ပြိုင်ဆိုင်မှုတွေပြင်းထန်လာမယ်လို့ယူဆနေကြတဲ့ BabyMonster နှင့် I-LLIT
mmload.com
|
2024-04-07

5 Generation Girl Group တွေဖြစ်ကြတဲ့ BabyMonster နှင့် I-LLIT တို့ဟာကေပေါ့ရဲ့ခေတ်အသစ်ကိုဖွင့်လှစ်ပေးတဲ့အဖွဲ့တွေဖြစ်လာမယ်လို့ ပရိတ်သတ်တွေကမျှော်လင့်နေကြပါတယ်။ Baby Monster အဖွဲ့ဟာနာမည်ကြီးအဖွဲ့ဖြစ်တဲ့ BlackPink အဖွဲ့ရဲ့ဂျုနီယာဖြစ်တဲ့အပြင် ခက်ခဲတဲ့ ပြိုင်ပွဲမှာပါဝင်ယှဥ်ပြိုင်ရင်း အခုလိုပွဲဦးထွက်လာနိုင်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။


YG လက်အောက်ကနေပွဲဦးထွက်လာတာကြောင့် Hip Hop အငွေ့အသက်အပြည့်ရှိပြီးတော့ စီနီယာအဖွဲ့တွေလိုပဲ အရည်အချင်းပိုင်းကောင်းမွန်စွာနှင့်ပွဲဦးထွက်လာခဲ့တာပါ။ ဒါ့အပြင် ပွဲဦးထွက်သီချင်းတွေဟာလည်း ကောင်းမွန်တဲ့ပေါင်းစပ်မှုဖြစ်တာကြောင့် ပွဲဦးထွက်ကတည်းက လူထုအာရုံစိုက်မှုကိုအပြည့်အဝရခဲ့တဲ့အဖွဲ့ပါ။ 


 I-LLIT ကတော့ Hybe လက်အောက်ခံအဖွဲ့ဖြစ်ပြီးတော့ R U Next? ဆိုတဲ့ပြိုင်ပွဲကနေပွဲဦးထွက်ခွင့်ရခဲ့တဲ့အဖွဲ့ပါ။ သူတို့ဟာလည်း စီနီယာဖြစ်တဲ့ NewJeans နှင့်ပုံစံတူ Y2K ပုံစံမျိုးနှင့် ပွဲဦးထွက်လာတာဖြစ်ပြီးတော့ ပွဲဦးထွက်သီချင်းဖြစ်တဲ့  Magnetic နှင့်တင်ပရိတ်သတ်တွေအများကြီး ပိုင်ဆိုင်နေရတဲ့သူတွေဖြစ်ပါတယ်။ 



#ပရိတ်သတ်
#သီချင်း
#နာမည်ကြီး
#အရည်အချင်း
#နာမည်

Some text some message..