အထူးသဖြင့် သူမပါဝင်သရုပ်ဆောင်ခဲ့တဲ့ A Love So Beautiful ထဲက ဇာတ်ဝင်တေးဆိုရင် ကမ္ဘာတစ်ဝှမ်းမှာ တော်တော်လေး လူကြိုက်များခဲ့ပြီး တရုတ်လိုကနေ ဘာသာတွေပြန်ပြီးတော့တောင် သီဆိုကြတဲ့အထိပါပဲ။
သရုပ်ဆောင်အလုပ်ကိုတော့ ၂၀၁၇ ခုနှစ်က Autumn Harvest Uprising ဆိုတဲ့ တီဗီစီးရီးနဲ့ စတင်ခဲ့ပြီး A Love So Beautiful ဒရမ်မာမှာ Hu Yitian နဲ့အတူ တွဲဖက်ပြီး ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်ခွင့်ရရှိခဲ့ပါတယ်။
ဒီဇာတ်ကားနဲ့ပဲ တော်တော်လေးအောင်မြင်မှုရရှိခဲ့ပြီးတော့ Meteor Garden (2018), Count Your Lucky Stars (2020), Use for My Talent (2021) and Mr. Bad (2022) တို့မှာလည်း သရုပ်ဆောင်ထားပါတယ်။