ကျားပေါက်အိပ်မက် ရန်ရန်ချန်းစိတ်ဓာတ်နဲ့ Rဇာနည်လက်နက်
moda.com.mm
|
2019-07-30




ဂီတဘုံလောကထဲ နှစ်၂၀ကျော်ပျော်ပါးနေတဲ့အဆိုတော် ၃ယောက်၊ ဖခင်၃ယောက်၊ The Voice Myanmar ရဲ့ Coach ၃ယောက်

ဂီတဘုံသား သုံးယောက်။ ဖခင် သုံးယောက်။ The Voice Myanmar ရဲ့ Coach သုံးယောက်။ မြန်မာနိုင်ငံသား သုံးယောက်။

သူတို့ရင်ခုန်သံတွေက ဂီတသံတွေ။ သူတို့ပြောလိုက်တဲ့စကားတွေက သီချင်းစာသား တွေ။ သူတို့ရဲ့ ဂီတသွေးခုန်နှုန်းကအမြင့်စားတွေ။

ဂီတလောကထဲ နှစ် ၂၀ ကျော်အခြေချနေထိုင်ခဲ့ပြီးဖြစ်သောအဆိုတော်သုံးယောက်ထဲက တစ် ယောက်ဟာ ချာတိတ်ဘဝမှာ ကက်ဆက်ခလုတ်ကို နှိပ်လိုက်တယ်။ ကက်ဆက်ခေတ် ကုန်သွား တယ်။ Rap က ခေတ်နဲ့ ပုံမှန်ကပ်မြဲကပ်လျက် လိုက်ပါလာတယ်။ ဂန္ထဝင်ဆည်းဆာဟာ လှခဲ့တယ်၊ လှနေဆဲ၊ လှမြဲလှနေဦးမှာပဲ။ ကမ္တာွပေါ်က ဂြိုဟ်သားဟာလည်း သူ့လမ်းသူ လျှောက်မြဲဆက် လျှောက်နေဦးမှာပဲ။

MODA ခုနစ်နှစ်ပြည့်အတွက် သူတို့နဲ့ ကျွန်တော်ဆုံခဲ့တယ်။ ဖခင်ဖြစ်မှု၊ ဖခင်ဖြစ်ရတဲ့အရသာ၊ လွန်ခဲ့တဲ့ နှစ် ၂၀ ကာလ သူတို့လူငယ်ဘဝရုန်းကန်ခဲ့ရမှုတွေ၊ ဆင်ဆာကာလကို ဖြတ်သန်းခဲ့ရတဲ့အမှတ်တရတွေ၊ ရှိုးပွဲတွေ စဆိုစကာလမှာ ကြုံခဲ့ဖူးတဲ့ ရယ်စ ရာအမှတ်တရတွေ၊ ရေးခဲ့ဆိုခဲ့မိတာကို နောင်တရမိတဲ့သီချင်းတွေ၊ လတ်တလော ဓာတ်ကျနေတဲ့ သီချင်းတွေ၊ ငြီးငွေ့ခဲ့ပြီဖြစ်တဲ့ သီချင်း တွေ၊ ကိုယ့်သားသမီးအနုပညာရှင်တစ်ယောက် ဖြစ်လာမှာကို စိုးရိမ်ထိတ်လန့်စိတ် ရှိမရှိ ဆိုတာ တွေ စသဖြင့် မေးမြန်းဖြစ်ခဲ့တယ်။

ကျားပေါက်ရဲ့အိပ်မက်ကို ဝင်မက်ခဲ့ရတယ်။ ရန်ရန်ချမ်းရဲ့စိတ်ဓာတ်နဲ့ ရင်ဆိုင်ရင်း Rဇာနည် လက် နက်ကို ရရှိခဲ့တယ်။ ဆိုတော့ကာ သူတို့ရဲ့ ဂီတဘုံလောကသားသုံး စကားတွေကို ဝင်ရောက်နား ထောင်ကြည့်ရအောင်လား။


Kyaw Pauk

The Voice Myanmar မှာ Coach လုပ်နိုင်မလားဆိုတာက ကျွန်တော့်အတွက် Challengeတစ်ခုဖြစ်ခဲ့တယ်ဗျ။ ဘယ်သူမှန်းမသိ၊ ဘယ် Background ကမှန်း မသိဘဲနဲ့ တက်လာတဲ့သူကို ကျွန်တော်က Polish လုပ်ပေးနိုင်သလားဆိုတာပေါ့။ ဒီ Challenge ကို ကျွန်တော် လက်ခံနိုင်တဲ့အတွက် လုပ်ဖြစ်ခဲ့တယ်။ တကယ်တမ်း ကျတော့ Artist တွေအများကြီးနဲ့ ပြိုင်တူအလုပ်လုပ်ရသလိုပါပဲ။ ဒါပေမယ့် ကျွန် တော်အားမရတာတွေလည်း ရှိတာပေါ့။ တချို့က Artist တစ်ယောက်မှာ ရှိရမယ့် စိတ်နေစိတ်ထားမျိုးကို လုံးဝပြင်ဆင်မလာတာ ရှိတယ်။အဲဒါမျိုးကျ တော်တော် စိတ်ပျက်ရတယ်။

ဒီနေ့ခေတ် လူငယ်တွေကို လွှမ်းမိုးနိုင်နေတာက Electronic Music တွေပဲ။ EDM ပေါ့။ ခေတ်အရ Value တွေ ပြောင်းသွားကြပြီ။ ကျွန်တော်တို့တုန်းက Art Value တွေနဲ့ မတူတော့ဘူး။ ကျွန်တော်တို့တုန်းက ဆိုအခွေတစ်ခွေမှာအသံပြင်းပြင်းနဲ့ ဖမ်းထားတဲ့ ဒရမ်သံတွေ လိုချင်တာ ရှိတယ်။အခုကလေးတွေကျ ဒီလို Art Value မျိုးကို မကြိုက်တော့ဘူး။ သူတို့က ဒရမ်သံဆိုလည်း Machine က ထွက်လာတဲ့ Gun Shot လိုအသံတွေကို ကြိုက်တယ်။ ဘေ့စ်ဆိုလည်း Distort လုပ်ထားတဲ့အထူစား ဘေ့စ်သံကြီးတွေကို သူတို့ ကြိုက်ကြတယ်။အပြင်မှာ လက်နဲ့ ဘယ်လိုတီးတီး ထွက် မလာနိုင်တဲ့အသံမျိုးပေါ့။ Value တွေ ပြောင်းလာတာနဲ့အမျှ သူတို့ကြိုက်တဲ့ Music တွေကလည်း ပြောင်းနေမှာပဲလေ။

