တောင်ကိုရီးယားနိုင်ငံရဲ့ရုပ်အချောဆုံး Kpop Idolအဖြစ်ရွေးချယ်ခံရတဲ့ Jin နဲ့ Jisoo
celegabar.com
|
2019-08-08



တောင်ကိုရီးယားနိုင်ငံရဲ့ဇာတ်လမ်းတွဲတွေ သီချင်းတွေဟာ နိုင်ငံတကာမှာလွှမ်းမိုးနိုင်တာကြောင့် K wave ဆိုတဲ့စကားလုံးတောင်ထွက်ပေါ်လာတဲ့အထိပါပဲ။တောင်ကိုရီးယားနိုင်ငံရဲ့အနုပညာရှင်တွေဟာလည်း ထူးချွန်တဲ့အရည်အချင်းတွေအပြင် ထူးထူးခြားခြားချောမောလှပတဲ့ရုပ်ရည်အသွင်အပြင်တွေရှိကြပါတယ်။Kpop Idol တွေထဲကမှ ရုပ်အချောဆုံးအမျိုးသမီးနဲ့အမျိုးသား Idol ကို သတင်းဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Namesns ကနေပြီးတော့မဲပေးရွေးချယ်ခိုင်းခဲ့ပါတယ်။ပရိသတ်တွေ ရွေးချယ်ခဲ့တဲ့သူနှစ်ဦးကတော့ Jin နဲ့ Jisoo တို့ဖြစ်ပါတယ်။


Jin ကတော့ တောင်ကိုရီးယားနိုင်ငံရဲ့နာမည်အကြီးဆုံးအဖွဲ့ဖြစ်တဲ့ BTSအဖွဲ့ရဲ့ vocalist တစ်ယောက်ဖြစ်ပါတယ်။




မိန်းမလှလေး Jisoo ကလည်း ထိပ်တန်းအဆိုတော်အဖွဲ့ဖြစ်တဲ့ Blackpinkအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး လှပတဲ့ရုပ်ရည်ကြောင့်လည်း လူသိများသူတစ်ယောက်ပါ။



အချောဆုံးအမျိုးသား Idol တွေထဲမှာတော့ BTSအဖွဲ့ဝင် Jin က မဲပေးမှု ၄၃% နဲ့ ပထမနေရာ၊SS501အဖွဲ့ဝင် Hyun Joong ကဒုတိယနေရာမှာရှိခဲ့ပြီး Astroအဖွဲ့ဝင် Cha Eun-woo ကတော့တတိယနေရာမှာရှိနေခဲ့ပါတယ်။
အချောဆုံးအမျိုးသမီး Idol တွေထဲမှာဆိုရင် Blackpinkအဖွဲ့ဝင် Jisoo ကထိပ်ဆုံးမှာရှိနေပြီးT-araအဖွဲ့ဝင် Jiyeon နဲ့ Dream Catcherအဖွဲ့ဝင် Jiu တို့က ဒုတိယနဲ့တတိယနေရာမှာရှိနေခဲ့ကြတာပါ။




မဲပေးရွေးချယ်ရာမှာထိပ်ဆုံးနေရာမှာရှိခဲ့တဲ့ Jin နဲ့ Jisoo တို့ နှစ်ဦးစလုံးဟာအနုပညာအရည်အချင်းတွေပြည့်ဝပြီး ရုပ်ရည်ချောမောလှပလွန်းသူတွေဆိုတာတော့ငြင်းမရပါဘူးနော်…။
Source:Allkpop
Sweet@CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်



တောင်ကိုရီးယားနိုင်ငံရဲ့ရုပ်အချောဆုံး Kpop Idol အဖြစ်ရွေးချယ်ခံရတဲ့ Jin နဲ့ Jisoo
တောင်ကိုရီးယားနိုင်ငံရဲ့ဇာတ်လမ်းတွဲတွေ သီချင်းတွေဟာ နိုင်ငံတကာမှာလွှမ်းမိုးနိုင်တာကြောင့် K wave ဆိုတဲ့စကားလုံးတောင်ထွက်ပေါ်လာတဲ့အထိပါပဲ။တောင်ကိုရီးယားနိုင်ငံရဲ့အနုပညာရှင်တွေဟာလည်း ထူးချွန်တဲ့အရည်အချင်းတွေအပြင် ထူးထူးခြားခြားချောမောလှပတဲ့ရုပ်ရည်အသွင်အပြင်တွေရှိကြပါတယ်။
Kpop Idol တွေထဲကမှ ရုပ်အချောဆုံးအမျိုးသမီးနဲ့အမျိုးသား Idol ကို သတင်းဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Namesns ကနေပြီးတော့မဲပေးရွေးချယ်ခိုင်းခဲ့ပါတယ်။ပရိသတ်တွေ ရွေးချယ်ခဲ့တဲ့သူနှစ်ဦးကတော့ Jin နဲ့ Jisoo တို့ဖြစ်ပါတယ်။
Jin ကတော့ တောင်ကိုရီးယားနိုင်ငံရဲ့နာမည်အကြီးဆုံးအဖွဲ့ဖြစ်တဲ့ BTS အဖွဲ့ရဲ့ vocalist တစ်ယောက်ဖြစ်ပါတယ်။မိန်းမလှလေး Jisoo ကလည်း ထိပ်တန်းအဆိုတော်အဖွဲ့ဖြစ်တဲ့ Blackpink အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး လှပတဲ့ရုပ်ရည်ကြောင့်လည်း လူသိများသူတစ်ယောက်ပါ။
အချောဆုံးအမျိုးသား Idol တွေထဲမှာတော့ BTS အဖွဲ့ဝင် Jin က မဲပေးမှု ၄၃% နဲ့ ပထမနေရာ၊SS501အဖွဲ့ဝင် Hyun Joong ကဒုတိယနေရာမှာရှိခဲ့ပြီး Astro အဖွဲ့ဝင် Cha Eun-woo ကတော့တတိယနေရာမှာရှိနေခဲ့ပါတယ်။
အချောဆုံးအမျိုးသမီး Idol တွေထဲမှာဆိုရင် Blackpink အဖွဲ့ဝင် Jisoo ကထိပ်ဆုံးမှာရှိနေပြီးT-ara အဖွဲ့ဝင် Jiyeon နဲ့ Dream Catcher အဖွဲ့ဝင် Jiu တို့က ဒုတိယနဲ့တတိယနေရာမှာရှိနေခဲ့ကြတာပါ။
မဲပေးရွေးချယ်ရာမှာထိပ်ဆုံးနေရာမှာရှိခဲ့တဲ့ Jin နဲ့ Jisoo တို့ နှစ်ဦးစလုံးဟာ အနုပညာအရည်အချင်းတွေပြည့်ဝပြီး ရုပ်ရည်ချောမောလှပလွန်းသူတွေဆိုတာတော့ငြင်းမရပါဘူးနော်…။


#အဖွဲ့ဝင်
#အချော
#ရုပ်ရည်
#ကိုရီးယား
#ယူနီကုဒ်

Some text some message..