လူကြိုက်များလှတဲ့ အချမ်းသာဆုံး စာရင်းဝင် K-Pop စတား ၅ ဦး
mystylemyanmar.com
|
2022-06-19

ဂီတနယ်ပယ်မှာ ကိုရီးယားပေါ့စတားတွေရဲ့ အခန်းကဏ္ဍဟာ အင်အားကောင်းသလောက် ထိုးဖောက်မှုဟာ ကြောက်ခမန်းလိလိ မြင့်ပါတယ်။ ကိုရီးယန်းပေါ့ K-Pop ဂီတတွေ လူကြိုက်များလာတဲ့အကြောင်းကတော့ ပြောဖို့တောင် လိုမယ် မထင်ပါဘူး။

Gen Z မျိုးဆက်တွေအကြား ပေါက်ကွဲလာခဲ့တဲ့ K-Pop ဂီတကို ဖန်တီးခဲ့သူတွေလည်း ရေမြင့်လို့ ကြာတင့်လာနေပါတယ်။ ပရိတ်သတ်အင်အား သန်းနဲ့ချီ ရှိနေတဲ့ K-Pop အိုင်ဒေါတွေဟာ ဝင်ငွေအားဖြင့်လည်း ထိပ်ထိပ်ကြဲ ချမ်းသာတဲ့အဆင့်ကို တက်လှမ်းလာနေပါတယ်။

အခုအောက်မှာ ပြောသွားမှာက အချမ်းသာဆုံး K-Pop စတား ၅ ဦးပဲ ဖြစ်ပါတယ်။

(၅) IU



Lee Ji-Eun ကို အနုပညာစင်မြင့်မှာ IU လို့ လူသိများပါတယ်။ အဆိုတော် ၊ တေးရေးနဲ့ သရုပ်ဆောင်အဖြစ် နာမည်ကြီးပါတယ်။ သူမရဲ့ ကလေးဘဝအိပ်မက်ကိုက နိုင်ငံတကာ အဆိုတော်တစ်ဦးဖြစ်ဖို့ပါတဲ့။ အသက် ၁၅ နှစ်မှာ ဂီတနယ်ပယ်ထဲ ဝင်ရောက်ခဲ့ပြီး Lost and Found ဆိုတဲ့ အယ်လ်ဘမ်ကို ထုတ်ခဲ့ပါတယ်။

၂၀၁၀ ခုနှစ်မှာ သူမထုတ်ခဲ့တဲ့ Real အယ်လ်ဘမ်ဟာ သူကို ထိပ်တန်းအဆိုတော်အဖြစ် ရောက်ရှိစေခဲ့ပါတယ်။ သူမရဲ့ အကျော်ကြားဆုံးသီချင်း Good Day ဟာ Gaon Digital Chart မှာ ၅ ပတ်ဆက်တိုက် ထိပ်ဆုံးနေရာမှ ရပ်တည်ခဲ့ပါတယ်။

၁၉၉၃ ခုနှစ်မှာ ဖွားခဲ့တဲ့ Lee Ji-Eun ဟာ အခုမှ အသက် ၂၉ နှစ်ပဲ ရှိသေးပေမယ့် ဒေါ်လာ ၁၅ သန်း ချမ်းသာသူလည်း ဖြစ်ပါတယ်။

(၄) Rain



၁၉၈၂ ဖွား Jung Ji Hoon ကို Rain လို့ လူသိများပါတယ်။ ရိန်းက ဘက်စုံတော်တဲ့ အနုပညာရှင်ပါ။ သီချင်းလည်း ဆိုသလို ရုပ်ရှင်သရုပ်ဆောင်လည်း လုပ်ပါတယ်။

ဂီတနဲ့ပတ်သက်ပြီး ပရိုဂျူဆာအဖြစ်လည်း လုပ်ပါတယ်။ ဖျော်ဖြေပွဲတွေအများကြီး လုပ်ခဲ့ပြီး တတိယမြောက် အယ်လ်ဘမ် It is Raing ဟာ သူ့ဘဝရဲ့ မှတ်တိုင်စိုက်ထူခဲ့ပါတယ်။

ဒီအယ်လ်ဘမ်ဟာ အာရှတစ်လွှားမှာ အချပ်ရေတစ်သန်းလောက် ရောင်းချနိုင်ခဲ့ပါတယ်။ Full House ဒရာမာစီးရီးကလည်း ပရိတ်သတ်တွေ တသသပြောစရာ ဖြစ်ကျန်ခဲ့ပါတယ်။ ၂၀၁၅ မှာ R.A.I.N ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး သူ့ချမ်းသာမှုက ဒေါ်လာ ၁၈ သန်း ရှိတယ်လို့ ဆိုပါတယ်။

(၃) G Dragon



K-Pop စတားတွေထဲမှာ တတိယမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်က Kwon Ji Yong ပါ။ ဒီနာမည်အရင်းထက် အနုပညာနာမည်ဖြစ်တဲ့ G-Dragon နဲ့ပဲ လူသိများပါတယ်။

နာမည်ကျော် ကိုရီးယားအဖွဲ့ဖြစ်တဲ့ Big Bang နဲ့ လက်တွဲခဲ့ပြီး အခုထိ သီချင်း ၂၂ ပုဒ် ရေးခဲ့ပါတယ်။ ကမ္ဘာက သူ့ကို G-Dragon လို့ သိစေတဲ့ အယ်လ်ဘမ်ဟာ Heartbreaker ဖြစ်ပြီး အချပ်ရေ ၄ သန်းကျော် ရောင်းချနိုင်ခဲ့ပါတယ်။

ဂီတအပြင် ဖက်ရှင်နဲ့ပါ ကမ္ဘာကျော်တဲ့ G Dragon ဟာ ဒေါ်လာ ၂၂ သန်းကျော် ချမ်းသာတယ်လို့ ဆိုပါတယ်။

(၂) Choi Si Won



Choi Si Won ကို ၁၉၈၇ ခုနှစ်မှာ မွေးပါတယ်။ ကိုရီးယားအမျိုးသားတေးဂီတအဖွဲ့ Super Junior အဖွဲ့ဝင်ပါ။ ဒရာမာကားတွေလည်း ရိုက်ပါတယ်။ Choi Si Won ဟာ ဒေါ်လာ ၃၅.၆ သန်းအထိ ချမ်းသာတဲ့ မီလျံနာတစ်ဦးလည်း ဖြစ်ပါတယ်။

(၁) PSY



Gangnam Style ဟာ YouTube ပေါ်မှာ ကြီးစိုးခဲ့သလို မြူးဇစ်သမိုင်းသစ်ကိုလည်း စတင်ခဲ့တဲ့ အယ်လ်ဘမ်တစ်ခုပါ။ ဒီသီချင်းကို ဖန်တီးတဲ့ Park Jae Sangရဲ့ နာမည်ဟာလည်း ဟုန်းဟုန်းတောက် နာမည်ကြီးသွားပါတယ်။

PSY ဆိုတဲ့ နာမည်နဲ့ပါ။ K-Pop Star တွေထဲမှာ အချမ်းသာဆုံးဖြစ်ပြီး ဒေါ်လာ ၄၅ သန်းကျော် ပိုင်ဆိုင်တယ်လို့ ဆိုပါတယ်။


#ကိုရီးယား
#ပရိတ်သတ်
#သီချင်း
#ဂီတ
#စတား

Some text some message..