
တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် Kpopအဆိုတော်အဖွဲ့ T-ara ဟာဆိုရင် တစ်ချိန်က လူငယ်တွေအကြား လူကြိုက်များရေပန်းစားတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ခဲ့ပါတယ်။ T-ara ဟာ ၂၀၀၉ ခုနှစ်မှာပွဲဦးထွက်ခဲ့ပြီး ၂၀၁၁ မှာအဖွဲ့ဝင် Hwayoung ကို ဝိုင်းဝန်းအနိုင်ကျင့်တယ်ဆိုပြီး သတင်းဆိုးတွေ ထွက်ပေါ်ခဲ့ပါတယ်။အဆိုပါ သတင်းပြီးနောက် T-ara နာမည်ကျဆင်းသွားခဲ့ပါတယ်။ ဒါပေမဲ့ များစွာသော T-ara ပရိတ်သတ်တွေကတော့ T-ara ကိုအားပေးနေကြတုန်းပါပဲ။ T-araအဖွဲ့ ဘယ်လိုဖြစ်လို့ သူဌေးှဆီက ခြူစားတယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာလဲ၊ Hyomin က ဘယ်လိုဖြေရှင်းသွားလဲဆိုတာ သိရှိဖို့ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
T-araအဖွဲ့ဟာ တရုတ်သူဌေး Wang Si Cong ဆီက ကိုးရီးယားဝမ် သန်း ၉ ထောင်လက်ခံရရှိထားတယ်ဆိုတဲ့ သတင်းများထွက်ပေါ်လာပါတယ်။ ဒီကိစ္စနဲ့ စပ်လျဉ်းပြီး T-araအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Hyomin ဟာ Radio Starအစီအစဉ်မှာအောက်ပါအတိုင်းဖြေရှင်းသွားပါတယ်။
“ဒီသတင်းကို ကြားကြားချင်း ကျွန်မကတောင် သတင်းအမှန်ဖြစ်ရင် ဘယ်လောက်ကောင်းလိမ့်မလဲလို့ မျှော်လင့်ခဲ့သေးတာ၊ ကျွန်မသတင်းအမှားကြီးလို့ မီဒီယာတွေကို ပြန်ပြောဖို့လုပ်ခဲ့ပေမယ့် Wang Si Cong ကပဲအရင်ငြင်းဆိုလိုက်ပါတယ်။ သူက ကျွန်မတို့အေဂျင်စီကို တည်ထောင်သူဖြစ်ပြီး ကျွန်မတို့နဲ့ စာချုပ်ချုပ်ဆိုထားတဲ့ ပတ်သတ်မှုပဲရှိတာပါ။ လူတွေပြောနေကြတဲ့ ဝမ်သန်း ၉ထောင်တွေ ကားလက်ဆောင်ဆိုတာမျိုးတွေလဲ တစ်ခါမှမရဖူးပါဘူး” ဆိုပြီး ပြောသွားပါတယ်။
တစ်ဖန် ရည်းစားဆီက ကားအကောင်းစား လက်ဆောင်ရရှိတယ်ဆိုတာကိုလဲ Hyomin ကဖြေရှင်းသွားပါတယ်။ “ကျွန်မသူငယ်ချင်းက ကားကုမ္ပဏီမှာအလုပ်လုပ်တယ်၊ သူတို့ ကုမ္ပဏီကအသစ်ထွက်တဲ့ကားကို လူပိုသိအောင် ဆယ်လီတစ်ယောက်ယောက်နဲ့ ချိတ်ချင်တဲ့အတွက် ကျွန်မကို ကားတစ်စီး ၈ လတိတိပေးစီးတယ်၊ ၈ လပြီးတဲ့နောက်မှာ သူတို့ကားကို ကျွန်ပြန်အပ်လိုက်တယ်၊ ဒီကြားက ဘယ်လိုက ဘယ်လို ကျွန်မရည်းစားက ကားလက်ဆောင်ပေးတယ်ဆိုပြီး သတင်းတွေထွက်လာတယ်တော့ မပြောတတ်တော့ဘူး” ဆိုပြီးရှင်းပြသွားပါတယ်။
T-ara ဟာ ယခင်က လူစုံတက်စုံနဲ့ ပရိတ်သတ်ချစ်ခင်နှစ်သက်တဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာတော့အဖွဲ့ဝင် Qri, Eunjung, Hyomin, Jiyeon တို့လေးယောက်နဲ့သာ ဆက်လက်ရပ်တည်နေတာပဲဖြစ်ပါတယ်။
Ref:soompi
(ပိုပိုလေး)