
BlackPink အဖွဲ့ဟာ တောင်ကိုးရီးယားနိုင်ငံရဲ့နာမည်အကြီးဆုံးမိန်းကလေးအိုင်ဒေါအဖွဲ့တစ်ခုဖြစ်ပါတယ်။ နိုင်ငံရဲ့ ဂုဏ်ဆောင်အဖွဲ့ဖြစ်တာကြောင့် အင်ချွန်းနိုင်ငံတကာလေဆိပ်မှာ Welcome to Korea ဆိုတဲ့စာတန်းနှင့် PR ambassadors အဖြစ် ၂၀၁၇ ကတည်းကရပ်တည်နေခဲ့တာဖြစ်ပါတယ်။ ၇ နှစ်အကြာမှာတော့ BlackPink အဖွဲ့ဟာ ကိုယ်စားလှယ်ရာထူးကို နောက်မျိုးဆက်သစ်အဖွဲ့ဖြစ်တဲ့ New Jeans ကိုပေးခဲ့ရတာဖြစ်ပါတယ်။

New Jeans အဖွဲ့ဟာ လက်ရှိအချိန် လူကြိုက်အများဆုံးနှင့် ထွက်သမျှသီချင်းအပေါက်ဆုံးလို့ဆိုနိုင်တဲ့အဖွဲ့ဖြစ်ပါတယ်။ ပွဲဦးထွက်အစမှာတင် အောင်မြင်မှုအကြီးစားတွေကိုပိုင်ဆိုင်နိုင်ခဲ့ပြီးတော့ Rookie Monster လို့တင်စားကြခံရတဲ့အပြင် ပြည်တွင်းပြည်ပပရိတ်သတ်အခိုင်အမာရှိတဲံအဖွဲ့ဖြစ်ပါတယ်။

အခုဆိုရင် အင်ချွန်းလေဆိပ်မှာ New Jeans အဖွဲ့ရဲ့တောင်ကိုးရီးယားရိုးရာဝတ်စုံတွေနှင့်ပုံတွေဟာ နေရာယူနေပြီဖြစ်ပါတယ်။ ဒီကိုယ်စားလှယ်နေရာဟာ ၇ နှစ်တစ်ခါပြောင်းလဲတာဖြစ်ပြီးတော့ BlackPink အဖွဲ့မတိုင်ခင် Girl Generation အဖွဲ့ကနေပြီးတော့ စတင်ခဲ့တဲ့ ပြောင်းလဲမှုဖစ်ပါတယ်။