Foreigner နဲ့လက်ထပ်ခဲ့တဲ့ Korean Celebrities 10 ယောက်
mystylemyanmar.com
|
2024-07-02

နာမည်ကြီးတဲ့ အနုပညာရှင်အချင်းချင်း လက်ထပ်ကြတာ၊ Non-celebrities တွေနဲ့ လက်ထပ်ကြတာက အနုပညာရှင်တွေအတွက် အဆန်းတော့မဟုတ်ပါဘူး။ ဒါပေမယ့် Foreigner နဲ့လက်ထပ်ခဲ့တဲ့ Korean Celebrities တွေက အနည်းစုပဲရှိပါတယ်။ အဲ့ထဲကမှ နာမည်ကြီး Korean Celebrities 10 ယောက်ကို ဖော်ပြပေးလိုက်ပါတယ်။

1. Kim Tae Yong


Kim Tae Yong က South Korean Director ဖြစ်သလို ဇာတ်ညွှန်းရေးဆရာလည်း ဖြစ်ပါတယ်။ သူက တရုတ်မင်းသမီး Tang Wei နဲ့ လက်ထပ်ထားတာ ဖြစ်ပါတယ်။

2. Jeong Jun Ha



Jeong Jun Ha က Infinite Challenge ရဲ့ သရုပ်ဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး နာမည်ကြီးကျော်ကြားတဲ့ ဟာသသရုပ်ဆောင် ဖြစ်ပါတယ်။ သူ့ရဲ့ဇနီးဖြစ်သူ Nina Yagi ဟာဆိုရင် Japanese Flight Attendant တစ်ဦးဖြစ်ပါတယ်။

3. Shin Joo Ah


Shin Joo Ah က South Korean Actress ဖြစ်ပြီး သူမက ထိုင်းစီးပွားရေးသမားတစ်ဦးဖြစ်တဲ့ Saraut Rachanacun နဲ့ လက်ထပ်ခဲ့ပါတယ်။

4. Park Joo Ho


Park Joo Ho ကတော့ တောင်ကိုရီးယား ဘောလုံးကစားသမားတစ်ဦး ဖြစ်ပါသည်။ The Return of Superman အစီအစဉ်မှာလည်းပါတာကြောင့် လူသိများပါတယ်။ ဆွဇ်ဇာလန်ဘောလုံးကလပ်တစ်ခုဖြစ်တဲ့ FC Basel အသင်းမှာကစားနေစဉ် ဇနီးဖြစ်သူ Anna နဲ့တွေ့ဆုံခဲ့ပါတယ်။ Anna က ဆွစ်ဇာလန်သူဖြစ်ပါတယ်။

5. Chae Rim


Chae Rim က South Korean Actress ဖြစ်ပါတယ်။ 2014 မှာတော့ သူမက တရုတ်မင်းသား Gao Ziqi နဲ့ လက်ထပ်ခဲ့ပါတယ်။

6. Choi Soo Jong


Choi Soo Jong က Ha Hee Ra နဲ့ You Know What? It’s a Secret ဆိုတဲ့ Drama မှာ အတူတွဲသရုပ်ဆောင်ပြီး 3 နှစ်အကြာမှာတော့ လက်ထပ်ခဲ့ပါတယ်။ Ha Hee Ra ရဲ့ဖခင်ဖြစ်သူက Taiwanese ဖြစ်ပြီး မိခင်ဖြစ်သူကတော့ Korean ပါ။ သူမက Seoul မှာမွေးပေမယ့် တောင်ကိုရီးယားနိုင်ငံသား မဟုတ်ခဲ့ပဲ နိုင်ငံခြားသားအဖြစ်နဲ့ နေထိုင်ခဲ့ရပြီး Choi Soo Jong နဲ့ လက်ထပ်ပြီး သိပ်မကြာခင်မှာပဲ တောင်ကိုရီးယား နိုင်ငံသားဖြစ်ခွင့်ရခဲ့ပါတယ်။

7. Ham So Won


Ham So Won က South Korean Actress ဖြစ်ပြီး သူမရဲ့ ခင်ပွန်းဖြစ်သူ Jin Hua ကတော့ တရုတ်ဖြစ်ပြီး Idol Trainee လည်းဖြစ်ခဲ့ပါတယ်။

8. Choo Ja Hyun


Choo Ja Hyun ကလည်း South Korean Actress ဖြစ်ပါတယ်။ သူမက Chinese အဆိုတော်နဲ့သရုပ်ဆောင်ဖြစ်သူ Yu Xiaoguang နဲ့ 2017 မှာ လက်ထပ်ခဲ့ပါတယ်။

9. Kim Jung Min


Kim Jung Min က South Korean အဆိုတော်လည်းဖြစ်သလို သရုပ်ဆောင်လည်း ဖြစ်ပါတယ်။ သူက Japanese အဆိုတော်ဟောင်း Rumiko Tani နဲ့ လက်ထပ်ထားပါတယ်။

10. Song Joong Ki


Song Joong Ki ကတော့ Korean ရဲ့ အကျော်ကြားဆုံး သရုပ်ဆောင်တွေထဲက တစ်ယောက် ဖြစ်ပါတယ်။ တစ်ဦးဖြစ်သည်။ 2023, January 30 မှာတော့ British မင်းသမီး Katy Louise Saunders နဲ့ လက်ထပ်ကြောင်း ကြေငြာခဲ့ပါတယ်။


#ကိုရီးယား
#မင်းသမီး
#သရုပ်ဆောင်
#တရုတ်
#SongJoongKi

Some text some message..