
G Dragon ဟာမကြာသေးခင်က ရဲစခန်းကို ကိုယ်တိုင်လာရောက်အစစ်ဆေးခံခဲ့ပြီးတော့ ဆေးစစ်မှုမှာလည်း Negative အဖြေထွက်ခဲ့ပါတယ်။ အင်တာဗျုးမှာလည်း ရဲတွေနှင့်အတူပူးပေါင်းပြီး စွပ်စွဲခံရသမျှကိုအမြန်ဆုံးချေဖျက်သွားမှာဖြစ်ကြောင်းပြောခဲ့တာပါ။

ဒီနေ့ထွက်လာတဲ့သတင်းတွေအရ ရဲတွေဟာ GD ရဲ့ဆေးစစ်မှုရလာဒ်အပေါ်မကျေနပ်သေးဘဲ ခန္တာကိုယ်အမွှေးတွေကိုပါစစ်ဆေးဖို့ ကြိုးစားနေကြတယ်လို့သိရပါတယ်။ သတင်းဌာနရဲ့ရေးသားချက်အရ ရဲတွေအနေနှင့် GD ကိုထပ်ပြီးစစ်ဆေးဖို့အခွင့်အရေးရှာနေကြကြောင်း ဖော်ပြလာတာပါ။

ဒီသတင်းထွက်လာပြီးနောက်ပိုင်းမှာ ပြည်သူလူထုဟာ GD ဖက်ကနေပြီးတော့ ရဲတွေကိုဝေဖန်ခဲ့ကြပါတယ်။ GD ဟာသူကိုယ်တိုင်ရဲစခန်းကိုလာရောက်ပူးပေါင်းခဲ့တဲ့အပြင် စစ်ဆေးမှုတွေမှာလည်းပူးပေါင်းခဲ့သူပါ။ ဒါကိုတောင်မှ ရဲတွေဟာထပ်ပြီးစုံစမ်းနေချင်ကြသေးတာဟာ မရှိတဲ့အပြစ်ကိုကြံဖန်ပြီးဖန်တီးချင်နေကြလို့လားဆိုပြီး ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။