Tik Tok အကောင့်တရားဝင်ဖွင့်လိုက်ပြီဖြစ်တဲ့ BlackPink Lisa
mmload.com
|
2024-06-13

BlackPink အဖွဲ့ဝင်ဖြစ်တဲ့ Lisa ဟာလက်ရှိအချိန်မှာ တစ်ကိုယ်တော်အလုပ်တွေကိုဦးစားပေးလုပ်ဆောင်နေတာဖြစ်ပါတယ်။ အဖွဲ့ဝင်တွေဟာ တစ်ကိုယ်တော်ကုမ္မဏီတွေကိုယ်စီတည်ထောင်ပြီးနောက်မှာ အခုလိုမျိုးတစ်ကိုယ်တော်အလုပ်တွေကိုပိုအာရုံစိုက်လာကြပြီး ဆိုလိုအယ်လ်ဘမ်တွေအသီးသီးထွက်လာဖို့အလုပ်ကြိုးစားနေကြတာဖြစ်ပါတယ်။ Jennie နှင့် Lisa ကလည်းတစ်ကိုယ်တော်အယ်လ်ဘမ်အတွက်လုပ်ဆောင်နေကြောင်း တရားဝင်ပြောခဲ့ကြသလို Rose ကလည်း အလုပ်အသစ်တွေလုပ်နေကြောင်းပြောထားတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Jisoo ကတော့ ဒရာမာကားတစ်ကားနှင့် ရုပ်ရှင်တစ်ခုကိုရိုက်ကူးနေဆဲဖြစ်တာကြောင့် အဖွဲ့ဝင်တွေဟာကိုယ်ပိုင်အလုပ်တွေနှင့်အတော်လေးရှုပ်နေကြတာဖြစ်ပါတယ်။


ဒီလိုအချိန်မှာ လီဆာဟာသူ့ကိုယ်ပိုင် Tik Tok Acc တစ်ခုကိုတရားဝင်ဖွင့်လိုက်တာဖြစ်ပါတယ်။ အကောင့်ကို Private လုပ်ထားတာကြောင့် Follower သုညပဲဖြစ်နေသေးပေမဲ့ Blue Mark ရှိတဲ့အပြင် လီဆာရဲ့ကိုယ်ပိုင်သီချင်းတွေနှင့်ပါချိတ်ဆက်ထားတာကြောင့် အကောင့်အစစ်ဖြစ်ကြောင်းသိသာနေတာဖြစ်ပါတယ်။ ဒီလိုဖွင့်လိုက်တာကိုကြည့်ခြင်းအားဖြင့် လီဆာဟာမကြာခင်မှာပဲ တစ်ကိုယ်တော်အယ်လ်ဘမ်ထုတ်ဝေပြီးတော့ လှုပ်ရှားမှုတွေလုပ်ဆောင်တော့မှာဖြစ်တယ်လို့ယူဆနိုင်ပါတယ်။ 



#သီချင်း
#ရုပ်ရှင်
#Lisa
#အယ်လ်ဘမ်
#တစ်ကိုယ်တော်

Some text some message..