ငယ်ဘဝက ရယ်စရာအလွဲအချော်အမှတ်တရတစ်ခုဆိုရင် ကျွန်တော် စတက်ကာ စတုန်းကအရမ်းမူးပြီး စင်ပေါ်မှာအန်ခဲ့ဖူးတယ်။ ကျွန်တော်ဆိုပြီးတဲ့အခါ ကျွန်တော့် နောက် ရုပ်ရှင်မင်းသမီးတစ်ယောက် တက်ဆိုတယ်။အန်ထားတာတွေ တက်နင်းမိ ပြီး သူ စင်ပေါ်မှာ ချော်လဲကျပါရော။အန်ဖတ်တွေ ပေကျံသွားတာပေါ့။အခု ပြန်ပြော ပြမှ ရယ်ရတာ။အဲဒီတုန်းက မရယ်ခဲ့ရဘူး။

အခုလတ်တလော ကျွန်တော် ဓာတ်ကျနေတဲ့သီချင်းဆိုရင် Sublimeအဖွဲ့ရဲ့ Same in the End ပဲ။ တစ်ချိန်လုံး Repeat လုပ်ထားတာ။

ပြည်ပက Show ပွဲတစ်ခုမှာ Owntune သုံးပုဒ်ပဲ ဆိုရဖို့ ဖိတ်ခေါ်ခံရမယ်ဆိုရင်လား။ Starry Night, Telepunk နဲ့ Fuck my way out တို့ ရွေးဆိုမယ်။

ဒီရှုတင်မှာ ကလေးအဖေတွေချည်း ကလေးတွေလို ဆုံရတာ ပျော်တာပေါ့။ တကယ် က ပျော်တယ်ဆိုတာထက် ပိုဦးမယ်။ တစ်ယောက်အကြောင်းတစ်ယောက် နား လည် ကြတဲ့လူတွေလေ။ ဥပမာ - ဒီလူတွေနဲ့ ဆုံနေတုန်း ညဘက်ကြီး ကလေးအရမ်းငိုနေလို့ ကျွန်တော်အိမ်ပြန်သွားရတယ်ဆိုလည်း ဘယ်သူမှ စိတ်မဆိုးဘူး။ နောက်ချိန်းထားတာ ရောက်မလာနိုင်တော့တဲ့အကြောင်း ဖုန်းဆက်ရင်လည်း နား လည်ပေးကြတာပဲ။ ဖုန်းဆက်ရင်တောင် တစ်ယောက်မအားလောက်တဲ့အချိန် တစ် ယောက်က သိနေကြပြီ။ ဒီမနက်ကဆိုရင် ကျွန်တော်အိမ်က ထွက်လာတာနဲ့ ဇာနည့် ကို ဖုန်းဆက်မလို့ပဲ။ ဒါပေမယ့် ကျွန်တော် မဆက်ဖြစ်ဘူး။ သူ မအားမှာ ကျွန်တော် သိတယ်။ တစ်ယောက်နဲ့တစ်ယောက် Schedule တွေက သိပ်မကွာကြဘူး။ ကလေးတွေ ကျောင်းတက်နေကြရတာကလည်း တူတာကိုး။

အင်း . . . ဖခင်ဖြစ်ရတဲ့အရသာဆိုတာထက် သူ့မှာ တခြား Meaning ကြီးတစ်ခု ရှိ နေတယ်။ ဟုတ်တယ်။ ဖခင်ဖြစ်မှု Fatherhood ဆိုရင်လည်း တွေ့မြင်နေကျ ရုပ် ရှင်တွေထဲက Feeling တွေနဲ့ ရောနေတတ်တယ်။ ရုပ်ရှင်တွေထဲမှာ “ဟာ . . . ငါ ကလေးအဖေဖြစ်ပြီဟေ့” ဆိုပြီး ပျော်ကြတာတွေ ရှိတာကိုး။ ကျွန်တော်ကျအဲဒီလို မဖြစ်ပါဘူး။ ကျွန်တော် လေးသွားတယ်။ စိတ်ပူမိတယ်။ ကောင်းကောင်း လုပ်ပေးနိုင်ပါ့မလားပေါ့။ ကျွန်တော်တို့ဟာ လူတစ်ယောက်ကို လောကထဲ ခေါ်လိုက်ပြီ။ ဒီလောကကြီးက သူတို့ကို ခေါ်ရလောက်တဲ့အထိ ပျော်စရာကောင်းတဲ့နေရာကြီးရော ဟုတ်ရဲ့လားဆိုတာ ကျွန်တော့်ကိုအနှိပ်စက်ဆုံးမေးခွန်းပဲ။ ဒီနေ့အထိအဲဒီမေးခွန်းအ တွက် Positveအဖြေမရှိဘူး။ ကလေးနှစ်ယောက်ကို ဒီလောကထဲ ကျွန်တော် ခေါ် လိုက်မိတယ်။ လူတစ်ယောက်အနေနဲ့ တကယ်ပဲ ပျော်စရာကောင်းတဲ့လောကကြီးလားဆိုတာ သိပ်သံသယဖြစ်စရာကောင်းတယ်။ ဒီနေ့အထိ ဖြေရခက်နေဆဲ မေးခွန်းပဲ။

