ထူးပိုင်ဇော်ဦးကတော့ ဇာတ်ကားကောင်းတွေကို ရိုက်ကူးနေတဲ့ လူငယ်ဒါရိုက်တာ တစ်ဦးအနေနဲ့အနုပညာလောကမှာအောင်မြင်မှုတွေရရှိထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ဒါရိုက်တာ ထူးပိုင်ဇော်ဦး ပထမဆုံး ရိုက်ကူးခဲ့တဲ့ “ည” ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း ပရိသတ်တွေအကြိုက်နဲ့ ထပ်တူကျပြီးအောင်မြင်မှုများစွာ ရရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားပဲဖြစ်ပါတယ်။
လတ်တလောမှာလည်း ဒါရိုက်တာထူးပိုင်ဇော်ဦးရိုက်ကူးထားပြီး ဝါရင့်သရုပ်ဆောင် လွင်မိုး၊ ထွန်းအိန္ဒြာဗိုလ်၊ဖွေးဖွေးတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “သူစိမ်းအိမ်”ရုပ်ရှင်ဇာတ်ကားကြီးဟာ သြဂုတ်လ (၁)ရက်နေ့မှာ ရုံတင်ပြသသွားမှာပဲဖြစ်ပါတယ်။”သူစိမ်းအိမ်”ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Press Showပွဲမှာလာရောက်ကြည့်ရှူ့အားပေးခဲ့ကြတဲ့ သူတွေရဲ့အားပေးစကားတွေကြောင့် ဒါရိုက်တာထူးပိုင်ဇော်ဦးက ပီတိဖြစ်ခဲ့ရတာဖြစ်ပြီး
သူ့ကို ယုံယုံကြည်ကြည်နဲ့ လာရောက်အားပေးကြတဲ့ သူတွေကို ဘယ်တော့မှသစ္စာမဖောက်ပါဘူးလို့ ဂတိပေးလိုက်တာပဲဖြစ်ပါတယ်။”တစ်ယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်။ချီးကျူးအားပေးစကားသံတိုင်းကို ခွန်အားအဖြစ်မှတ်ယူပါတယ်။ကျတော့်အပေါ်ယုံကြည်မှုတစ်ခုနဲ့အားပေးနေသူတိုင်းကို ဘယ်တော့မှ သစ္စာမဖောက်ပါဘူး။ယုံကြည်မှုနဲ့ ထိုက်တန်တဲ့အနုပညာရှင်ဖြစ်အောင်အမြဲကြိုးစားထိန်းသိမ်းပါမယ်။အရမ်းချစ်ပါတယ်။”လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။CeleGabarပရိသတ်ကြီးရေ မနက်ဖြန်မှာ ရုံတင်ပြသမယ့် “သူစိမ်းအိမ်”ရုပ်ရှင်ဇာတ်ကားကြီးကို သွားကြည့်မှာလား ဖြေခဲ့ပေးပါဦးနော်။
Source : Htoo Paing Zaw Oo
Chilli@CeleGabar
ယူနီကုတ်ဖြင့်ဖတ်ရန်။
“ကျွန်တော့်အပေါ်ယုံကြည်မှုတစ်ခုနဲ့ အားပေးနေသူတိုင်းကို ဘယ်တော့မှ သစ္စာမဖောက်ပါဘူးလို့ ကတိပေးလိုက်တဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦး”
ထူးပိုင်ဇော်ဦးကတော့ ဇာတ်ကားကောင်းတွေကို ရိုက်ကူးနေတဲ့ လူငယ်ဒါရိုက်တာ တစ်ဦးအနေနဲ့ အနုပညာလောကမှာ အောင်မြင်မှုတွေရရှိထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ဒါရိုက်တာ ထူးပိုင်ဇော်ဦး ပထမဆုံး ရိုက်ကူးခဲ့တဲ့ “ည” ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း ပရိသတ်တွေအကြိုက်နဲ့ ထပ်တူကျပြီး အောင်မြင်မှုများစွာ ရရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားပဲဖြစ်ပါတယ်။
လတ်တလောမှာလည်း ဒါရိုက်တာထူးပိုင်ဇော်ဦးရိုက်ကူးထားပြီး ဝါရင့်သရုပ်ဆောင် လွင်မိုး၊ ထွန်းအိန္ဒြာဗိုလ်၊ဖွေးဖွေးတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “သူစိမ်းအိမ်”ရုပ်ရှင်ဇာတ်ကားကြီးဟာ သြဂုတ်လ (၁)ရက်နေ့မှာ ရုံတင်ပြသသွားမှာပဲဖြစ်ပါတယ်။”သူစိမ်းအိမ်”ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Press Showပွဲမှာလာရောက်ကြည့်ရှူ့အားပေးခဲ့ကြတဲ့ သူတွေရဲ့ အားပေးစကားတွေကြောင့် ဒါရိုက်တာထူးပိုင်ဇော်ဦးက ပီတိဖြစ်ခဲ့ရတာဖြစ်ပြီး
သူ့ကို ယုံယုံကြည်ကြည်နဲ့ လာရောက်အားပေးကြတဲ့ သူတွေကို ဘယ်တော့မှသစ္စာမဖောက်ပါဘူးလို့ ဂတိပေးလိုက်တာပဲဖြစ်ပါတယ်။”တစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ပါတယ်။ချီးကျူးအားပေးစကားသံတိုင်းကို ခွန်အားအဖြစ်မှတ်ယူပါတယ်။ကျတော့်အပေါ်ယုံကြည်မှုတစ်ခုနဲ့ အားပေးနေသူတိုင်းကို ဘယ်တော့မှ သစ္စာမဖောက်ပါဘူး။ယုံကြည်မှုနဲ့ ထိုက်တန်တဲ့ အနုပညာရှင်ဖြစ်အောင် အမြဲကြိုးစားထိန်းသိမ်းပါမယ်။ အရမ်းချစ်ပါတယ်။”လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။CeleGabarပရိသတ်ကြီးရေ မနက်ဖြန်မှာ ရုံတင်ပြသမယ့် “သူစိမ်းအိမ်”ရုပ်ရှင်ဇာတ်ကားကြီးကို သွားကြည့်မှာလား ဖြေခဲ့ပေးပါဦးနော်။