သြဂုတ်လ(၉)ရက်နေ့မှာတော့ ဖွေးဖွေးက (၃၁)နှစ်ပြည့်သွားပြီပဲဖြစ်ပါတယ်။ ဖွေးဖွေးက ဇာတ်လမ်းပိုင်းတွေမှာ ပရိသတ်အကြိုက်ကာရိုက်တာတွေကို ပုံဖော်ပေးနိုင်တာကြောင့် “လက်ပံ”၊” ကျွန်မကနှင်းဆီပါမောင်”၊” ရွှေကြာ”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာအကောင်းဆုံးအကယ်ဒမီဆုတွေကို သိမ်းပိုက်ရရှိထားသူတစ်ယောက်ပါ။လတ်တလောမှာတော့ သူစိမ်းအိမ်ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီးတော့ ဒီဇာတ်ကားဟာဆိုရင် ရုံပြည့်ရုံလျှံဖြစ်ရတဲ့အထိ ပရိသတ်အားပေးမှုကို ရရှိထားတာဖြစ်ပါတယ်။
ဒီနေ့ကတော့ ပရိသတ်အချစ်တော်လေးတစ်ယောက်ဖြစ်တဲ့အကယ်သုံးထပ်ကွမ်း ဖွေးစိန်လေးရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူမရဲ့မွေးနေ့မှာအလှူအတန်းပြုလုပ်ခဲ့တာဖြစ်ပြီးတော့ ချစ်ရတဲ့ ပရိသတ်တွေက မွေးနေ့ဆုတောင်းစကားတွေပြောပြေထားတာကို သိရပါတယ်။အနုပညာရှင်ညီအကိုမောင်နှမတွေဖြစ်တဲ့ ဒီဇိုင်နာ ငြိမ်းကို နဲ့ “သူစိမ်းအိမ်”ရုပ်ရှင်ဇာတ်ကားကအနုပညာရှင်ညီအကိုမောင်နှမတွေက ဖွေးစိန်လေးအတွက် မွေးနေ့ Surprise လုပ်ပေးခဲ့တဲ့တာဖြစ်ပါတယ်။
ဖွေးစိန်လေးကတော့ မျှော်လင့်ထားတဲ့ မွေးနေ့ Surpriseလေးကြောင့် ပီတိဖြစ်နေရတာဖြစ်ပါတယ်။ “ကိုယ်ကိုကိုယ် Surpriseမကြိုက်ဘူးလို့ထင်တာအရမ်းကြိုက်တယ်”ဆိုပြီးတော့လည်း ဖွေးဖွေးကပြောပြထားပါသေးတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ဒီနေ့မှာ ကျရောက်တဲ့ ဖွေးစိန်လေးရဲ့ မွေးနေ့အတွက် ဆုတောင်းစကားလေး ပြောပြခဲ့ပါဦးနော်……
Source; Nyein Ko/သူစိမ်းအိမ် – Stranger’s House
ချစ်သဲမေ @CeleGabar

ယူနီကုတ်ဖြင့်ဖတ်ရန်
“အကယ်ဒမီဖွေးဖွေးကို မွေးနေ့ Surprise လုပ်ပေးခဲ့တဲ့ အနုပညာရှင်များ”
သြဂုတ်လ(၉)ရက်နေ့မှာတော့ ဖွေးဖွေးက (၃၁)နှစ်ပြည့်သွားပြီပဲဖြစ်ပါတယ်။ ဖွေးဖွေးက ဇာတ်လမ်းပိုင်းတွေမှာ ပရိသတ်အကြိုက်ကာရိုက်တာတွေကို ပုံဖော်ပေးနိုင်တာကြောင့် “လက်ပံ”၊” ကျွန်မကနှင်းဆီပါမောင်”၊” ရွှေကြာ”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ အကောင်းဆုံး အကယ်ဒမီဆုတွေကို သိမ်းပိုက်ရရှိထားသူတစ်ယောက်ပါ။လတ်တလောမှာတော့ သူစိမ်းအိမ်ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီးတော့ ဒီဇာတ်ကားဟာဆိုရင် ရုံပြည့်ရုံလျှံဖြစ်ရတဲ့အထိ ပရိသတ်အားပေးမှုကို ရရှိထားတာဖြစ်ပါတယ်။
ဒီနေ့ကတော့ ပရိသတ်အချစ်တော်လေးတစ်ယောက်ဖြစ်တဲ့ အကယ်သုံးထပ်ကွမ်း ဖွေးစိန်လေးရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူမရဲ့မွေးနေ့မှာ အလှူအတန်းပြုလုပ်ခဲ့တာဖြစ်ပြီးတော့ ချစ်ရတဲ့ ပရိသတ်တွေက မွေးနေ့ဆုတောင်းစကားတွေပြောပြေထားတာကို သိရပါတယ်။ အနုပညာရှင်ညီအကိုမောင်နှမတွေဖြစ်တဲ့ ဒီဇိုင်နာ ငြိမ်းကို နဲ့ “သူစိမ်းအိမ်”ရုပ်ရှင်ဇာတ်ကားက အနုပညာရှင်ညီအကိုမောင်နှမတွေက ဖွေးစိန်လေးအတွက် မွေးနေ့ Surprise လုပ်ပေးခဲ့တဲ့တာဖြစ်ပါတယ်။
ဖွေးစိန်လေးကတော့ မျှော်လင့်ထားတဲ့ မွေးနေ့ Surpriseလေးကြောင့် ပီတိဖြစ်နေရတာဖြစ်ပါတယ်။ “ကိုယ်ကိုကိုယ် Surpriseမကြိုက်ဘူးလို့ထင်တာ အရမ်းကြိုက်တယ်”ဆိုပြီးတော့လည်း ဖွေးဖွေးကပြောပြထားပါသေးတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ဒီနေ့မှာ ကျရောက်တဲ့ ဖွေးစိန်လေးရဲ့ မွေးနေ့အတွက် ဆုတောင်းစကားလေး ပြောပြခဲ့ပါဦးနော်……
Source; Nyein Ko/သူစိမ်းအိမ် – Stranger’s House
ချစ်သဲမေ @CeleGabar