ကျွန်တော့်ကလေးတွေအနုပညာရှင် ဖြစ်လာမှာကို စိုးထိတ်တာမျိုး လုံးဝမရှိဘူး။ ဒါ ပေမယ့် Stage Performer ဖြစ်သွားမှာမျိုးတော့ စိုးရိမ်တယ်။ Stage Performer နဲ့ Artistic ဖြစ်မှုက မတူဘူး။ Stage ပိုင်းက ကျွန်တော် ထင်မထားတဲ့ စိတ်ညစ်စရာတွေအများကြီးရှိတယ်။ ထိန်းချုပ်ရတာတွေ ရှိတယ်။ ဆိုတော့ Artist ပဲ ဖြစ်စေချင်တယ်။ Performer မဖြစ်စေချင်ဘူး။ ဆက်ပြောစရာတွေတော့ ရှိ တယ်၊ နောက်များမှပေါ့။



R Zarni

ACIDအခွေ ထွက်ပြီး ကျွန်တော့်ရဲ့တစ်ကိုယ်တော်အခွေ ‘ငါ့ကို ချစ်တဲ့သူ’ ထွက် တယ်။အဲဒီအခွေထဲက ‘မင်းအတွက်’ လို သီချင်းတွေက ကျွန်တော့်ကို ပရိသတ် တွေ ပိုသိလာစေခဲ့တဲ့သီချင်းတွေပဲ။

ငယ်ငယ်က ဒီလောကထဲ စရောက်စ Show ပွဲတွေ လိုက်ဆိုနေတဲ့အချိန် ဖြစ်ခဲ့တဲ့ ဟာသတစ်ခုကအရမ်းရယ်ရတယ်။အဲဒီတုန်းက တောင်ကြီးမှာ သီချင်းသွားဆိုရ တယ်။ ငါ့ကိုချစ်တဲ့သူအခွေကြောင့် ကျွန်တော့်ကို လူတွေအထိုက်အလျောက် သိလာတဲ့အချိန်ပေါ့။ ပွဲတွေ လိုက်ဆိုနေရပြီဆိုတော့ IC က ကျွန်တော့်ကို ခေါ်သွားတယ်။ ဒီအဖွဲ့နဲ့ ဒီဘဲကြီးတွေနဲ့ ယှဉ်ဆိုရမယ်ဆိုကတည်းက ကျွန်တော်က ကျွတ်နေ ပြီ။ ဒီလူတွေနဲ့အတူ စင်ပေါ်တက်ဆိုရမှာ တကယ်ကြီး ရှိန်နေတာ။ တောင်ကြီးမှာ တန်ဆောင်တိုင်ညဆို လူတွေအရမ်းများတာကလည်း ကြောက်ရတာကိုး။ နောက်ဆုံး ကျွန်တော်ဆိုပြီးတဲ့အချိန် ပရိသတ်ကို လှမ်းပြောလိုက်တဲ့စကားကအရမ်းရယ်ရတယ်။အကျယ်ကြီးအော်မေးလိုက်တာဗျာ။ ဘယ်လိုလဲ၊ ကြိုက်ရဲ့လားဆိုပြီး။အသံတွေ ညံသွားတာပဲ။ မင်းက ဘာကောင်မို့လို့လဲရော၊ သွားကွာ၊ ဆင်းကွာဆိုတာ တွေရော၊ ဆဲသံတွေရောပေါ့။ တကယ်ကအဆင်ပြေရဲ့လားတို့ ဘာတို့ ကျွန်တော် ပြောသင့်တာလေ။

လွန်ခဲ့တဲ့ နှစ် ၂၀ ကျွန်တော်တို့လူငယ်ဘဝရဲ့ ရုန်းကန်ခဲ့ရမှုတွေကအများကြီးပဲ။ နား ထောင်ချင်တဲ့သီချင်းကိုအလွယ်တကူ နားထောင်လို့ မရခဲ့တာတွေ ရှိတယ်။ လေ့ လာဆည်းပူးစရာတွေလည်း ရှာရခက်တဲ့အခါ၊ နည်းတဲ့အခါ ထွက်ကုန်တွေပါ နည်း သလို ရှားသလို ဖြစ်ခဲ့တယ်။အခုခေတ်ကျ ခလုတ်တစ်ချက် နှိပ်လိုက်တာနဲ့၊ ွသသါူန မှာ သိချင်တာတွေ ရိုက်ရှာလိုက်တာနဲ့ ချက်ချင်းပဲအကုန်ကျလာတာဆို တော့ ဂီတပိုင်းမှာလည်း ထုတ်ကုန်တွေများလာတယ်လို့ပဲ ဆိုရမယ်။အရင်တုန်းကအတွေ့အကြုံတွေကတော့ ဘဝနဲ့ ပိုပြီး ရင်းရတယ်။ ကျွန်တော်တို့ထက် ပိုစောခဲ့ကြ သူတွေက ပိုပြီးတောင် ရင်းခဲ့ရသေးတယ်။

အဆိုပြိုင်ပွဲတွေ များလာတာက ကောင်းတဲ့ကိစ္စတစ်ခုပဲ။ ဒီခေတ်က ကျွန်တော်တို့ ခေတ်တုန်းကထက် သီချင်းတွေကို လွယ်လွယ်ကူကူနဲ့ ပိုပြီးနားထောင်လို့ ရလာ တယ်။ Studio တွေရော Player တွေပါအများကြီး တိုးပွားလာကြပြီ။အဆိုပြိုင်ပွဲ တွေကြောင့်အခွင့်အလမ်းတွေ ပိုပြီးများလာတာတော့အသေအချာပဲ။

သီချင်းကောင်းတွေ ဖန်တီးနိုင်သူတွေအတွက် ဒီခေတ်မှာ တေးထုတ်လုပ်ရေးအကူအညီကိုတောင် မလိုတော့ဘဲ Facebookအကောင့်တစ်ခု ရှိနေတာနဲ့တင် ပေါက်ဖို့ ပိုလွယ်တာကိုလည်း ကျွန်တော် သဘောကျတယ်။ ကျွန်တော်တို့တုန်းကဆို သီချင်းလေးဆိုရဖို့အတွက်နဲ့တင် သူများနောက်ကို တကောက်ကောက် လိုက်ခဲ့ရ တယ်။ ဆရာ ကေအေတီတို့လို ဆရာတွေအိမ်မှာ စားအိမ်သောက်အိမ်လို သွားနေ ပြီး လေ့လာခဲ့ရတာပေါ့ဗျာ။အဲဒီလို ဟိုစမ်းစမ်းဒီစမ်းစမ်းနဲ့ လုပ်ခဲ့ရတာတွေ များ တယ်။အခုခေတ်ကျ ဟော်လိုဂစ်တာနဲ့ တီးပြီး ဆိုနေတာကို ဖုန်းကင်မရာနဲ့ ထောင် ရိုက်ပြီး လိုင်းပေါ်တင်လိုက်တာနဲ့ ကောင်းရင်ကောင်းသလို ပေါက်နေပြီ။ နောက်မှ Studio မှာ သွင်းလို့ ရတယ်လေ။

