ရက်ရက်စက်စက်အသတ်ခံခဲ့ရတဲ့ ဟောင်ကောင်မော်ဒယ်ရဲ့နာရေးကို ၄ လအကြာမှာ ပြုလုပ်
yoyarlay.com
|
2023-06-20

ဖေဖော်ဝါရီလက ရက်ရက်စက်စက်ခုတ်ထစ်သတ်ဖြတ်ခံခဲ့ရတဲ့ ဟောင်ကောင်မော်ဒယ် အက်ဘ်ဘီ ချွိုက်ရဲ့နာရေးအခမ်းအနားစီတန်းလှည့်လည်သွားလာတာကို ဇွန်လ ၁၉ ရက်နေ့မနက်ခင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အသတ်ခံရပြီး ၄ လ အကြာ သူ့ရဲ့ရုပ်အလောင်းကို ဖိုးလင်းကျောင်းတိုက် (Po Lin Monastery) မှာ မီးသင်္ဂြုဟ်ဈာပနခဲ့တာပါ။


သူ့ရဲ့နာရေးကို Po Fook Memorial Hall မှာ နှစ်ရက်တာ ကျင်းပခဲ့တာပါ။ အများပြည်သူတွေကိုတော့ ဝင်ခွင့်မပေးထားပါဘူး။ အခမ်းအနားတစ်လျှောက်လုံး ရဲတပ်ဖွဲ့ဝင်တွေ ရှိနေကြပြီး ခန်းမနဲ့ဆန့်ကျင်ဘက်နေရာတစ်ခုမှာတော့ မီဒီယာတွေ ရောက်ရှိနေခဲ့တယ်လို့ သိရပါတယ်။ နာရေးအခမ်းအနားတစ်ခုလုံးကို အက်ဘ်ဘီ ချွိုက်ရဲ့နှစ်သက်ဆုံးအရောင်ဖြစ်တဲ့ ပန်းရောင်နဲ့ အလှဆင်ထားပါတယ်။


လူပေါင်း ၅၀၀ ကျော်က ဝမ်းနည်းပူဆွေးခဲ့ကြပါတယ်။ အများစုက တရုတ်နိုင်ငံ၊ ဟိုင်နန်မြို့က ဆွေမျိုးတွေလို့ ယူဆရပါတယ်။ အက်ဘ်ဘီ ချွိုက်ရဲ့ခင်ပွန်းအပြင် ကလေးတွေကိုလည်း တွေ့ခဲ့ရပါတယ်။ နာမည်ကြီးဟောင်ကောင်မင်းသား အာရွန် ကွတ်အပါအဝင် အနုပညာရှင်တွေ ပေးပို့ကြတဲ့ လွမ်းသူ့ပန်းခွေတွေကိုလည်း မြင်တွေ့ခဲ့ရတယ်လို့ ဟောင်ကောင်မီဒီယာတွေက ဖော်ပြကြပါတယ်။အာရွန်ကွတ်ရဲ့ဇနီးဖြစ်သူ တရုတ်မော်ဒယ် မိုခါ ဖန်က အက်ဘ်ဘီနဲ့ အရမ်းရင်းနှီးကြပြီး အက်ဘ် သေဆုံးတဲ့အကြောင်းကြားတော့ အရမ်းစိတ်မကောင်းဖြစ်ခဲ့ရတာပါ။

အက်ဘ်ဘီရဲ့မိသားစုက နာရေးအတွက် 3D နည်းပညာအသုံးပြုပြီး ပြန်လည်တည်ဆောက်ထားတဲ့ အက်ဘ်ဘီမျက်နှာကို ရဖို့ ရွေးချယ်လုပ်ဆောင်ခဲ့ကြပါတယ်။ 3D နည်းပညာနဲ့ဖန်တီးထားတဲ့ သူ့ရဲ့မျက်နှာနဲ့ နာရေးစရိတ်အတွက် ကန်ဒေါ်လာ ၃၈၃၈၂၀.၉၂ ကုန်ကျခဲ့တာပါ။

ဒီသတင်းနဲ့ဆက်စပ်သတင်းဖတ်ရှုရန် –

အပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ်ချက်ပြုတ်ခံရတဲ့ ဟောင်ကောင်မော်ဒယ်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတချို့ ပျောက်နေဆဲ Ref: Aaron Kwok And Grasshopper’s Calvin Choy Sent Wreaths To Abby Choi’s Pink-Themed Funeral

WL (ရိုးရာလေး)


#အနုပညာရှင်
#မော်ဒယ်
#ပန်းရောင်
#ဟောင်ကောင်
#AbbyChoi

Some text some message..