တရုတ်နန်းတွင်းဇာတ်လမ်းကြိုက်သူတွေကြည့်သင့်တဲ့ Chinese ဒရာမာဇာတ်လမ်းတွဲများ
mystylemyanmar.com
|
2023-07-18

စိတ်ဝင်စရာကောင်းတဲ့ ရာဇဝင်တွေ ၊ ဖန်တီးမှုရှိတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရုပ်ရှင်ဖန်တီးမှုတွေကြောင့် တရုတ်နန်းတွင်းကားတွေက လူကြိုက်များတဲ့အမျိုးအစားထဲမှာ ပါဝင်ပါတယ် ။ သင်လည်း နန်းတွင်းကားကြည့်ရတာကြိုက်တဲ့သူဆိုရင် ဒီဇာတ်လမ်းတွဲတွေကို လက်မလွှတ်သင့်ပါဘူး။

A League of Nobleman


A League of Nobleman က 2023 ခုနှစ်မှာ ထွက်တဲ့ နောက်ဆုံးထွက် တရုတ်သမိုင်းဝင် ဒရာမာဇာတ်ကားပါ။ နိုင်ငံရဲ့စီရင်စုနယ်က ဆင်းရဲနွမ်းပါးပြီး မိဘမဲ့တစ်ဦးဖြစ်တဲ့ Zhang Ping ရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားတာပါ။

Love Like the Galaxy


Leo Wu နဲ့ Zhao Lu Si တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်လမ်းက အကောင်းဆုံး တရုတ်သမိုင်းဝင် ဒရာမာတွေထဲက တစ်ခုပါ။ အစုလိုက်အပြုံလိုက်သတ်ခံရတဲ့မိသားစုရဲ့ အတိတ်အကြောင်းကို ဖုံးကွယ်ထားပြီး အမှန်တရားကို ဖော်ထုတ်ဖို့ ကိုယ်ပိုင်တာဝန်ရှိတဲ့ Ling Bu Yi အကြောင်းရိုက်ထားတာပါ။

The Story of Ming Lan


The Story of Ming Lan က အချစ်သမိုင်းဝင် တရုတ်ဒရာမာဇာတ်လမ်းတွဲဖြစ်ပြီး မြောက်ပိုင်းဆောင်းမင်းဆက်အကြောင်း ပုံဖော်ထားတာပါ။ ဇာတ်လမ်းက ကိုယ်လုပ်တော်ဖွားအရာရှိတစ်ဦးရဲ့ (၆)ယောက်မြောက် သမီးတော် Sheng Ming Lan ကို ပုံဖော်ရိုက်ကူးထားတာပါ။

Nirvana in Fire


တရုတ်နိုင်ငံရဲ့ Sixth-Century က မိသားစုလိုက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကနေ လွတ်မြောက်ခဲ့တဲ့ Lin Shu အကြောင်းကို ရိုက်ကူးထားတာပါ။

My Uncanny Destiny


My Uncanny Destiny က 2023 ခုနှစ်မှာ ထွက်ရှိပြီး ရိုမန်းတစ်သမိုင်းဝင် တရုတ်ဒရာမာဇာတ်လမ်းတွဲပါ။ Mu မျိုးဆက်ပေါင်းများစွာတိုင်အောင် စစ်ပွဲဖြစ်ပွားနေကြတဲ့ Xi နဲ့ Xuanyue မြို့နှစ်မြို့ကတစ်ယောက်ကိုတစ်ယောက် အနိုင်ယူဖို့ အမြဲကြိုးစားနေကြတဲ့ မျိုးဆက်အကြောင်းကို ရိုက်ကူးထားတာပါ။

New Life Begins


အိမ်ထောင်ဘက်ရွေးချယ်တဲ့ပွဲမှာ အရွေးမခံရဘဲ ဇာတိမှာ သက်တောင့်သက်သာနေချင်တဲ့ Li Wei နဲ့ ခြောက်ယောက်မြောက်သခင် Yin Zheng တို့နှစ်ယောက် ဘဝသစ်တစ်ခုကိုထူထောင်ပြီး ကြုံလာတဲ့အခက်အခဲတွေကို ရင်ဆိုင်ရင်း အချင်းချင်း ဖြည့်စည်းပေးတဲ့အကြောင်း ရိုက်ကူးထားတဲ့ ဇတ်လမ်းပါ။ Happy Ending ဇာတ်လမ်းမလို့ လက်မလွှတ်သင့်တဲ့ဇာတ်လမ်းပါပဲ။


#ဇာတ်လမ်း
#သရုပ်ဆောင်
#TheUncannyCounter
#ChineseDrama
#NirvanainFire

Some text some message..