ဂီတပုံစံက ယဉ်ကျေးမှုစံတွေနဲ့ ပွတ်တိုက်မိလို့ လျှော်လိုက်ရတာတွေ ဟိုးတုန်းက တော့ တော်တော်ရှိခဲ့တယ်။ ပိတ်ပင်ကြတယ်၊ တားဆီးကြတယ်။ ကျွန်တော်ကြားဖူး တာတစ်ခုဆို တချို့အနုပညာရှင်တွေကို တီဗီမှာပြဖို့ မသင့်တော်တဲ့ ရုပ်ရည်ဖြစ်နေ တာမို့ ပိတ်ပင်ပစ်တာမျိုးတောင် ရှိခဲ့တယ်တဲ့။အဆိုတော်ကြီးတွေပေါ့ဗျာ။ ဒီဘက် ခေတ်ကျအဲဒီလိုတွေ မရှိတော့တဲ့အတွက် သက်သာလာတယ်လို့ ထင်တယ်။

MTV ရိုက်လိုက်တဲ့အခါမှာ ကျွန်တော့်သီချင်းရဲ့ဆိုလိုမှုနဲ့ လွဲသွားတာမျိုးလား။ တစ်ပုဒ်မကဘူး၊အများကြီးအများကြီး ရှိတာပေါ့ဗျာ။ ဖီလင် တော်တော်ကွေးစေတာတွေ။ ထားပါတော့။

အင်း . . . ပြည်ပပွဲတစ်ပွဲမှာ Owntune သုံးပုဒ်ပဲ ဆိုဖို့ ဖိတ်ခေါ်ခဲ့မယ်ဆိုရင်ဆိုတဲ့မေးခွန်းဆီ ဆက်ကြတာပေါ့။ ‘ဂန္ထဝင်ဆည်းဆာ’ ၊ ‘သီတာ သီတာ သီတာ’ ၊ ‘အသင့်သူ’ ၊ ဒီသုံးပုဒ်ကို ကျွန်တော် ဆိုမယ်။

လက်ရှိမှာ ခေတ်ကိုအလွှမ်းမိုးထားနိုင်ဆုံးဂီတကတော့ EDM ပဲ။ လူငယ်တွေအရမ်းကြိုက်နေကြတယ်။ ဒါ လူအများကြီး ကြိုက်နေကြတဲ့အပေါ် ကြည့်ပြီး ပြောတာ နော်။

The Voice Myanmar မှာ Coach လုပ်ခဲ့တာ ကျွန်တော့်အတွက်အတွေ့အကြုံ တွေအများကြီး ရလိုက်တယ်။ ကျွန်တော်ကိုယ်တိုင်လည်းအကောင်းဆုံး လုပ် ဆောင်နိုင်ခဲ့တယ်လို့ပဲ ခံစားမိတယ်။ ကိုယ့် Team က လူတွေနဲ့လည်း တော်တော်လေး ရင်းနှီးခဲ့တယ်။အသိအကျွမ်းတွေအများကြီး တိုးလာတယ်။

ဒီနေ့ရှုတင်မှာ ကလေးအဖေတွေချည်း ဆုံရတာ ပျော်စရာကောင်းတာပေါ့ဗျာ။ ဘ၀ တူတွေ၊အကြောင်းသိတွေလေ။ လူလွတ်တုန်းကလည်း လူလွတ်အလျောက်၊ ကလေးအဖေဖြစ်တော့လည်းအတူတူ ဖြစ်ကြတာပဲ။ ဒီနေ့ရှုတင်ကလည်း ပျော်စရာ ကောင်းတယ်။ ကျွန်တော်တို့တွေ The Voice Myanmar မှာ လုံးထွေးရင်းကနေအခု ခဏနားနေတဲ့အချိန် ဒီလိုတွေ့ဖြစ်ကြတာ ပျော်စရာပါပဲ။

Rapper တွေနဲ့အတွဲများခဲ့တဲ့ကျွန်တော်က သူတို့ထဲမှာအချစ်ဆုံးတစ်ယောက် ရွေးရမယ်ဆိုရင် ရန်ရန်ချမ်းပဲ ရွေးမယ်။ ပြောရရင် ဇေယျာသော်တို့အနဂ္ဂတို့ ဟိန်း ဇော်တို့အကုန်လုံးနဲ့ ညီအစ်ကိုတွေလိုပဲ။ ပွင့်ပွင့်လင်း လင်းပြောရရင် ရန်ရန်ချမ်းက Very Smart။ သူက စကားတစ်ခွန်းပြောဖို့ကိုအများကြီး ချင့်ချိန်စဉ်းစားတယ်။ သူများကိုလည်း သူ့အပူ ဘယ်တော့မှမပေးဘူး။ ဟိန်းဇော်နဲ့ကျအရမ်း ကောင်းတယ်။ ရန်ချမ်းကိုကျ လေးစားတာပါ ပါနေ တာ။

ဖခင်ဖြစ်ရတဲ့အရသာက . . .အင်း . . . ကျန်းမာရေး ကောင်းစေတယ်ဗျ။ သားသမီးတွေကို ချစ်တဲ့စိတ်နဲ့ ကိုယ့်ကျန်းမာရေးကို ပိုဂရုစိုက်လာဖြစ်တယ်။ သူတို့ကိုလည်းအကောင်းမွန်ဆုံးဖြစ်အောင် ပြုစုပျိုးထောင်ပေးချင်တဲ့စိတ် ရှိလာတာ လည်း ပါတာပေါ့။

