အသက်၄၀ကျော်လို့ မထင်ရအောင် တည်ငြိမ်လှပလွန်းတဲ့ မမ Nuneရဲ့ စမတ်ကျပြီး လှပနေတဲ့ဖက်ရှင်ပုံရိပ်
mystylemyanmar.com
|
2021-09-19
အသက်၄၀ရှိပြီးတာတောင် နုပျိုလှပနဆဲဖြစ်ပြီး လက်တလောမှာလည်း သူမရဲ့ဇာတ်ကားတွေလည်း အရမ်းပေါက်နေပါတယ်နော်။ ကဲ.. ဘယ်သူဖြစ်မလဲဆိုတာ စိတ်ဝင်စားနေကြပြီ ဟုတ်? သူမကတော့ အာရှတခွင် ယောကျာ်းလေးပရိသတ်တွေ သာမက မိန်းကလေးတွေပါ ကြိုက်နှစ်သက်ရတဲ့ Nune လို့ ချစ်စနိုးနဲ့ခေါ်လေ့ရှိတဲ့ ကျက်သရေရှိပြီး လှပလွန်းတဲ့ မင်းသမီးချောလေး Woranut Bhirombhakdi ဖြစ်ပါတယ်။
သူမမွေးနေ့ကတော့ 24.9.1980ဖြစ်ပြီး မကြာခင် ရက်ပိုင်းလေးအတွင်းမှာပဲ့ သူမရဲ့မွေးနေ့လေးရောက်လာတော့မှာပါနော်။ မွေးချင်းမောင်နှမကတော့ မောင်လေးတစ်ယောက်ပဲ့ရှိပါတယ်။ သူမအရပ်ကတော့165cmရှိပြီး Weightကတော့ 44Kgရှိပါတယ်နော်။ Bachelor Of Arts,Suan Dusit Rajabhatမှာ ပညာသင်ယူခဲ့တဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။
သူမကို ကံကောင်းစွာပိုင်ဆိုင်ခွင့်ရထားတဲ့ အိမ်ထောင်ဖက်ကတော့ Todd Pithi Bhirompakdee ဖြစ်ပါတယ်နော်။
Nuneရဲ့ဝါသနာတွေကတော့ ရုပ်ရှင်ကြည့်ခြင်းနဲ့သီချင်းနားထောင်ခြင်းတို့ဖြစ်ပါတယ်။ နောက်ပြီး favourite colour ကတော့ အစိမ်းရောင်ဖြစ်ပြီး အစားအစာမှာတော့Kao-Padကိုအရမ်းကြိုက်နှစ်သက်တဲ့သူလည်းဖြစ်ပါတယ်။
သူမရဲ့ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေကတော့ Aum Patcharapa Chaichue,Sukonthawa Kerdnimit(Mai),Bee Matika Atthakornsiripoနဲ့ Jieb Chompoonuch Plyatumchaiတို့ပဲ့ဖြစ်ကြပါတယ်။
ကဲ..Nuneရဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာလေးတချို့ကို သိရပြီးပြီဆိုတော့ သူမရဲ့ တည်ငြိမ်လှပတဲ့ အလှလေးနဲ့ လိုက်ဖက်ပြီး အထာကျလွန်းတဲ့ သူမရဲ့စမတ်ကျဖက်ရှင်ပုံရိပ်လေးတွေကို အတူတူကြည့်လိုက်ရအောင်နော်…
Photo Source: Pinterest
#ဖက်ရှင်
#အလှအပရေးရာ
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