မိန်းကလေးအဆိုအဖွဲ့သစ်ထွက်ပေါ်လာမယ့် နာမည်ကြီးကိုရီးယားအဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာမလေး
yoyarlay.com
|
2023-07-14

ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးရုပ်သံလိုင်း SBS က အဆိုနဲ့ပတ်သက်တဲ့ Universe Ticket ပရိုဂရမ်အသစ်ကို တင်ဆက်ပေးတော့မှာပါ။ Universe Ticket က ၂ နှစ်နဲ့ ၆ လကြာ F & F Entertainment ကနေ ပရိုမိုးရှင်းဆင်းပေးသွားမယ့် မိန်းကလေးအဆိုအဖွဲ့အတွက် ၈ ဦးကို ရွေးချယ်သွားမယ့် Survival Program တစ်ခုပါ။


ဒီပရိုဂရမ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြိုင်ပွဲဝင် ၄၁ ဦးထွက်ရှိလာပါပြီ။ အဲဒီ ၄၁ ဦးထဲမှာ မြန်မာမလေးပါဝင်ပါတယ်။ ၂၀၀၀ ခုနှစ်ဖွား မြန်မာမလေး နန်းဧကရီရွှေပါ။ ရီအယ်လ် (Riel) ဆိုတဲ့နာမည်နဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။


My Roommate Is A Gumiho ကိုရီးယားဇာတ်လမ်းတွဲမှာလည်း ကျောင်းသူတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သေးတယ်လို့ သိရပါတယ်။ သူ့အကြောင်းအသေးစိတ်ကိုတော့ မသိရသေးပါဘူး။ Universe Ticket ကလည်း ပြိုင်ပွဲဝင် ၄၁ ဦးရဲ့အသေးစိတ်အချက်အလက်ကို ထုတ်ပြမထားသေးပါဘူး။ @star_riel_ ကတော့ သူ့ရဲ့အင်စတာဂရမ်အကောင့်ပါ။ မြန်မာလူမျိုးဖြစ်တဲ့ ရီအယ်လ် ပါဝင်ယှဉ်ပြိုင်မှာဖြစ်တဲ့အတွက် သူ့ကို ဝန်းရံအားပေးကြပါဦး။


ရီအယ်လ်ရဲ့အကြောင်းထပ်ပြီးသိရတာနဲ့ ဖြည့်စွက်ဖော်ပြပေးပါမယ်‌နော်….။

Ref: New Girl Group Audition Show “Universe Ticket” Unveils First 41 Contestants

WL (ရိုးရာလေး)


#ကိုရီးယား
#သရုပ်ဆောင်
#မိန်းကလေး
#ပြိုင်ပွဲဝင်
#ပရိုဂရမ်

Some text some message..