ဟုတ်တယ်။ ဆေးလိပ်ကို ပြီးခဲ့တဲ့ ကျွန်တော့်မွေးနေ့မှာ ဖြတ်ပစ်ခဲ့တာ။အိမ်ထောင်ကျပြီး ပထမ သားကို ယူတုန်းက ဆေးလိပ်၊အရက် သောက်တာတွေကို ခြောက်လ ဖြတ်ပြီးမှ ကိုယ်ဝန်ယူခဲ့တာ။ နောက်တော့ ပြန်သောက်ဖြစ်ခဲ့တယ်။ ဖစ်ဖစ်တုန်က နောက်ပိုင်း ပြဿနာရှာလာတယ်။ ဆေးလိပ်သောက်ရင် ပြောတယ်၊ ဆိုတယ်တွေ ဖြစ်လာတယ်။ သူ သိတာတွေ၊ မြင်တာတွေကလည်း များလာပြီကိုးလေ။

ဒီကြားထဲ Emperor မှာ ဘေ့စ်တီးတဲ့ ကိုမြတ်မိုးက သူဆေးလိပ်မသောက်တော့ဘူး တဲ့။ သူကအစ်ကိုတစ်ယောက်လိုပဲ။ ဒါနဲ့ ဘာလို့မသောက်တော့တာလဲဆိုပြီး မေး ကြည့်တယ်။ သူက တော်ပြီတဲ့၊ ဆယ်ကျော်သက်အရွယ်ကတည်းက စသောက်ခဲ့ တာကိုအခုအသက် ၄၀ မှာ ဖြတ်လိုက်တော့မယ်လေတဲ့။ နောက်ပိုင်းက ဘယ် လောက်ထိ နေရမယ်မှန်း မသိဘူးလေတဲ့။ ကျန်းမာရေးအတွက်ရော သားသမီးတွေအတုယူမမှားရအောင်အတွက်ပါ ဖြတ်လိုက်တော့မယ်ဆိုပြီး ကျွန်တော်လည်း ကျွန်တော့်အသက် ၄၀ ပြည့်တဲ့နေ့မှာ ဆေးလိပ်ကို ရာသက်ပန် ဖြတ်လိုက်တော့တယ်။

ကျွန်တော်တို့မင်္ဂလာသက်တမ်းက ၁၆ နှစ် ပြည့်တော့မယ်ဆိုတာထက် တကယ်က ချစ်သူသက်တမ်းပါ ထည့်တွက်မယ်ဆိုရင် နှစ် ၂၀ ကျော်သွားပြီ။ လင်ရယ် မယား ရယ်လို့ ဖြစ်လာတော့လည်း ရန်ဖြစ်တယ် စကားများတယ်ဆိုတာတွေကတော့ ရှိကြ တာပေါ့။ ဒါပေမယ့် သူ့အတွက် ကိုယ်မရှိလို့မဖြစ်၊ ကိုယ့်အတွက် သူ မရှိလို့ မဖြစ်ဆို တာ တစ်ခုကတော့ သေချာ ခိုင်မြဲသွားပြီ။

ကျွန်တော့်ကလေးတွေအနုပညာရှင်ဖြစ်လာမှာကို စိုးထိတ်နေတဲ့စိတ်မျိုးတော့ လုံးဝမရှိဘူး။ ကျွန်တော်ကအနုပညာကို ချစ်ပြီးသားလူမို့ သူတို့တွေ သီချင်းပဲဆိုဆို၊ မင်း သားပဲလုပ်လုပ်အကြံပေးရုံလောက်ပဲ ပေးမယ်။ နည်းလမ်းပြမယ်၊ ဘယ်လိုရပ်တည် ရမယ်ဆိုတာ ပြောပြမယ်၊ ဒီလောက်ပဲ လုပ်မှာပါ။ ပြောရရင်အနုပညာထက် သူတို့ တွေ တခြားစီးပွားရေး လုပ်မှာကိုတောင် စိုးရိမ်မိသေးတယ်။ စီးပွားရေးလောကထဲမှာအဆင်မပြေမှာတို့၊ ခက်ခဲကြမ်းတမ်းနေမှာတို့ကို ပိုပြီး စိုးရိမ်တယ်။ စီးပွားရေးအ ကြောင်း ကျွန်တော် သိပ်မသိဘူး။အနုပညာအလုပ်အကြောင်းကျ သိသေးတယ် လေ။

လက်ရှိမှာ တခြားစီးပွားရေးအနေနဲ့ကတော့ ကျွန်တော်အမျိုးသမီးက သူ့အစ်မတွေ၊ ညီမတွေနဲ့ The Lace ဆိုတဲ့ဆိုင် ဖွင့်ထားတယ်။ ကျွန်တော်လည်း မကြာသေးခင် ကမှ ဖွင့်ထားတဲ့ Aqua Village ဆိုတဲ့ Water Park လေးတစ်ခုကို လုပ်နေ တယ်။ ရန်ချမ်းတို့နဲ့ပေါ့။အားလုံးပေါင်း ခုနစ်ယောက် ပေါင်းလုပ်ကြတာပါ။


Yan Yan Chan

Hip Hop ဆိုတာ Culture တစ်ခုပါ။ ဒါဟာ Hip Hop ပါလားလို့ ကျွန်တော်တို့ မသိခင် ရန်ကုန်မှာ Rap ခေတ်တစ်ခေတ် ရှိခဲ့တယ်။အဲဒီတုန်းက စကိတ်ကွင်းမှာ စကိတ်သွားစီးတဲ့အခါ ကျွန်တော်တို့ထက် စီနီယာကျတဲ့သူတွေက ကက်ဆက်ဖွင့် ပြီးအဖွဲ့လိုက် ကကြတယ်။ နောက်တော့ ကျွန်တော်တို့ပါ လိုက်ကကြတယ်။ Rap သီချင်းတွေ နားထောင်လာကြတယ်။

