HYBE နှင့် Min Hee Jin တို့ကြားကပြဿနာတွေမှာနာမည်ဖော်ပြခံရတဲ့ ကေပေါ့အဖွဲ့ဆယ်ဖွဲ့
mmload.com
|
2024-05-13

1. NewJeans
ပြဿနာရဲ့အစလို့တောင်ပြောနိုင်တဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒီအဖွဲ့ကိုပိုင်ဆိုင်ခွင့်ရဖို့အတွက် ရည်ရွယ်ပြီးတော့ အခုလိုမျိုး ပြဿနာတွေစတင်လာခဲ့ကြတာပါ။ 


2. TWS
ဒီအဖွဲ့ဟာ New Jeans ကိုကော်ပီကူးထားတယ်ဆိုပြီးမင်ဟီဂျင်းကနေ စွပ်စွဲထားတဲ့အဖွဲ့တွေထဲက တစ်ဖွဲ့ပါ။ 


3. RIIZE
ဒီအဖွဲ့ဟာလည်း New Jeans လိုမျိုးပုံစံတူလိုက်လုပ်တယ်ဆိုပြီး စွပ်စွဲခံထားရတဲ့အဖွဲ့ဖြစ်ပါတယ်။ 


4. FIFTY FIFTY
တရားရင်ဆိုင်မှုလုပ်ခဲ့တာကိုနမူနာယူပြီးပြောတုန်းက ဒီအဖွဲ့ကိုလည်းထည့်သွင်းပြီးပြောခဲ့တာဖြစ်ပါတယ်။ 


5. ILLIT
ဒီအဖွဲ့ကတော့ New Jeans နှင့်တစ်ပုံစံတည်းလိုက်လုပ်နေတဲ့အပြင် အကုန်လုံးလိုက်ကူးချနေတယ်ဆိုပြီး စွပ်စွဲခံလိုက်ရတဲ့အဖွဲ့ပဲဖြစ်ပါတယ်။


6. LE SSERAFIM
ပြဿနာတွေရဲ့အစဖြစ်တဲ့ ပွဲဦးထွက်အချိန်ကိုပြောတဲ့အချိန် ဒီအဖွဲ့လည်းပါဝင်လာခဲ့တာပါ။ 


7. GFRIEND
ဒီအဖွဲ့ကတော့ မအောင်မြင်တော့ဘူးလို့သတ်မှတ်ခံရတာကြောင့် ဖျက်သိမ်းခံလိုက်ရတဲ့အဖွဲ့ဖြစ်ကြောင်း အင်တာဗျုးတွေကနေတစ်ဆင့်ပါလာတာပါ။ 


8. BTS
အဖွဲ့ရဲ့စစ်မှုထမ်းကိစ္စတွေအပြင် တစ်ခြားအကြောင်းအရာတွေပါ ပါဝင်လာတာဖြစ်ပါတယ်။ 


9. aespa
ဒီအဖွဲ့ကတော့ hybe CEO ကိုယ်တိုင်ကျော်ချင်တဲ့အဖွဲ့အဖြစ် ပြဿနာတွေရဲ့အစမှာ ဖော်ပြခံရတဲ့အဖွဲ့ဖြစ်ပါတယ်။ 


10. IVE
ဒီအဖွဲ့ဟာလည်း HYBE CEO ဖော်ပြတာကိုတိုက်ရိုက်ခံခဲ့ရတဲ့အဖွဲ့ဖြစ်ပါတယ်။ 



#နမူနာ
#BTS
#LESSERAFIM
#NewJeans
#Jeans

Some text some message..