
ကောင်းဆက်ဇော်ကတော့ မြန်မာနိုင်ငံရဲ့အောင်မြင်ဆုံးအစီအစဉ်တင်ဆက်သူလို့ ပြောရလောက်အောင် Forever Group က MRTV 4,Channel 7အစရှိတဲ့ ရုပ်သံလိုင်းတွေမှာအစီအစဉ်တင်ဆက်သူအဖြစ်လုပ်ကိုင်ဆောင်ရွက် နေသူလည်းဖြစ်ပါတယ်။သူကတော့ လူကြိုက်များတဲ့ စားမယ်ဝါးမယ်၊မိသားစု ပြိုင်ပွဲ၊Many Drop၊MasterChef Myanmarအစီအစဉ်တို့မှာအစီအစဉ်ကြော်ငြာအဖြစ် ပရိသတ်တွေရဲ့အခိုင်အမာရရှိထားသူဖြစ်ပြီး ယခုနောက်ပိုင်းမှာဆိုရင် ကြော်ငြာတွေမှာပါ ပါဝင်သရုပ်ဆောင်လာခဲ့သည့်အထိအောင်မြင်မှုရရှိထားပါတယ်။
ပရိသတ်အချို့ကတော့ ချစ်စနှိုးနဲ့ ကိုကောင်းကြီးလို့ခေါ်ဝေါ်ကြပါတယ်။အသက်(၃၃)နှစ်ရွယ် လူပျိုကြီးတစ်ယောက်ဖြစ်တဲ့ ကိုကောင်းကြီးကတော့ မကြာသေးမီကမှ ချစ်သူနဲ့ စေ့စပ်ထားပြီး နောက်နှစ်ထဲမှာတော့ မင်္ဂလာသတင်းကြားရတော့မယ်လို့ ခန့်မှန်းရပါတယ်။သူကတော့ ရိုက်ကူးရေးနောက်ဆုံးနေ့တိုင်း ရိုက်ကူးရေးအဖွဲသားများနဲ့ လုံခြုံရေး၊သန့်ရှင်းရေးပါမကျန်အမြဲမုန့်ဝယ်ကျွေးလေ့ရှိတယ်လို့ သိရပါတယ်။
လက်ရှိ မိသားစုပြိုင်ပွဲရိုက်ကူးရေးနောက်ဆုံးနေ့မှာတော့ ကိုကောင်းကြီးချစ်သူကိုယ်တိုင်ကြော်ထားတဲ့ ကြာဇံကြော်တွေကျွေးခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးရေအခုလို့ စိတ်တူကိုယ်တူရှိတဲ့ ကောင်းထက်ဇော်တို့ စုံတွဲလေးကို ဂုဏ်ပြုစကားလေးပြောသွားပါဦးနော်။
Source: Kaung Htet Zaw
DarDar@CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်
“ရိုက်ကူးရေးနောက်ဆုံးနေ့မှာ အဖွဲသားတွေကို ကိုယ်တိုင်ကြော်ထားတဲ့ ကြာဇံကြော်တွေကျွေးခဲ့တဲ့ ကောင်းထက်ဇော်တို့စုံတွဲ”
ကောင်းဆက်ဇော်ကတော့ မြန်မာနိုင်ငံရဲ့ အောင်မြင်ဆုံး အစီအစဉ်တင်ဆက်သူလို့ ပြောရလောက်အောင် Forever Group က MRTV 4,Channel 7အစရှိတဲ့ ရုပ်သံလိုင်းတွေမှာ အစီအစဉ်တင်ဆက်သူအဖြစ်လုပ်ကိုင်ဆောင်ရွက် နေသူလည်းဖြစ်ပါတယ်။သူကတော့ လူကြိုက်များတဲ့ စားမယ်ဝါးမယ်၊မိသားစု ပြိုင်ပွဲ၊Many Drop၊MasterChef Myanmar အစီအစဉ်တို့မှာ အစီအစဉ်ကြော်ငြာအဖြစ် ပရိသတ်တွေရဲ့ အခိုင်အမာရရှိထားသူဖြစ်ပြီး ယခုနောက်ပိုင်းမှာဆိုရင် ကြော်ငြာတွေမှာပါ ပါဝင်သရုပ်ဆောင်လာခဲ့သည့်အထိ အောင်မြင်မှုရရှိထားပါတယ်။
ပရိသတ်အချို့ကတော့ ချစ်စနှိုးနဲ့ ကိုကောင်းကြီးလို့ခေါ်ဝေါ်ကြပါတယ်။ အသက်(၃၃)နှစ်ရွယ် လူပျိုကြီးတစ်ယောက်ဖြစ်တဲ့ ကိုကောင်းကြီးကတော့ မကြာသေးမီကမှ ချစ်သူနဲ့ စေ့စပ်ထားပြီး နောက်နှစ်ထဲမှာတော့ မင်္ဂလာသတင်းကြားရတော့မယ်လို့ ခန့်မှန်းရပါတယ်။သူကတော့ ရိုက်ကူးရေးနောက်ဆုံးနေ့တိုင်း ရိုက်ကူးရေးအဖွဲသားများနဲ့ လုံခြုံရေး၊သန့်ရှင်းရေးပါမကျန် အမြဲမုန့်ဝယ်ကျွေးလေ့ရှိတယ်လို့ သိရပါတယ်။
လက်ရှိ မိသားစုပြိုင်ပွဲရိုက်ကူးရေးနောက်ဆုံးနေ့မှာတော့ ကိုကောင်းကြီးချစ်သူကိုယ်တိုင်ကြော်ထားတဲ့ ကြာဇံကြော်တွေကျွေးခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးရေ အခုလို့ စိတ်တူကိုယ်တူရှိတဲ့ ကောင်းထက်ဇော်တို့ စုံတွဲလေးကို ဂုဏ်ပြုစကားလေးပြောသွားပါဦးနော်။