ရှစ်ပေ စလောင်းတွေ စဝင်လာတဲ့အချိန် MTV တွေ Channel V တွေ ကြည့်ဖြစ်ပြီး Hip Hopအကြောင်း ပိုသိလာတယ်။ ဆိုနေတဲ့လူတွေက လမ်းဘေးစတိုင်တွေနဲ့။ Gangster ပုံစံတွေလည်း တွေ့ရတယ်။ ဂရပ်ဖတီဆွဲနေတာတွေလည်း တွေ့ရတယ်။ ဟာ . . . ဒါ Culture ကြီးပါလားလို့ သဘောပေါက်သွားတယ်။

ဒီမှာက Hip Hop Generation ကို ပေါင်သင်းတဲ့အုပ်စုတွေနဲ့ ခွဲနေကြတယ်လို့ ထင်မိတာပဲ။ နောက်တစ်ခုက Music Styleအနည်းငယ် ချိန်းသွားတာလည်း ပါ တာပေါ့။ တကယ်ဆို Generation တစ်ခုနဲ့တစ်ခုက ဆယ်စုနှစ်တစ်ခုလောက် ခြားသင့်တယ်။အခု Fourth Generation လို့ တချို့ပရိသတ်တွေ ယူဆနေကြတဲ့ Mumble Rap ဆိုတာလည်း ရှိနေပြန်တယ်။ ကျွန်တော်ကတော့အဲဒီလိုတွေ ခွဲမ မြင်စေချင်ဘူး။

ဒီဘက်ခေတ်မှာ တေးစီးရီးထုတ်လုပ်ရေးတွေအပေါ်တောင်အားကိုးစရာမလိုတော့ သလိုမျိုး ဆိုရှယ်မီဒီယာတွေ ရှိလာကြတာက ဆင့်ပွားဆင့်ပွားအကျိုးအမြတ်တွေ ကိုယ့်ဆီ ပြန်ရောက်လာရင် ကောင်းတာပေါ့ဗျာ။ ရှေ့ဆက်ဖို့လည်းအဆင်ပြေစေ တာပေါ့။ ဒီလိုမှမဟုတ်ဘဲ သီချင်းသာ ပေါက်သွားတယ်၊ ပြန့်သွားတယ်၊ သုံးတဲ့သူ တွေက သုံးသာ သုံးကြပြီး မူရင်းဖန်တီးသူကို ဘာမှမပေးဘူးဆိုရင်တော့ ဘယ် ကောင်းမလဲ။

FM တွေက ကျွန်တော်တို့ သီချင်းတွေကို သုံးရင် ပိုက်ဆံရတယ်ဆိုတာ FM တွေ ပေါ်ပြီး ၁၀ နှစ်လောက်ကြာမှ ကျွန်တော်တို့ သိကြတာ။ စစချင်း FM တစ်ခုဆိုရင် ACIDအဖွဲ့ထက်တောင် တစ်နှစ်ငယ်ပါတယ်ဗျာ။အဲဒီ FM ကလည်း ကျွန်တော်တို့ သီချင်းတွေကို ထုတ်လွှင့်ခဲ့တာပဲ။ သြော် . . . ငါတို့သီချင်းတွေ လွှင့်ပါလားပေါ့။ ငယ် ငယ်တုန်းက ရေဒီယိုမှာအန်တီထားတို့ ဦးလွှမ်းမိုးတို့ သီချင်းတွေကို လွှင့်သလိုပဲပေါ့။ ဒါ စီးပွားရေးလည်း မဟုတ်သေးဘူးလေ။ နောက်ပိုင်းမှ ဒါက စီးပွားရေးဖြစ်လာ တယ်။အသံတွေ ပွက်ပွက်ထလာကြတယ်။ ဂီတအစည်းအရုံးမှာ ပိုက်ဆံထုတ်လို့ရ တယ် ပြောကြတာကြောင့် သွားထုတ်တော့ ပိုက်ဆံက ထောင်ဂဏန်းပဲ ရှိတယ်။ စိတ်ပျက်စရာအမှတ်တရတစ်ခုပေါ့။

ကျွန်တော်တို့ စမ်းလုပ်ကြည့်ခဲ့တဲ့ တေး App Stream ကို နားထားလိုက်ပြီ။ ကျွန်တော်တို့ကိုယ်တိုင်က ဒီလောကထဲမှာ နေထိုင်နေတဲ့လူတွေဆိုတော့ ဒီဂီတလောကထဲကလူတွေ စိတ်ကွက်မယ့်ကိစ္စမျိုးတွေ မလုပ်ချင်ဘူး။ သူတို့လည်း ရစေချင် တယ်။ နောက်တစ်ချက်က ကျွန်တော်တို့ ဒီအလုပ်ကို သိပ်မကျွမ်းကျင်တာလည်း ပါ လိမ့်မယ်။ တချို့က ယုံကြည်တယ်။ တချို့က မယုံကြည်ဘူး။ ကျွန်တော်တို့ကလည်း မပြောဘဲ၊အသိမပေးဘဲ လုပ်ပစ်လိုက်လို့ ရတာမဟုတ်ဘူးလေ။

ဒီဘက်ခေတ် လူငယ် Rapper တွေနဲ့ ပွဲအတူတူ ဆိုရရင် ကိုယ့်ရပ်တည်မှုအတွက် စိုးရိမ်တာမျိုး ကျွန်တော့်မှာ မရှိခဲ့ဖူးဘူး။ ဥပမာ - ဦးဂျေမောင်မောင်ပဲ ဆိုပါစို့။ သူက လူငယ်တွေနဲ့ တွဲလုပ်တဲ့ပွဲထဲ သီချင်းအသစ်ဆိုရင် နည်းနည်းအန္တရာယ်ရှိမယ်။ သူ့ သီချင်းအဟောင်းတစ်ပုဒ်သာ ဆိုကြည့်လိုက်။အကုန်ပါလာရော။ ကျွန်တော်လည်း ကျွန်တော့်သီချင်းအဟောင်းတွေ ဆိုဖို့ကို ဘယ်တုန်းကမှ မစိုးရိမ်ခဲ့ပါဘူး။

