အမေရိကန်ဒေါ်လာ ၃၈.၄ သန်းကျော်တန်ဖိုးရှိတဲ့ ချောင်ယွန်ဖက်ရဲ့အိမ်ကြီးက ခရီးသွားဧည့်သည်တွေ စိတ်ဝင်စားစရာနေရာဖြစ်လာ
yoyarlay.com
|
2024-06-10

လူမှုကွန်ယက်အသုံးပြုသူတစ်ဦးက ဟောင်ကောင်ရုပ်ရှင်အကျော်အမော် မင်းသားကြီး ချောင်ယွန်ဖက်ရဲ့အိမ်ကြီးအကြောင်း ဗီဒီယိုတစ်ခုတင်ခဲ့ပြီးတဲ့နောက် အခုဆို Kowloon ဒေသမှာ ရှိတဲ့ အဲ့ဒီအိမ်ကြီးက ခရီးသွားဧည့်သည်တွေ လာရောက်ကြည့်ရှုရာနေရာဖြစ်နေပါပြီ။


အသက် ၆၉ နှစ် ရှိပြီးဖြစ်တဲ့ မင်းသားကြီးချောင်နဲ့ သူ့ဇနီးဖြစ်သူ ဂျက်စမင် တန်တို့မှာ ဟောင်ကောင်ရှိ နေရာအနှံ့အပြားမှာ အိမ်ရာအများအပြားပိုင်ဆိုင်ထားတာပါ။ Kowloon မှာရှိတဲ့ အဲ့ဒီအိမ်ကြီးက သူတို့စုံတွဲရဲ့အဓိကနေထိုင်ရာနေရာအဖြစ် တည်ရှိနေတာပါ။ အဲ့ဒီအိမ်ကြီးကို ၁၉၉၀ ပြည့်နှစ်မှာ အမေရိကန်ဒေါ်လာ ၁.၈ သန်းကျော်နဲ့ ဝယ်ယူခဲ့ပြီး အခုဆို အမေရိကန်ဒေါ်လာ ၃၈.၄ သန်းကျော်တန်ဖိုးရှိနေပါပြီ။

ဗီဒီယိုထဲမှာ လူမှုကွန်ယက်အသုံးပြုသူက Kowloon ဒေသက နာမည်ကြီးပုဂ္ဂိုလ်တွေရဲ့နေအိမ်တွေတည်ရှိရာနေရာဖြစ်တယ်လို့ ဆိုပါတယ်။ ချောင်ယွန်ဖက်နဲ့ ဂျက်စမင်တို့မှာ သားသမီးမရှိတဲ့အတွက် သူတို့သေဆုံးသွားခဲ့ရင် သူတို့ရဲ့ချမ်းသာကြွယ်ဝမှုတွေကို ပရဟိတအဖွဲ့အစည်းတွေဆီ လှူဒါန်းသွားမှာဖြစ်ပါတယ်။

Ref: Chow Yun Fat’s S$52Mil HK Mansion Becomes Latest Tourist Hotspot

WL (ရိုးရာလေး)


#မင်းသား
#အမေရိကန်
#လူမှုကွန်ယက်
#ချောင်ယွန်ဖက်
#ဟောင်ကောင်

Some text some message..