သားအမိနှစ်ယောက်တည်းအပြင်မှာညစာထွက်စားကြပြီး ညီအစ်မတွေလိုပျော်ရွှင်နေကြတဲ့ ခိုင်သင်းကြည်နဲ့ထိပ်ထိပ်
myanmarload.com
|
2019-06-19
ပရိသတ်တွေအရမ်းချစ်ရတဲ့ မခိုင်လေးလို့ ချစ်စနိုးခေါ်ဝေါ်ကြတဲ့ မင်းသမီးချောလေးခိုင်သင်းကြည်ကတော့အနုပညာလမ်းကြောင်းပေါ်မှာအောင်မြင်နေတဲ့ဝါရင့်အနုပညာရှင်တစ်ယောက်အဖြစ်လျှောက်လှမ်းနေတာဖြစ်ပါတယ်နော်။မခိုင်လေးက သဘောမနောကောင်းပြီးရိုးသားဖြူစင်ပွင့်လင်းတဲ့သူဖြစ်လို့ လူချစ်လူခင်ပေါများကာ သွားလေရာနေရာတိုင်းမှာ ပရိသတ်တွေကလည်းဝိုင်းဝိုင်းလည်နေအောင်အားပေးချစ်ခင်ကြတာဖြစ်ပါတယ်။
မခိုင်လေးရဲ့သမီးချောလေး စံထိပ်ထားဦးလေးကလည်း ချစ်စမွှေးပါပြီးအမေတူသမီးလေးဖြစ်လို့အနုပညာအလုပ်ကိုလည်း ဝါသနာပါတဲ့သူတစ်ယောက်ပါနော်။ထိပ်ထိပ်လေးက ဆယ်ကျော်သက်အရွယ်လှသွေးကြွယ်နေတဲ့အရွယ်လည်းဖြစ်လို့ တစ်နေ့တစ်ခြားပိုပိုလှလာပြီးအရင်ကထက်လည်းပိုပြီးပြင်တတ်ဆင်တတ်လာတာကိုတွေ့ရပါတယ်နော်။
မခိုင်လေးတို့မိသားစုသုံးယောက်က သာယာပျော်ရွှင်အေးချမ်းပြီးအားလပ်ရက်တွေမှာ ခရီးတွေထွက်ကာ မိသားစုသုံးယောက်ပျော်ပျော်ရွှင်ရွှင်နေထိုင်နေကြတာပဲဖြစ်ပါတယ်။အခုဆိုရင်လည်း မခိုင်လေးတို့သားအမိနှစ်ယောက်က ပျော်ပျော်ရွှင်ရွှင်နဲ့ ညစာထွက်စားကြပါတယ်နော်။သားအမိနှစ်ယောက်ကတော့ ညီအစ်မတွေလို ပျော်ရွှင်စွာအချိန်တွေကုန်ဆုံးနေကြတဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါရစေနော်။
#ထိပ်ထား
#ထိပ်
#ချစ်စနိုး
#ညီအစ်မ
#အားလပ်ရက်
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