အခုလတ်တလော ဓာတ်ကျနေတဲ့သီချင်းကတော့ Shine ရဲ့ The Old You ပဲ ။ နည်းနည်းကြီးသွားလို့လား မသိဘူး။အဲဒီလိုသီချင်းမျိုးကို ကြိုက်နေတယ်။ ဆိုထား ပုံကို ကြိုက်တယ်ဗျာ။

ငြီးငွေ့နေတဲ့ ဂီတအမျိုးအစားက Big Room House လို့ ပြောရမယ် ။ ကျွန်တော်က Dance Music တွေ ကြိုက်ပေမယ့် Drop တွေ ချချပြီး EDM ပွဲတွေမှာ ခုန်ခုန်နေ ကြတာကို ကျွန်တော်ငြီးငွေ့သွားပြီ။အကြိုက်ဆုံးဂီတ သုံးမျိုးကတော့ Rock, Hip Hop, House Music ပေါ့။

ကိုယ်ရေး၊ ကိုယ်ဆိုမိခဲ့တဲ့ သီချင်းတွေထဲ ဒီသီချင်းဆိုခဲ့မိလို့ နောင်တရမိတာမျိုး ကျွန်တော့်မှာ မရှိပါဘူး။ ကိုယ်တိုင်က မကောင်းပါလား ပြန်သိလိုက်ရတဲ့သီချင်းအတွက်ကိုတောင် ကျွန်တော် နောင်တမရပါဘူး။ နောင်တဆိုတာ နှပ်ချေးလိုပဲ။ ညှစ် ထုတ်ပစ်လိုက်တာအကောင်းဆုံးပဲလို့ ယုန်လေးနဲ့ ရိုက်ခဲ့တာထဲတောင် ကျွန်တော် ပြောခဲ့ဖူးတယ်။

ကိုယ့်သီချင်း MTV ရိုက်ခဲ့တာတွေထဲ စိတ်တိုင်းမကျတာမျိုးရယ်လို့ မရှိဘူး။ မကြိုက်တာကတော့ ကျွန်တော်တို့ Live Show ဆိုတာကို တည်ရိုက်တာတွေပဲ။ ဒါ ပေမယ့်လည်း ခေတ်အရ ဒါတွေကို မဖြစ်မနေ ဖြတ်သန်းခဲ့ရတယ်။ သူတို့ကို ကျွန် တော်တို့က ပုံအပ်ခဲ့ရတာကိုး။

ဟုတ်တယ်ဗျ။အိပ်မက်ဆုံရာတုန်းကလည်း ကျွန်တော် ဒိုင် လုပ်ခဲ့ဖူးတယ်။ Rap ပြိုင်တဲ့ ပေါ့။ ဟုတ်ပါတယ်။ ြအေခ့ - ၃ ပါ။အခု The Voice Myanmar မှာ Coach လုပ်ခဲ့ရတဲ့အတွေ့အကြုံတွေကတော့ဗျာ . . . ရင်ခုန်စရာလည်း ကောင်းသလို ကြောက်စရာလည်း ကောင်းတယ်။ ကြားထဲမှာ တခြားပြိုင်ပွဲတွေအတွက် ကျွန်တော့်ကို ကမ်းလှမ်းခဲ့ဖူးတာတွေ ရှိပေမယ့် မလုပ်နိုင်တဲ့အတွက်ကို ကျွန်တော် မလုပ်ပေးခဲ့ဘူး။အခု The Voice မှာကျအသုံးအနှုန်းကို Coach ဆိုတော့ ကျွန်တော် ကြိုက်တယ်။ နည်းတွေ ပြပေးရတဲ့သဘောပေါ့ဗျာ။ ပြီးတာ့ ဒီပွဲကို ကျွန် တော် ပါဝင်ပေးနိုင်တယ်ဆိုတဲ့ ယုံကြည်မှုအပြည့်ရှိတယ်။ ဒါ့အပြင် ဘေးကနေ Support လုပ်ပေးမယ့် တခြားပညာရှင်တွေလည်း ပါမယ်ဆိုတော့ ပိုပြီး လုပ်ရဲတယ်။ ဒါ ကြောင့်လည်း The Voice Myanmar ကို လက်ခံခဲ့တာ။

ဒီနေ့ခေတ် လူငယ်တွေကို လွှမ်းမိုးထားတဲ့ ဂီတဆိုရင် EDM ပဲ။ EDM က တစ်ကမ္တာွလုံးကို လွှမ်းထားတာ။ ရှင်းရှင်းပြောရရင် လူအများစုက လွှမ်းမိုးထားတဲ့အချိန် ကိုပဲ မြင်ကြတာ။ တကယ်က EDM စလာခဲ့တာ နှစ် မနည်းတော့ဘူး။ ၁၉၉၀ ခုနှစ်အလွန်ကတည်းက သူ တို့ ရှိနေကြတာ။ ကျွန်တော်တို့က ဒါတွေကို ကြိုက် တဲ့လူတွေဆိုတော့ သိတာ ထိတွေ့တာ ပိုစောခဲ့တာ ပေါ့။ ကလပ်တက်ရင် Rap နဲ့ Dance Music ကို ထိတွေ့နေရတာပဲလေ။

ပြည်ပ Show ပွဲတစ်ခုမှာ Owntune သုံးပုဒ်ပဲ ဆိုရ မယ်ဆိုရင် မကြာခင်ထွက်မယ့်အခွေထဲကအသစ် တွေပဲ ဆိုမယ်။ ‘လွဲ’၊ ‘မြို့ထဲ’ ၊ ‘နေ့တိုင်းအင်္ဂါနေ့’၊ ဒီ သုံးပုဒ်ကို ဆိုမယ်။ ဒါ ကြိုတင်ပြီး Promotion ဆင်းလိုက်တာ။ ဖြတ်သန်းလာတဲ့ နှစ် တွေများတော့ ဟိုးတုန်းကအဟောင်းတွေလည်း ပြန်ပြောချင်စိတ် မရှိတော့ဘူး။ ကျွန်တော်အကြည်ဓာတ်ပျောက်ပြီး ပြန်ရမှ ရေးခဲ့တဲ့သီချင်းတွေမို့ ကြိုပြောလိုက် တာပါ။ ညီ ကိုယ်တိုင် ကြိုက်မယ်လို့ ကျွန်တော်အာမခံတယ်။

