
တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် ရုပ်သံလိုင်း tvN မှ ထုတ်လွှင့်ပြသသွားတဲ့ Arthdal chronicles ဇာတ်လမ်းတွဲဟာဆိုရင် လတ်တလော ပရိတ်သတ်စိတ်ဝင်စားမှုကိုအများအပြားရရှိထားတာပဲဖြစ်ပါတယ်။ Arthdal chronicles မှာမြန်မာပရိတ်သတ်တွေ ဒါရိုက်တာရင်လို့သိကြတဲ့ ဂျန်ဒေါင်ဂန်၊ ဆောင်ဂျွန်ကီ၊ ကင်မ်ဂျီဝန်၊ ကင်မ်အုတ်ဘင်အစရှိတဲ့နာမည်ကျော် တော့ပ်စတားတွေပါဝင်တာကြောင့် မထုတ်လွှင့်ခင်ကတည်းက ပရိတ်သတ်တွေ စိတ်ဝင်တစား စောင့်မျှော်နေကြရတဲ့ ဇာတ်ကားတစ်ကားပါပဲ။ ဒီဇာတ်လမ်းတွဲမှာပါဝင်တဲ့အဓိက ဇာတ်ဆောင်(၄)ဦးဟာ သူတို့ ရိုက်ကူးခဲ့ရတဲ့ ရိုက်ကွင်းတွေအကြောင်းကို ပြောပြလာပါတယ်။ ဆောင်းဂျွန်ကီတစ်ယောက် မြင်းကို ဇက်ကြိုးမပါပဲ ဘယ်လိုစီးသွားတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
Arthdal chronicles မှသရုပ်ဆောင်များဟာ teaser ဗွီဒီယိုကိုအတူပြန်လည်ကြည့်ရှုပြီး သူတို့ကိုယ်တိုင် တွေ့ကြုံခဲ့တဲ့ ရိုက်ကူးရေးအခက်အခဲများကိုဝေမျှခဲ့ကြပါတယ်။ ဆောင်ဂျွန်ကီက သူ့အနေနဲ့ ယုံကြည်မှုအရှိဆုံးက မြင်းစီးတာဖြစ်ပြီး Arthdal Chronicles မှာတော့ မြင်းစီးတဲ့အခန်းကအခက်ခဲဆုံးလို့ပြောခဲ့ပါတယ်။
ဆောင်ဂျွန်ကီဟာ Arthdal Chronicles ရဲ့ မြင်းစီးတဲ့အခန်းမှာ မြင်းကုန်းနှီး မပါဘဲ ဒီတိုင်းအလွတ်သတ်သတ် မြင်းပေါ်ကို တက်ခွကာ စီးနင်းခဲ့တာပဲဖြစ်ပါတယ်။ မြင်းစီးတဲ့အခါ မြင်းကုန်းနှီးမပါတဲ့အတွက် ခြေထောက်အထိန်းနေရာမှာအဝတ်ပိတ်စကြိုးနဲ့အစားထိုးခဲ့ရတာကြောင့်အခက်အခဲအနည်းငယ်ရှိခဲ့ပါတယ်။ ဒီအခန်းကို ရိုက်ကူးတဲ့အခါမှာ မြင်းပေါ်မှ သုံးလေးကြိမ်ထက်မနည်း ပြုတ်ကျခဲ့ကြောင်းကိုလဲ ပြောပြသွားပါတယ်။
“ မြင်းကုန်းနှီးမပါဘဲ ဒီတိုင်းမြင်းစီးတာဟာအန္တရာယ်များပေမယ့် ကျွန်တော့်အရည်အချင်းတစ်ခုကို ပြသနိုင်လိုက်တဲ့အတွက် ကျေနပ်အားရမိတယ်” လို့ ဆောင်ဂျွန်ကီက ပြောသွားပါတယ်။ ဆောင်ဂျွန်ကီနဲ့ Arthdal Chronicles မှ သရုပ်ဆောင်တွေ ရိုက်ကွင်းမှာ ဘယ်လိုအခက်အခဲမျိုး ကြုံတွေ့ခဲ့တယ်ဆိုတာ သိရှိဖို့အောက်ပါ ပေးထားတဲ့ ဗွီဒီယိုမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်။
(ပိုပိုလေး)