တေလာဆွစ်ဖ်ရဲ့ ဖျော်ဖြေပွဲကြောင့် ငလျင်လှုပ်သလို တုန်ခါမှုတွေ ဖြစ်ပေါ်ခဲ့
yoyarlay.com
|
2023-07-30

တေလာဆွစ်ဖ်ရဲ့ ဆီယက်တယ်ဖျော်ဖြေပွဲကြောင့် ပြင်းအား ၂.၃ မဂ္ဂနီကျူ့စ်ငလျင်နဲ့ ညီမျှတဲ့ တုန်ခါမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ မြေငလျင် ပညာရှင်တစ်ဦးက ဆိုပါတယ်။

တေလာဆွစ်ဖ်ဟာ Eras tour ဂီတဖျော်ဖြေပွဲ တစ်စိတ်တစ်ပိုင်းအဖြစ် ဇူလိုင်လ ၂၂ ရက်၊ ၂၃ ရက် ၂ ရက်ဆက်တိုက် လူမန်ဘက်စုံသုံး အားကစားကွင်းမှာ ဖျော်ဖြေပွဲ ကျင်းပခဲ့ပြီး သူ့ရဲ့ပရိသတ်တွေ ခုန်ပေါက်မှု ဒါမှမဟုတ် အသံစနစ်ကြောင့် တုန်ခါမှုဖြစ်ခဲ့တာလို့ မြေငလျင် ပညာရှင် အူယာဘက်ချ်က ဆိုပါတယ်။

အဲဒီဂီတဖျော်ဖြေပွဲမှာ ပရိသတ် ၁၄၄၀၀၀ လာရောက်အားပေးခဲ့ကြပြီး ဆီယက်တယ်မြို့မှာ ပရိသတ်အားပေးမှုအများဆုံး ဖျော်ဖြေရေးအစီအစဉ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Ref: Taylor Swift Seattle concert generates seismic activity

NZ ( ရိုးရာလေး)


#ပရိသတ်
#ဖျော်ဖြေရေး
#တေလာဆွစ်ဖ်
#ငလျင်
#အစီအစဉ်

Some text some message..