Aespa နှင့် New Jeans တို့ကြားကချစ်ဖို့ကောင်းတဲ့ ဆက်ဆံမှုလေးများ
mmload.com
|
2024-06-13

မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ HYBE နှင့်မင်းဟီးဂျင်ပြဿနာတွေထဲမှာပါဝင်ခဲ့ရတဲ့ New Jeans နှင့် Aespa တို့ဟာ ပြိုင်ဆိုင်နေတဲ့အဖွဲ့တွေအဖြစ်လူသိများသွားခဲ့တာဖြစ်ပါတယ်။ HYBE ဟာ New Jeans အဖွဲ့ကို Aespa အဖွဲ့ကိုကျော်တက်ဖို့ရည်ရွယ်ချက်နှင့်ဖန်တီးချင်နေခဲ့တာပါ။ အုပ်ချုပ်သူကုမ္မဏီတွေဖက်ကနေပြီး အခုလိုအငြင်းပွားမှုတွေရှိနေပေမဲ့ အနုပညာရှင်တွေကတော့ အချင်းချင်းချစ်စရာကောင်းတဲ့ဆက်ဆံရေးလေးတွေရှိနေကြတာဖြစ်ပါတယ်။ 


New Jeans အဖွဲ့ဝင်နှစ်ယောက်ဟာ Aespa ရဲ့ကုမ္မဏီကိုအလည်သွားပြီးတော့ အကချဲလန့်တစ်ခုအတူရိုက်ကူးခဲ့ကြသလို Aespa အဖွဲ့ဝင်နှစ်ယောက်ကလည်း HYBE ကိုအလည်သွားပြီးချဲလန့်ရိုက်ကူးခဲ့ကြတာဖြစ်ပါတယ်။ ဒါ့အပြင် Karina က New Jeans အဖွဲ့ဝင်  Minji ကိုသူတို့အယ်လ်ဘမ်ရဲ့ စတစ်ကာလေးတွေပေးပြီး HYBE နေရာအနှံ့မှာကပ်ဖို့မစ်ရှင်လေးပေးခဲ့တယ်လို့ဆိုပါတယ်။


မင်ဂျီကလည်း မန်နေဂျာဖြစ်သူကမကပ်ဖို့ပြောပေမဲ့ ကုမ္မဏီတွင်းကနေရာတွေမှာ စတစ်ကာတွေလိုက်ကပ်ခဲ့ကြောင်း ပရိတ်သတ်တွေကိုပြောပြလာခဲ့ပါတယ်။ ကရီနာကလည်းသူ့ရဲ့ပရိတ်သတ်တွေနှင့်ဆက်သွယ်တဲ့ပလက်ဖောင်းကနေတစ်ဆင့် မင်ဂျီကမစ်ရှင်ကိုပြီးမြောက်ကြောင်းတွေတင်လာခဲ့တာဖြစ်ပါတယ်။ အဖွဲ့နှစ်ဖွဲ့ရဲ့အခုလိုချစ်ဖို့ကောင်းတဲ့အနေအထားနှင့်ဆက်ဆံရေးကိုနှစ်ဖက်ပရိတ်သတ်တွေကအတော်လေးသဘောကျနေကြတာဖြစ်ပါတယ်။


#ပရိတ်သတ်
#အနုပညာရှင်
#NewJeans
#Aespa
#အနုပညာ

Some text some message..