အတော်လေးချမ်းသာကြွယ်ဝတဲ့နောက်ခံရှိနေတဲ့ (G)I-DLE အဖွဲ့ဝင် Minnie
mmload.com
|
2024-07-12

G)I-DLE အဖွဲ့ရဲ့  ထိုင်းလူမျိုးအဖွဲ့ဝင်ဖြစ်တဲ့ Minnie ဟာမကြာသေးခင်တုန်းကရှိုးတစ်ခုမှာသူ့ရဲ့ အံ့ဩစရာကောင်းတဲ့မိသားစုနောက်ခံကိုဖော်ပြခဲ့တာဖြစ်ပါတယ်။ Minnie ဟာအရင်ကတည်းက ချမ်းသာတဲ့မိသားစုကနေဆင်းသက်လာတယ်ဆိုတာကို ပရိတ်သတ်တွေကသိထားကြပြီးသားဖြစ်ပါတယ်။ သူမဟာ ထိုင်းနိုင်ငံကအိမ်မှာ ကိုယ်ပိုင် Gym တစ်ခုသီးသန့်ရှိထားတဲ့အပြင် အိမ်ဟာထိုင်းနိုင်ငံရဲ့မြေတန်ဖိုးမြင့်တဲ့နေရာမှာရှိနေတာဖြစ်ပါတယ်။


ဒါ့အပြင် Minnie  ရဲ့မိဘအသိုင်းအဝိုင်းဟာအတော်လေးချမ်းသာကြွယ်ဝတဲ့မိသားစုတွေဖြစ်ကြပါတယ်။ သူ့ရဲ့အဖိုးအဖွားတွေဟာ ထိုင်းနိုင်ငံအတွင်းကနာမည်ကြီးဟိုတယ်တစ်ခုရဲ့ပိုင်ရှင်တွေဖြစ်ကြပါတယ်။ ဒါ့အပြင် သူ့အဒေါ်ဟာဆိုရင် ထိုင်းနိုင်ငံတောင်ပိုင်းဘုရင်မျိုးနွယ်စုတစ်ခုရဲ့မျိုးရိုးလည်းဖြစ်ပါတယ်။ 


Minnie ရဲ့အဖေဖြစ်သူဟာလည်း ထိုင်းနိုင်ငံရဲ့နာမည်ကြီးဘဏ်တစ်ခုမှာအလုပ်လုပ်ခဲ့ပြီးတော့ အခုဆိုရင်ထိုင်းနိုင်ငံ YMCA ရဲ့ဥက္ကဌအဖြစ် တာဝန်ယူနေတာဖြစ်ပါတယ်။ အမှန်တော့ Minnie  ရဲ့ချမ်းသာတဲ့နောက်ခံအသိုင်းအဝိုင်းဟာ အရင်ကတည်းက TMI ဆိုတဲ့ရှိုးတစ်ခုမှာဖော်ထုတ်ပြသထားပြီးသားဖြစ်ပါတယ်။ 


#ပရိတ်သတ်
#အဖွဲ့ဝင်
#နာမည်ကြီး
#(G)I-DLE
#Minnie

Some text some message..