ဘောလုံးသမား လီဂန်အင်နှင့် အိုင်ဒေါအဖွဲ့ဝင်ဟောင်း နာအွန်းတို့ရဲ့ ဒိတ်တင်းသတင်း
mmload.com
|
2024-01-02

တောင်ကိုးရီးယားနာမည်ကျော်ဘောလုံးသမား လီဂန်အင်နှင့် Girl Group April အဖွဲ့ဝင်ဟောင်း မင်းသမီးနာအွန်းတို့ဟာ တွဲနေကြကြောင်း The Fact ကနေဓာတ်ပုံတွေနှင့်တကွ တင်ပြလာခဲ့ပါတယ်။  သတင်းဌာနရဲ့ဖော်ပြချက်မှာ နာအွန်းဟာ လီဂန်အင်တို့တည်းခိုနေတဲ့ ဟိုတယ်အတွင်းဝင်ရောက်သွားတဲ့ပုံနှင့် နာအွန်းရဲ့အိမ်ကနေ လီဂါအင်နှင့်အတူတူတွဲထွက်လာတဲ့ပုံတွေပါ တင်လာခဲ့တာပါ။


ဒီသတင်းနှင့်ပတ်သက်ပြီး နာအွန်းရဲ့အေဂျင်စီကတော့ သူတို့နှစ်ယောက်ဟာသူငယ်ချင်းမိတ်ဆွေတွေသာဖြစ်ပြီး ဟိုတယ်မှာတွေ့တာကလည်း လီဂန်အင်ကိုလက်မှတ်တောင်းဖို့အတွက် သွားတွေ့ရုံသာဖြစ်တယ်လို့ ပြန်ဖြေရှင်းထားပါတယ်။


လီဂန်အင်ရဲ့အေဂျင်စီဖက်ကတော့ ဒီသတင်းနှင့်ပတ်သက်ပြီးတစ်စုံတစ်ရာဖြေရှင်းချက်ထုတ်ပြန်ခြင်းမရှိခဲ့ပါဘူး။ ပရိတ်သတ်တွေအများစုကတော့ လက်မှတ်တောင်းရုံသက်သက်မဟုတ်ဘဲ နှစ်ယောက်သားတွဲနေတဲ့သတင်းဟာ အမှန်ဖြစ်နေနိုင်တယ်ဆိုပြီး ယူဆနေကြပါတယ်။



#အေဂျင်စီ
#အဖွဲ့ဝင်
#သတင်း
#လီဂန်အင်
#နာအွန်း

Some text some message..