
မြန်မာနိုင်ငံရှိ မော်ဒယ်၊ သရုပ်ဆောင် ပိုင်တံခွန်ဟာဆိုရင် လူမှုကွန်ယက် ဖေ့ဘွတ်ခ်ကနေတစ်ဆင့် ထိုင်းပရိတ်သတ်တွေ ဝန်းရံတာခံခဲ့ရပြီး ထိုင်းသတင်းမီဒီယာတွေမှာတောင် ဖော်ပြခြင်းခံခဲ့ရပါတယ်။ ပိုင်တံခွန်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်နေ့မှာ ထိုင်းနိုင်ငံကို သွားရောက်ပြီး ထိုင်းပရိတ်သတ်တွေနဲ့ တွေ့ဆုံနိုင်ဖို့ fan meeting လေးတစ်ခုပြုလုပ်ခဲ့ပါတယ်။ သြဂုတ် ၇ ရက်နေ့၊ Asian Rising Star ခေါင်းစဉ်နဲ့အတူ ပရိတ်သတ်တွေနဲ့ ပြန်လည်ဆုံတွေ့ခဲ့ပြီး ခင်မင်ရင်းနှီးမှုတွေရရှိခဲ့ပါတယ်။ ပိုင်တံခွန် ရန်ကုန်ကို ပြန်လာမယ့်နေ့ လေဆိပ်မှာ ထိုင်းပရိတ်သတ်တွေ ဘယ်လို လိုက်ပို့ခဲ့ကြတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
ပိုင်တံခွန်ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပရိတ်သတ်များနဲ့ သွားရောက်တွေ့ဆုံပြီး သြဂုတ်လ ၉ ရက်နေ့မှာ မြန်မာနိုင်ငံသို့ ပြန်လာခဲ့တာပဲဖြစ်ပါတယ်။
ပိုင်တံခွန် လိုက်ပါစီးနင်းမယ့် လေဆိပ်ဧရိယာမှာ ထိုင်းပရိတ်သတ်အများအပြား လိုက်ပို့ခဲ့ကြပြီး ပိုင်တံခွန်ကို လာရောက်နှုတ်ဆက်ခဲ့ကြပါတယ်။
ပိုင်တံခွန် fan club တစ်ခုဖြစ်တဲ့ Paing Takhon FC Thailand Page ကနေပြီး လေဆိပ်မှာ ပိုင်တံခွန် ပရိတ်တွေကို နှုတ်ဆက်နေတဲ့ ဗွီဒီယိုတစ်ခုကို တင်ပေးခဲ့ပါတယ်။
ဘန်ကောက်က ပရိတ်သတ်တွေအခုလိုအားပေးကြတာကို ကျေးဇူးတင်ကြောင်း ပိုင်တံခွန်က လူမှုကွန်ယက် ဖေ့ဘွတ်ခ်မှတစ်ဆင့် ရေးသားပြောကြားထားပါတယ်။
ပိုင်တံခွန်ဟာ ဘန်ကောက်မှာရှိတဲ့ လူငယ်တွေကြား လူကြိုက်များလှတာကြောင့် ထိုင်းသတင်းမီဒီယာတွေရဲ့ စောင့်ကြည့်တာကို ခံခဲ့ရပြီး Voice TV, Thairath TVအစရှိတဲ့ TV Channel တွေရဲ့အင်တာဗျူးမေးမြန်းခြင်းအစီအစဉ်မှာတောင် ပါဝင်ခဲ့ပါသေးတယ်။
လက်ရှိမှာ ပိုင်တံခွန်ဟာ ထိုင်းနိုင်ငံမှာရှိတဲ့ လိပ်ပြာစံအိမ် ရိုက်ကူးရေး ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး နိုင်ငံရပ်ခြားမှာအနုပညာလှုပ်ရှားမှုတွေ စတင်နိုင်တော့မှာပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံကအနုပညာရှင်တစ်ယောက်အနေနဲ့အခုလို တိုင်းတစ်ပါးထိထိုးဖောက်နိုင်တာဟာ ဂုဏ်ယူဝမ်းမြောက်စရာပါ။ ပိုင်တံခွန်တစ်ယောက် ဒီထက်မကအောင်မြင်မှုတွေ ရရှိနိုင်ပါစေလို့ ပိုပိုလေးအဖွဲ့သားများမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
Ref:Paing Takhon FC Thailand
(ပိုပိုလေး)