နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော်မော်ဒယ်၊မင်းသားချောပိုင်တံခွန်ကတော့ ပြည်ပက မိန်းကလေးပရိသတ်တွေကိုပါဖမ်းစားနိုင်ခဲ့ပါပြီ။ပိုင်တံခွန်ဟာအမိုက်စားဘော်ဒီနဲ့စတိုင်ကျလွန်းတာကြောင့် မိန်းကလေးပရိသတ်တွေဝန်းရံခြင်းခံရသူပါ။လူမှုကွန်ယက်ပေါ်ကပိုင်တံခွန်ရဲ့ပုံရိပ်တွေကိုတွေ့ပြီးတော့ ဂျပန်၊ဗီယက်နမ် နဲ့ထိုင်းနိုင်ငံကမိန်းကလေးတွေက သဘောကျနှစ်သက်ခဲ့ကြပါတယ်။ပြည်ပကပရိသတ်တွေရဲ့အားပေးကြမ်းမှုကြောင့် ပိုင်တံခွန်ရဲ့ဖေ့ဘုတ်အကောင့်ဟာ တစ်နေ့တစ်ခြား follower တွေတိုးလာတာလည်းဖြစ်ပါတယ်။
အခုဆိုရင်ပိုင်တံခွန်ဟာထိုင်းနိုင်ငံမှာကြေငြာတွေလက်ခံရိုက်ကူးနေရပြီး ထိုင်းမီဒီယာတွေမှာပါ ဖော်ပြခြင်းခံရခဲ့ရသူပါ။အခုရက်ပိုင်းအတွင်း Fan Meeting လုပ်ဖို့အတွက် ထိုင်းနိုင်ငံကိုသွားရောက်ခဲ့တာဖြစ်ပြီး
ပရိသတ်တွေနဲ့တွေ့ဆုံခဲ့သလို Hollywood Thailand Co.,Ltd နဲ့ပူးပေါင်းကျင်းပတဲ့ Asian Rising Star Paing Takhon ပွဲကိုလည်းတက်ရောက်ခဲ့ပါသေးတယ်။
ပိုင်တံခွန်ကို Posh Megazine ကနေအင်တာဗျူးတစ်ခုပြုလုပ်ခဲ့ရာမှာတော့ “အပြင်မှာတွေ့ဆုံချင်တဲ့ထိုင်းမလေးကဘယ်သူဖြစ်မလဲ?အဲ့ဒီမိန်းကလေးကို ဘာများပြောချင်သေးလဲ?” ဆိုတဲ့မေးခွန်းကို မေးခဲ့ပါတယ်။ ပိုင်တံခွန်ကတော့ မကြာသေးခင်ကမှရုံတင်ခဲ့တဲ့ Friendzone ဇာတ်ကားထဲကမင်းသမီးချောလေး Baifern Pimchanok ကိုရွေးချယ်ခဲ့ပါတယ်။ “ချစ်စရာကောင်းပြီးဆွဲဆောင်မှုရှိသလို သရုပ်ဆောင်လည်းကောင်းတဲ့သူလို့ ချီးကျူးစကားပြောခဲ့ပါတယ်။ထိုင်းနိုင်ငံမှာ သူငယ်ချင်းတွေလည်းရချင်ပါသေးတယ်”လို့ ပြောခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာပရိသတ်အားပေးမှုများပြားများနေတဲ့ပိုင်တံခွန်ဟာ မင်းသမီးချော Baifern နဲ့အတူ
အနုပညာအလုပ်တွေလုပ်ကိုင်ဖို့ရှိလားဦးမလားနော်…။
Source:Thaiupdate
Sweet@CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

ထိုင်းမင်းသမီးချောလေး Baifern Pimchanok ကိုအပြင်မှာတွေ့ဖူးချင်တယ်လို့ပြောလိုက်တဲ့ပိုင်တံခွန်
နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော်မော်ဒယ်၊မင်းသားချောပိုင်တံခွန်ကတော့ ပြည်ပက မိန်းကလေးပရိသတ်တွေကိုပါဖမ်းစားနိုင်ခဲ့ပါပြီ။ပိုင်တံခွန်ဟာအမိုက်စားဘော်ဒီနဲ့စတိုင်ကျလွန်းတာကြောင့် မိန်းကလေးပရိသတ်တွေဝန်းရံခြင်းခံရသူပါ။လူမှုကွန်ယက်ပေါ်ကပိုင်တံခွန်ရဲ့ပုံရိပ်တွေကိုတွေ့ပြီးတော့ ဂျပန်၊ဗီယက်နမ် နဲ့ထိုင်းနိုင်ငံကမိန်းကလေးတွေက သဘောကျနှစ်သက်ခဲ့ကြပါတယ်။ပြည်ပကပရိသတ်တွေရဲ့ အားပေးကြမ်းမှုကြောင့် ပိုင်တံခွန်ရဲ့ဖေ့ဘုတ်အကောင့်ဟာ တစ်နေ့တစ်ခြား follower တွေတိုးလာတာလည်းဖြစ်ပါတယ်။
အခုဆိုရင်ပိုင်တံခွန်ဟာထိုင်းနိုင်ငံမှာကြေငြာတွေလက်ခံရိုက်ကူးနေရပြီး ထိုင်းမီဒီယာတွေမှာပါ ဖော်ပြခြင်းခံရခဲ့ရသူပါ။အခုရက်ပိုင်းအတွင်း Fan Meeting လုပ်ဖို့အတွက် ထိုင်းနိုင်ငံကိုသွားရောက်ခဲ့တာဖြစ်ပြီး
ပရိသတ်တွေနဲ့တွေ့ဆုံခဲ့သလို Hollywood Thailand Co.,Ltd နဲ့ပူးပေါင်းကျင်းပတဲ့ Asian Rising Star Paing Takhon ပွဲကိုလည်းတက်ရောက်ခဲ့ပါသေးတယ်။
ပိုင်တံခွန်ကို Posh Megazine ကနေ အင်တာဗျူးတစ်ခုပြုလုပ်ခဲ့ရာမှာတော့ “အပြင်မှာတွေ့ဆုံချင်တဲ့ထိုင်းမလေးကဘယ်သူဖြစ်မလဲ?အဲ့ဒီမိန်းကလေးကို ဘာများပြောချင်သေးလဲ?” ဆိုတဲ့မေးခွန်းကို မေးခဲ့ပါတယ်။ ပိုင်တံခွန်ကတော့ မကြာသေးခင်ကမှရုံတင်ခဲ့တဲ့ Friendzone ဇာတ်ကားထဲကမင်းသမီးချောလေး Baifern Pimchanok ကိုရွေးချယ်ခဲ့ပါတယ်။ “ချစ်စရာကောင်းပြီးဆွဲဆောင်မှုရှိသလို သရုပ်ဆောင်လည်းကောင်းတဲ့သူလို့ ချီးကျူးစကားပြောခဲ့ပါတယ်။ထိုင်းနိုင်ငံမှာ သူငယ်ချင်းတွေလည်းရချင်ပါသေးတယ်”လို့ ပြောခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာပရိသတ်အားပေးမှုများပြားများနေတဲ့ပိုင်တံခွန်ဟာ မင်းသမီးချော Baifern နဲ့အတူ
အနုပညာအလုပ်တွေလုပ်ကိုင်ဖို့ရှိလားဦးမလားနော်…။