ကေပေါ့ပ်လောကထဲက အကျော်ကြားဆုံး ကပြား အိုင်ဒေါများ
mystylemyanmar.com
|
2022-02-14

ကေပေါ့လောကထဲက အိုင်ဒေါလ်တွေဟာဆိုရင် ကိုရီးယားနိုင်ငံသားတွေချည်းပဲ မဟုတ်ပါဘူးနော်။ တခြားနိုင်ငံကနေပြီး အိုင်ဒေါလ်ဖြစ်ချင်တဲ့အိမ်မက်နဲ့ ကိုရီးယားမှာလာရောက်ကြိုးစားခဲ့ကြသူတွေရှိသလို ကိုရီးယားလူမျိုးနဲ့ တခြားနိုင်ငံသားသွေးနှောနေတဲ့ အိုင်ဒေါလ်တွေလည်း ရှိကြပါတယ်။

အိုင်ဒေါလ်အားလုံး ကိုယ်စီကိုယ်စီဟာဆိုရင်လည်း သူ့အလှနဲ့သူရှိကြတာချည်းပါပဲ။ အခုတစ်ခါမှာတော့ ကိုရီးယားလူမျိုးနဲ့ တခြားနိုင်ငံသား သွေးရောနှောနေတဲ့ ကေပေါ့အိုင်ဒေါလ်တွေအကြောင်း ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Joo Haknyeon – The Boyz



The Boyz အဖွဲ့ဝင် Joo Haknyeon ကတော့ ဟောင်ကောင်လူမျိုးဖခင်နဲ့ ကိုရီးယားလူမျိုးမိခင်တို့ကနေ မွေးဖွားလာတာဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံ၊ ဂျယ်ဂျူမှာမွေးခဲ့တာဆိုပေမယ့် ဟောင်ကောင်မှာကြီးပြင်းခဲ့တာမို့ Cantonese နဲ့ တရုတ်စကားကိုလည်း ကောင်းကောင်းပြောနိုင်ပါတယ်။ Produce 101 Season 2 မှာ ပါဝင်ခဲ့တုန်းကတော့ ဖခင်ဆုံးပါးသွားပြီဆိုတဲ့အကြောင်း ပြောပြခဲ့ဖူးပါတယ်။

Huening Kai – TXT



Big Hit ကုမ္မဏီရဲ့ ပထမဦးဆုံး ကပြား အနုပညာရှင်လည်းဖြစ်သလို TXT ရဲ့ အငယ်ဆုံးလည်းဖြစ်တဲ့ Huening Kai ကတော့ အမေရိကန်နဲ့ ကိုရီးယားသွေးတစ်ဝက်စီရောနေသူဖြစ်ပါတယ်။ ဖခင်က ဂျာမန်သွေးနှော အမေရိကန်သားဖြစ်ပြီး Huening Kai ရဲ့ နာမည်အရင်းကတော့ Kai Kamal Huening ဖြစ်ပတယ်။ အမေရိကန်နိုင်ငံ ၊ ဟာဝိုင်ရီ နဲ့ တရုတ်တို့မှာ နေထိုင်ခဲ့ဖူးပြီး အသက် ၈ နှစ်မှာတော့ တောင်ကိုရီးယားကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။

Vernon – Seventeen



Seventeen အဖွဲ့ဝင် ရပ်ပ်ပါ Vernon ကတော့ အမေရိကန်သားမိခင်နဲ့ ကိုရီးယားနိုင်ငံသားဖခင်တို့ရဲ့ သားဖြစ်ပါတယ်။ နယူးယောက်မှာမွေးခဲ့ပေမယ့် ၅ နှစ်အရွယ်မှာ တောင်ကိုရီးယားကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။

Jeon Somi



Dutch-Candian ဖခင်နဲ့ ကိုရီးယားမိခင်တို့က မွေးဖွားလာတဲ့ Somi ကလည်း ကနေဒါ၊ နယ်သာလန်နဲ့ တောင်ကိုရီးယား နိုင်ငံသားအဖြစ်ခံယူထားပါတယ်။ Somi ကိုတော့ “SIXTEEN” “Produce 101” အစီအစဥ်တွေနဲ့ လူသိများပြီး လက်ရှိမှာတော့ တစ်ကိုယ်တော်အဆိုတော်အဖြစ် ရပ်တည်နေပါတယ်။

Nancy – Momoland



Nancy ကိုတော့ အမေရိကားမှာ မွေးဖွားခဲ့ပြီး မိခင်ကကိုရီးယားသူနဲ့ ဖခင်က Irish သွေးရော အမေရိကန်သားဖြစ်လို့ ကပြားမလေးပါ။ အသက် ၆ နှစ်အရွယ်မှာ တောင်ကိုရီးယားကို ပြောင်းလာခဲ့ပြီး Momoland အဖွဲ့ဝင်အနေနဲ့ လှုပ်ရှားနေပါတယ်။

Huening Bahiyyih -Kep1er



TXT အဖွဲ့က Huening Kai ရဲ့ ညီမလေးဖြစ်ပြီး လက်ရှိ Kep1er အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ် ဇူလိုင် ၂၇ ရက်နေ့က မွေးဖွားခဲ့လို့ အခုမှ အသက် ၁၇ နှစ်ပဲရှိပါသေးတယ်။

Image Source: Pinterest

By MyStyle Myanmar


#ကိုရီးယား
#မိခင်
#တောင်ကိုရီးယား
#အဖွဲ့ဝင်
#အမေရိကန်

Some text some message..