LadyBoy ရုပ်ရှင်အထူးပြပွဲကိုအကြမ်းစားဖက်ရှင်ဝတ်ပြီး တက်ရောက်လာတဲ့ မော်ဒယ်နန်းမွေစံ
popolay.com
|
2019-06-04

အနုပညာလောကထဲမှာ Sexy model တစ်ဦးအဖြစ်အောင်မြင်မှုတွေကိုရရှိပိုင်ဆိုင်ထားတဲ့ မော်ဒယ် နန်းမွေစံဟာဆိုရင် ပညာအရည်အချင်းပိုင်းမှာလည်း ထူးချွန်ထက်မြတ်တဲ့ ဆရာဝန်မတစ်ဦးဖြစ်သလို သူမရဲ့ထူးခြားလှပတဲ့ ဆွဲမက်ဖွယ်ကောက်ကြောင်းအလှကြောင့် Sexy Model လောကထဲမှာပါ နာမည်ကြီးထင်ရှားနေတာဖြစ်ပါတယ်။




ပညာရေးပိုင်းမှာ ထူးချွန်အောင်မြင်တဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပေမယ့် Sexy model လောကထဲကို ခြေစုံပစ်ဝင်ကာ သူမဝါသနာပါရာလမ်းကြောင်းကို ရွေးချယ်လျှောက်လှမ်းခဲ့တာဖြစ်ပါတယ်။ ဆရာဝန်ဖြစ်ပေမယ့် ယခုလိုမျိုး Sexy model လောကထဲကို ဝင်ရောက်ခဲ့တဲ့သူမအဖို့ ပြင်းထန်တဲ့ဝေဖန်မှုတွေခံခဲ့ရပြီး ဉာဏ်ကောင်းလို့သာ ဆေးကျောင်းတက်ခဲ့တာဆိုပြီး သူမကိုပြစ်တင်ဝေဖန်သူတွေကို ပြန်လည်ချေပခဲ့ပါသေးတယ်။





လှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကိုပိုင်ဆိုင်ထားတဲ့ မော်ဒယ်နန်းမွေစံကတော့ Sexy ကျလွန်းတဲ့အကြမ်းစားပုံရိပ်တွေကိုမှ ရိုက်ကူးပြီး မကြာခဏဆိုသလိုသူမရဲ့လူမှုကွန်ယက်ကနေ မျှဝေလေ့ရှိသူပါ။ သူမရဲ့ညှို့အားပြင်းတဲ့အလှကြောင့် တစ်ချို့သောပုရိဿတွေရဲ့အခိုင်အမာဝန်းရံခြင်းကို ခံထားရသူဆိုလည်းမမှားပါဘူး။




ဒီလိုမျိုး Sexy model လောကမှာနာမည်ကြီးလွန်းတဲ့ နန်းမွေစံကတော့ မကြာခင်မှာရုံတင်ပြသတော့မယ့် Lady Boy ရုပ်ရှင်အထူးပြသပွဲကိုအကြမ်းစားဖက်ရှင်ကိုဝတ်စားပြီး တက်ရောက်ခဲ့ပါတယ်။အတွင်းသားတွေကိုအတိုင်းသားမြင်နေရတဲ့ ပါးလွှာတဲ့ဇာအကျီၤလေးကို ဝတ်စားပြီးတက်ရောက်ခဲ့တဲ့ မော်ဒယ်နန်းမွေစံကတော့အများရဲ့ကြားထင်ပေါ်နေကာ သူမရဲ့အကြမ်းစားဖက်ရှင်ကြောင့် မြင်ရသူတိုင်းပါးစပ်အဟောင်းသားဖြစ်ခဲ့ရပါတယ်။






Lady Boy ရုပ်ရှင်ပြပွဲကို တက်ရောက်လာတဲ့ Sexy Model နန်းမွေစံရဲ့ ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်။








Photos_Milkyway Media

(ပိုပိုလေး)


#နန်း
#အကြမ်း
#စံ
#လောက
#ကောက်ကြောင်း

Some text some message..