နာမည်ကျော် မင်းသမီး Emma Roberts ဝတ်လေ့ရှိတဲ့ ပေါ့ပေါ့ပါးပါး ဖက်ရှင်များ
mystylemyanmar.com
|
2022-08-18

ကလေးသရုပ်ဆောင်တစ်ဦး ဖြစ်တဲ့အပြင် လက်ရှိမှာလည်း နာမည် ကျော်ကြားနေဆဲဖြစ်တဲ့ Emma Roberts ကိုတော့ သင် ဇာတ်လမ်းတော်တော်များများနဲ့ ရင်းနှီးမှာပါ။ သူမရဲ့ နာမည်ကျော် ဇာတ်လမ်းတွေကတော့- Wild Child, We are the Millers, Aquamarine စတဲ့ ဇာတ်လမ်းတွေ ဖြစ်ပါတယ်။

သူမက အပြင်ထွက်ချိန်တိုင်း ပေါ့ပေါ့ပါးပါး ဝတ်ဆင်လေ့ရှိပါတယ်။ Emma Roberts ဝတ်ဆင်လေ့ရှိတဲ့ ဖက်ရှင် Item အများစုကတော့- ဘောင်းဘီအရှည်၊ အပေါ်က ပေါ့ပေါ့ပါးပါး Blouse၊ စကပ်အတို့ပဲ ဖြစ်ပါတယ်။ သူမရဲ့ ဖက်ရှင်တိုင်းလိုလိုက ပေါ့ပေါ့ပါးပါး ဖြစ်လွန်းတာမို့ ပေါ့ပါးလွတ်လပ်တဲ့ ဖက်ရှင်ကို နှစ်သက်သူတိုင်း သူမဆီကနေ နမူနာ ယူနိုင်ပါတယ်။ ဒီတော့ Emma Roberts ရဲ့ ဖက်ရှင်ဝတ်ဆင်ပုံတွေကို ကြည့်လိုက်ရအောင်နော်-

Emma Robets က ဒီပုံထဲမှာတော့ အနက်ရောင် လက်ရှည် Basic Clothes နဲ့အတူ အိတ်အနက်ကို လွယ်ထားပါတယ်။


သူမရဲ့ အဝါရောင် Blouse လက်ရှည်ကို ပိုထူးခြားစေတာကတော့ အဝါရောင် Frame နဲ့ နေကာမျက်မှန်ပါ။


Emma က အနီရောင်ဖိနပ်ကို နှစ်ခြိုက်ပုံပေါ်ကာ အနီရောင် အင်္ကျီနဲ့ တွဲဖက်ဝတ်ဆင်ထားပါတယ်။


သူမက ပေါ့ပေါ့ပါးပါး ဂျင်းစကပ် အတိုနဲ့အတူ ဆံပင်ကို ကျစ်ဆံမြီးကျစ်ထားကာ နွေရာသီဖက်ရှင်ကို ပီပြင်စွာ ဝတ်ပြထားပါတယ်။


ရိုးရှင်းပေမယ့် သူမဝတ်လိုက်ရင် လှသွားတာပါပဲ။


လူငယ်ဆန်ဆန် ဝတ်ချင်တဲ့ ကောင်မလေးတွေ နမူနာယူနိုင်မယ့် Emma Roberts ရဲ့ ဖက်ရှင်ပါ


Emma က ဒီထဲမှာတော့ V Shape Neck အင်္ကျီအနီ လက်ရှည်ကို Tuck ထားကာ အထာကျကျ ဝတ်ဆင်ထားပါတယ်။


Emma လို အဖြူရောင် အသားကပ်လက်ရှည်ကို ခန္ဓာကိုယ် အချိုးအစားပေါ်ချင်တဲ့ ပျိုမေတိုင်း ဝတ်ဆင်နိုင်ပါတယ်။


Modest Fashion ဆိုပေမယ့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရင် အလှဆုံး ဖြစ်နိုင်ကြောင်း Emma Roberts က သက်သေပြထားပါတယ်။


ဆောင်းရာသီမှာ ပေါ့ပေါ့ပါးပါး ဝတ်နိုင်မယ့် ဖက်ရှင်


Emma Roberts ရဲ့ အပြင်ထပ် အနွေးထည် အသားက Rough ဖြစ်တာကြောင့် ဖိနပ်ကိုလည်း Rough ဖြစ်တဲ့ ပုံစံမျိုးကို ရွေးချယ်ထားတာ မြင်နိုင်မှာပါ။


တီရှပ် Oversize နဲ့ ပေါ့ပေါ့ပါးပါး


Ripped Jeans နဲ့ အထာကျကျ လှနေတဲ့ Emma Roberts


Photo Source: Pinterest

by MyStyle Myanmar


#ဖက်ရှင်
#ခန္ဓာကိုယ်
#နမူနာ
#နာမည်ကျော်
#စကပ်

Some text some message..