
မင်းသမီးဟန်ဆိုဟီးဟာ မကြာသေးကဟာဝိုင်အီမှာမင်းသားရူဂျွန်ယောလ်နှင့်ဒိတ်နေတယ်ဆိုပြီးသတင်းထွက်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မင်းသားရဲ့ချစ်သူဟောင်းဖြစ်တဲ့မင်းသမီးဟယ်ရီရဲ့ အင်စတာဂရမ်စတိုရီကြောင့် ပြဿနာတွေစတင်ခဲ့ပြီး ဟန်ဆိုဟီးတို့ဆက်ဆံရေးကိုဖောက်ပြန်တဲ့သူတွေအဖြစ် ဝေဖန်ခဲ့ကြပါတယ်။

ပြင်းထန်တဲ့ဝေဖန်မှုနောက်ဆက်တွဲတွေမှာတော့ သတင်းဌာနတွေကနေပြီး ဟန်ဆိုဟီးတို့ဟာဖောက်ပြန်တာမဟုတ်ကြောင်း ပြတ်ပြီးမှသာတွဲကြတာဖြစ်ကြောင်းအတည်ပြုပေးခဲ့ပါတယ်။ ဒါပေမဲ့ ကိစ္စဟာကြီးမားလွန်းသွားတာကြောင့် ဟန်ဆိုဟီးဟာ အောင်မြင်နေတဲ့သူ့ရဲ့မင်းသမီးဘဝကို စတင်ထိခိုက်ခံခဲ့ရပါတယ်။ ပထမဆုံးအနေနှင့် မင်းသမီးနှင့်လေးနှစ်ကြာလက်တွဲခဲ့တဲ့ ဘဏ်တစ်ခုကနေပြီး မင်းသမီးနှင့်စာချုပ်ကိုအဆုံးသတ်လိုက်တော့မှာဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

မရှေးမနှောင်းမှာပဲ ဆိုဂျုဘရန်းတစ်ခုကလည်း မင်းသမီးနှင့်စာချုပ်သက်တမ်းရပ်သွားမှာဖြစ်ကြောင်းကြေညာလိုက်ပါတယ်။ မင်းသမီးဟာ အလုပ်တွေအများစုကို ဒီဒိတ်တင်းသတင်းကြောင့် ဆုံးရှုံးနေရပြီဖြစ်ပါတယ်။ တစ်ခြားဘယ်ဘရန်းတွေက စာချုပ်ကိုရပ်ဆိုင်းလာအုံးမလဲဆိုတာကိုတော့ မသိရသေးပါဘူး။