ထိပ်တန်းတရုတ်မင်းသမီးချော Dilraba ရဲ့ ကျော့ရှင်းလှပလွန်းတဲ့ ပွဲတက်ဖက်ရှင်များ
mystylemyanmar.com
|
2021-09-07

အားလုံးပဲ မင်္ဂလာပါ၊ တရုတ်ကားတွေကို ကြည့်လေ့ရှိတဲ့ ရုပ်ရှင်ချစ်ပရိတ်သတ်တွေအနေနဲ့ လက်ရှိတရုတ်နိုင်ငံမှာ နာမည်အကြီးဆုံး မင်းသမီးချောလေး Dilraba ကို အားလုံးပဲ ရင်းနှီးကြမှာပါနော်။

သူမရဲ့ နာမည်အပြည့်အစုံက Dilraba Dilmurat ပါ။ သူမကို ၁၉၉၂ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့မှာ မွေးဖွားတာဆိုတော့ အခုဆိုရင် အသက် ၂၉ နှစ်ရှိပါပြီ။ ရယ်လိုက်ရင်ပဲဖြစ်ဖြစ် ခပ်ချေချေပုံစံနဲ့ပဲဖြစ်ဖြစ် ဘယ်လိုနေနေကို ပရိတ်သတ်တွေကို အမျိုးမျိုးဆွဲဆောင်ထားနိုင်တာမို့လည်း တရုတ်နိုင်ငံက ထိပ်သီးမင်းသမီးတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်နေရတာပေါ့။

သူမရဲ့ အရပ်အမြင့်က ၅ ပေ ၆ လက်မရှိတာဆိုတော့ မနည်းမနောအရပ်မှ မဟုတ်ဘဲ။ သူမက အနုပညာလုပ်ငန်းကို ၂၀၀၃ ခုနှစ်မှာ စတင်လုပ်ကိုင်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ နာမည်ကြီးလာခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာ ထုတ်လွှင့်ပြသခဲ့တဲ့ တော်တော်လေးကို ပေါက်သွားတဲ့ ဇာတ်ကား Eternal Love ဇာတ်လမ်းတွဲမှာ ဒုတိယဇာတ်ပို့မင်းသမီးအဖြစ် သရုပ်ဆောင်ခဲ့ပြီး သူမကို သရုပ်ဆောင်လောကမှာ နေရာတစ်ခုရလာစေခဲ့တာပါပဲ။

ဒေါင်ကောင်းကောင်း ခန္ဓာကိုယ်အချိုးအစားလည်း လှပလှတဲ့ Dilraba ရဲ့ပရိတ်သတ်တွေအတွက် သူမဝတ်ဆင်ခဲ့တဲ့ ပွဲတက်ဖက်ရှင်တွေထဲက ဖက်ရှင်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
















Image Source: Pinterest


#မင်းသမီး
#fashion

Some text some message..