ကြားက ခိုင်မာတဲ့သံယောဇဉ်တွေကို ဟာသနှောရင်း ပေါ့ပေါ့ပါးပါး ကြည့်နိုင်မှာဖြစ်ပါတယ်။


#ဇာတ်လမ်း
#ဆရာဝန်
#ဆေးပညာ
#ခွဲစိတ်ခန်း
#ခေါင်ဖျား

Some text some message..