ဟုတ်တယ်။ ငယ်ငယ်က ဖက်ရှင်ကို စိတ်ဝင်စားလွန်းတာကြောင့် စီးပွားရေးတစ်ခု လုပ်ခဲ့ဖူးတယ်။ ဖက်ရှင်ဆိုင်တစ်ဆိုင် ဖွင့်ခဲ့ဖူးတယ်။ မသိတဲ့သူ များပါတယ်။ ကျွန် တော့်မှာက စီးပွားရေး Mindset မရှိဘူးဗျာ။ ဟိုးတုန်းက မန္တလေးသွားလည်တော့ Rapper သုံးလေးယောက်ပဲ တွေ့ရတယ်။ ဒါကို ကျွန်တော်က Hip Hop Culture ဟာ ဂီတအရတော့ ငါတို့ဆီမှာ နည်းနည်းစီးဆင်းနေပြီ။ ဖက်ရှင်အရပါ ဖောက်ဖို့လို သေးတယ်၊ Society တစ်ခု ဖြစ်လာရမယ်ဆိုပြီး မန္တလေးမှာ Hip Hop Fashion Shop သွားဖွင့်ခဲ့မိတယ်ဗျာ။ ကျွန်တော့်ဖုန်းကို ၅၄ သိန်းနဲ့ ရောင်းပြီး မန္တလေးက သူငယ်ချင်းတစ်ယောက်နဲ့ စပ်တူပေါင်းဖွင့်ခဲ့တာ။ သိပ်မကြာလိုက်ဘူး။ ပိတ်လိုက်ရ တာပဲ။ ဒီဘက်ခေတ်ပိုင်းက Collaborationအနေနဲ့ပဲ လုပ်တော့တယ်။ ACID ကို ပေါင်းထုတ်တာမျိုးပေါ့။

လတ်တလောမှာ Aqua Village ကို ကိုဇာနည်တို့တွေနဲ့အတူတူ ပေါင်းလုပ်ဖြစ် နေတယ်။ Weekend တွေဆိုအဲဒီမှာ စည်တယ်။ ကျောင်းဖွင့်ရက်တွေကျ နေ့ လယ်ခင်းတွေ လူပါးတယ်။ သောကြာနေ့လောက် ရောက်ပြီဆိုရင်တော့ လူတွေ စုပြုံ နေကြပြန်ရော။

ဒီနေ့ ကလေးအဖေတွေချည်းဆုံပြီး ရိုက်ရတာကတော့ မိုက်တာပေါ့ဗျာ။ ကျွန်တော် တို့ကလည်း တောက်လျှောက်ကြီး တွဲလာခဲ့ကြတာ။ ကိုကျားနဲ့ဆိုအလုပ်အတူတူ တွဲလုပ်လာတာ နှစ်နှစ်လောက် ရှိပြီ။ ဘာရေစက်လဲတော့ မသိဘူး။ သီချင်းလုပ် လည်း လာတွေ့တယ်။ ကြော်ငြာရိုက်လည်း လာတွေ့တယ်။ The Voice Myanmar မှာ Coach လုပ်တော့လည်း ဆုံကြပြန်ရော။ တကယ့်တကယ် ခင်လာကြတာကျ နှစ်ပေါင်းမနည်းတော့ဘူး။ လမ်းကြောင်းချင်း ထပ်တူကျမနေသေးလို့သာ လုံးလုံး ထွေးထွေး မဖြစ်ခဲ့ကြတာ။အခုကျအရမ်းကြီးကို လုံးထွေးသွားကြပြီ။ ပျော်စရာကောင်းတယ်။

ဖခင်ဖြစ်ရတဲ့အရသာကလည်း ပျော်စရာပါ။ ကျွန်တော် ငယ်ငယ်ကကျအဖေနဲ့ မရင်းနှီးဘူး။ ကြောက်တာလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ ဘာကြီးလဲတော့ မသိဘူး။ တစ်ခုခုပဲ။ ဒါနဲ့ ငါ ဖခင်ဖြစ်ခဲ့တဲ့အခါကျရင်အဲဒါကြီးကို ချိုးပစ်မယ်ဆိုပြီး ကြိုးစားခဲ့တာ။ ကျွန်တော့်သားနဲ့ ကျွန်တော်နဲ့ဘော်ဒါလိုပဲ နေကြတယ်။အဖေဖြစ်ရ တာအရမ်းပေါ့ပါးတယ်။ သားအတွက် ကျွန်တော့်မှာ တာဝန်အကြီးကြီးတစ်ခု ရှိ တယ်ဆိုတာတော့ ခေါင်းထဲအမြဲ ရှိနေပါတယ်။

ကျွန်တော့်သားအနုပညာရှင်တစ်ယောက် ဖြစ်လာမှာ ကြောက်တဲ့စိတ်က တစ်ဝက် စီ ရှိတယ်လို့ ဆိုရမယ်။ သူ့ခေတ်ကို ကျွန်တော်တို့ ကြိုမမြင်ရသေးတာ ရှိတယ်။ သူ ဘာလုပ်ချင်ချင် ကျွန်တော်တို့ လင်မယားနှစ်ယောက်စလုံးက ပေးလုပ်မှာပဲ။ ဒါပေ မယ့် လုပ်ပြီးဖြစ်မလာခဲ့ရင်ဆိုတာအတွက် စိတ်ပူတာ ရှိတယ်။ ဒါကြောင့် ငါးဆယ်စီ လို့ ပြောတာပါ။ ပေါ့ပေါ့ပါးပါးနဲ့ ဖြေချင်တာတွေပဲ ဖြေလိုက်ရတဲ့အတွက်လည်း ကျေးဇူးဗျာ။


Interviewed by: Lu Thar Man


#ကျွန်တော်
#သီချင်း
#ဂီတ
#EDM
#ခေတ်

Some text some message..