ထိုင်းမင်းသမီးလေး Eisaya Hosuwan ရဲ့ Photo Pose Idea များ
mystylemyanmar.com
|
2023-06-25

ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့ ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ ချစ်ဖို့ကောင်းတဲ့ ထိုင်းမင်းသမီးလေး Eisaya Hosuwan ရဲ့ Photo Pose Idea လေးတချို့ကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါ Pose ပေးဖို့စဉ်းစားရခက်နေရင် ဒီပုံလေးတွေအတိုင်း Try ကြည့်နော်။

ဒီလိုလိုက်ကာတွေရှိတဲ့အခန်းမှာ ဓာတ်ပုံရိုက်ရင် ဒီလိုလေး Pose ပေးကြည့်ပါ။ အရမ်းလှပါတယ်။


Eisaya Hosuwan ရဲ့ ဒီ Pose လေးဆိုလည်း ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။ Lightening ကောင်းတဲ့နေရာမှာသာ ရွေးရိုက်နော်။


မြက်ခင်းမှာ ဓာတ်ပုံရိုက်တဲ့အခါ ထိုင်ပြီးရိုက်ရတာရိုးလာရင် ဒီလိုလေး ရိုက်ကြည့်လို့ရပါသေးတယ်။ ရိုက်ပေးတဲ့သူက သေချာလေးရိုက်တတ်ရင် အရမ်းလှတဲ့ပုံကောင်းလေး ရလာမှာပါ။


ဒါကတော့ ဆိုဖာမှာ ဆွဲဆောင်မှုရှိရှိလေး လှလှပပလေးထိုင်ရိုက်ဖို့အတွက် အသုံးဝင်မယ့် Pose Idea လေးတွေပဲ ဖြစ်ပါတယ်။



အပြင်ကခုံလေးတွေမှာ ထိုင်ရိုက်တဲ့အခါမှာတော့ ဒီလိုလေး Pose ပေးရိုက်ကြည့်နော်။ Lightening ကောင်းလေ ပုံထွက်ပိုလှလေပါပဲ။


အအေးသောက်နေတဲ့ပုံလေးကို ရှေ့တည့်တည့်ကနေရိုက်ရတာ ရိုးတယ်ထင်ရင်တော့ Eisaya Hosuwan ရဲ့ ဒီ Pose လေးအတိုင်းသာ ရိုက်ကြည့်ပါ။


ကော်ဖီဆိုင်လေးတွေ၊ မုန့်ဆိုင်လေးတွေမှာ ရိုက်ဖို့အတွက် အသုံးဝင်မယ့် Pose လေးပါ။


ကြောင်ချစ်တဲ့ ကောင်မလေးတွေဆိုရင်တော့ ကြောင်လေးတွေနဲ့ ဒီလို Pose လေးတွေအတိုင်း လိုက်ရိုက်ကြည့်နော်။ အရမ်းချစ်ဖို့ကောင်းပြီး Sweet ဖြစ်ပါတယ်။



အိမ်ထဲမှာ အပင်လေးတွေစိုက်ထားရင် ဒီလိုလေးရိုက်လို့ရတယ်နော်။


ဓာတ်ပုံရိုက်ရင် ရယ်ပဲရယ်နေတတ်တယ်ဆိုတဲ့ ကောင်မလေးတွေအတွက် Pose Idea လေးပါ။


ဒီလို Pose လေးနဲ့လည်း ဓာတ်ပုံရိုက်ဖြစ်အောင် ရိုက်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။


Photo source:www.pinterest.com


#မင်းသမီး
#ဓာတ်ပုံ
#ကော်ဖီဆိုင်
#PoseIdea
#EisayaHosuwan

Some text some message..