နွေရာသီမှာ ဝတ်နိုင်မယ့် တရုတ်မင်းသမီး Zhao Lusi ဝတ်လေ့ရှိတဲ့ ပေါ့ပေါ့ပါးပါး ဖက်ရှင်များ
mystylemyanmar.com
|
2022-09-06

တရုတ်မင်းသမီး Zhao Lusi က တရုတ်ဇာတ်လမ်းကြိုက် ပရိတ်သတ်တိုင်းလိုလို ချစ်ရတဲ့ မျက်နှာပေါက်လေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီး တစ်လက်ပါ။ သူမက နန်းတွင်းကားတွေ ရိုက်လေ့ရှိပြီး Lusi ရဲ့ လက်ရှိရေပန်းစားနေတဲ့ ဇာတ်လမ်းကတော့ “Who Rules the World” ပါ။ Lusi ကို Rosy ဆိုတဲ့ နာမည်နဲ့လည်း သိကြပါတယ်။ သူမက တိလေးတွေကို ချစ်တတ်တဲ့ စိတ်ထားဖြူစင်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပြီး မိန်းကလေး အများစု အားကျရတဲ့ ခန္ဓာကိုယ် အချိုးအစားကိုလည်း ပိုင်ဆိုင်သူပါ။

အသက် ၂၃ နှစ်အရွယ် Zhao Lusi ရဲ့ ခါးက ၂၂ လက်မ ဝန်းကျင်သာ ရှိတာကြောင့် ဘယ်အဝတ်အစားပဲ ဝတ်ဝတ် ချစ်ဖို့ကောင်းနေတတ်ပါတယ်။ သူမက ဓာတ်ပုံလှလှလေးတွေကိုလည်း တင်လေ့ရှိသူ တစ်ဦးပါ။ ဒီပုံရိပ်တွေထဲမှာ Zhao Lusi ရဲ့ စတိုင်ကျတဲ့ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ပုံတွေကို တွေ့မြင်နိုင်ပါတယ်။ ဒီတော့ Zhao Lusi ဝတ်လေ့ရှိတဲ့ နွေရာသီမှာ လိုက်ဝတ်နိုင်မယ့် ပေါ့ပေါ့ပါးပါး ဖက်ရှင်ပုံစံတွေကို ကြည့်လိုက်ရအောင်-

Lusi က Crop ခါးတိုလေးတွေကို အဝတ်များပါတယ်။


အသားကပ် အင်္ကျီ၊ ဘောင်းဘီ အပွနဲ့ နေကာမျက်မှန်က နွေရာသီနဲ့ လိုက်ဖက်လှပါတယ်။


ဂါဝန်အနက်ကိုမှ ဖိနပ်အနပ်နဲ့


ဂါဝန် ဝတ်ရတာ သဘောကျရင် Zhao Lusi လို ဝတ်ကြည့်ပါနော်။


တီရှပ်အပွကလည်း နွေရာသီနဲ့ လိုက်ဖက်ပါတယ်။


ချစ်ဖို့ကောင်းတဲ့ အင်္ကျီအသားကို ရွေးချယ်ထားတဲ့ သူမ


ဂါဝန်လေးတွေကို နွေရာသီမှာ ပေါ့ပေါ့ပါးပါး ဝတ်ဆင်နိုင်ပြီး Lusi လို မိန်းကလေးဆန်ဆန် လှနေစေမှာပါ။


အဖြူနဲ့ အပြာက နွေရာသီ ကိုယ်စားပြုတွေပါပဲ။


ဒီပုံစံလေးကတော့ အပေါ့ပါးဆုံးလို့ ဆိုနိုင်ပါတယ်။


Floral Pattern နဲ့အတူ နွေရာသီနဲ့ လိုက်ဖက်တဲ့ Zhao Lusi ရဲ့ Modest Fashion


Photo Source: Pinterest

By MyStyle Myanmar


#ဖက်ရှင်
#ခန္ဓာကိုယ်
#ဇာတ်လမ်း
#မင်းသမီး
#ပရိတ်သတ်

Some text some message..