
မြန်မာ့အနုပညာလောကထဲ သရုပ်ဆောင်တစ်ယောက်အဖြစ်ကနေ ဒါရိုက်တာအဖြစ်ပါရပ်တည်လာတဲ့ ညိုမင်းလွင်ကတော့ ဗီဒီယိုရုပ်ရှင်ကားတွေ ခေတ်စားခဲ့စဉ်က ရုပ်ရှင်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်ရဲ့အားပေးမှုကိုရရှိခဲ့သူပါ။ ဒါရိုက်တာအဖြစ်လုပ်ကိုင်စဉ်မှာလည်း မြင်နေကြပုံစံတွေနဲ့မတူ ထူးခြားတဲ့ရုပ်ရှင်တွေကို ဖန်တီးတတ်သူမို့ ညိုမင်းလွင်ဖန်တီးထားတဲ့ ရုပ်ရှင်တွေကို ပရိသတ်တွေက သဘောကျနှစ်ခြိုက်ခဲ့ကြပါတယ်။
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
ညိုမင်းလွင်က မြန်မာ့နိုင်ငံရဲ့ပထမဦးဆုံး သိပ္ပံရုပ်ရှင်ကားအဖြစ် “အနန္တ”ဆိုတဲ့ ရုပ်ရှင်ကားကြီးကိုလည်း ဖန်တီးရိုက်ကူးခဲ့ပြီး မကြာသေးခင်ကပဲ ရုံတင်ပြသခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင်ဖြိုးငွေစိုး၊ နန်းဆုဦးတို့ကအကောင်းဆုံးပါဝင်သရုပ်ဆောင်ခဲ့တဲ့ ထိုရုပ်ရှင်က လူစိတ်ဝင်စားမှုများခဲ့သလို လူကြိုက်များတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားလည်းဖြစ်ခဲ့ပါတယ်။
ရုပ်ရှင်ချစ်ပရိသတ်တွေအတွက်အသစ်သစ်သောဇတ်ကားတွေ၊ ထူးခြားတဲ့ရုပ်ရှင်တွေကို ဖန်တီးဖို့အမြဲကြိုးစားနေတဲ့ ညိုမင်းလွင်ရဲ့ နောက်ထပ်စိတ်ဝင်စားဖွယ် လူသတ်ဇာတ်ကားဖြစ်တဲ့ “The Spa” ရုပ်ရှင်ကားကြီးဟာဆိုရင်လည်း ရုံတင်ပြသနိုင်ဖို့အတွက် ဆင်ဆာကြလာခဲ့ပြီဖြစ်ပါတယ်။ ရုပ်ရှင်ဆင်ဆာကြတဲ့နေ့မှာ ညိုမင်းလွင်ကအပျော်လွန်ပြီး ပရိသတ်တွေစိတ်ဝင်စားမယ့် ရုပ်ရှင်ဇာတ်ဝင်ခန်းထဲက ပုံရိပ်တစ်ချို့ကိုထုတ်ဖော်ပြသခဲ့ပါတယ်။
ညိုမင်းလွင်က သရုပ်ဆောင်ဆုမြတ်နိုးဦးရဲ့ ရုပ်ရှင်ဇာတ်ဝင်ခန်းထဲက ပုံရိပ်တစ်ခုကိုထုတ်ပြခဲ့ပြီးအပေါ်ပိုင်းဗလာကျင်းဖြစ်နေတဲ့ ဆုမြတ်နိုးဦးရဲ့ပုံကြောင့် ပရိသတ်တွေက စိတ်ဝင်စားခဲ့ကြပေမယ့် တစ်ချို့သောသူတွေကတော့ မြန်မာ့ယဉ်ကျေးမှုနဲ့မကိုက်ညီဘူးဟုဆိုကာ ဝေဖန်ခဲ့ကြပါတယ်။ The Spa ရုပ်ရှင်ကားနဲ့ပတ်သက်ပြီး ဝေဖန်နေသူတွေကိုတော့ ညိုမင်းလွင်က ဒဲ့ကိုပြောဆိုလိုက်ပါတယ်။
ညိုမင်းလွင်က သူ့ရဲ့ဖေ့စ်ဘွတ်မှာ “Spa ပါဆိုမှ မချွတ်လို့ စောင်တွေခေါင်းမြီးခြုံနေရမှာလားဗျ… Spa သွားတဲ့ဇာတ်ဝင်ခန်းကို ယဉ်ကျေးမှုနဲ့အညီ ဘယ်လိုများမျှော်လင့်ထားကြလို့ပါလိမ့်...အဲဒီကားနဲ့ပါတ်သက်ပြီးပြောချင်တာက ပါသမျှလူအားလုံးချွတ်ကြတဲ့ လူသတ်ကားဆိုတာပဲ” လို့ရေးသားကာ The Spa ရုပ်ရှင်ကားဟာ လူသတ်ကားတစ်ကားဖြစ်ကြောင်းနဲ့ ပါဝင်သမျှသရုပ်ဆောင်အားလုံးအဝတ်အစားဗလာကျင်းပြီး ရိုက်ကူးရတဲ့ကားဖြစ်ကြောင်းရေးသားပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးအားလုံးရဲ့ပုံရိပ်တွေကိုပါ တင်ထားခဲ့တာဖြစ်ပါတယ်။
အောင်ရဲလင်း၊ ဆုမြတ်နိုးဦးနဲ့ ထိုင်းမင်းသမီးတို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ထိုကားဟာ Tha Spa ဆိုတဲ့နာမည်အတိုင်း Spa မှာ စိတ်လက်အပန်းဖြေတဲ့ပုံစံအတိုင်း ရိုက်ကူးထားတာဖြစ်လို့ သရုပ်ဆောင်တွေကိုတော့အပေါ်ပိုင်းဗလာကျင်းနဲ့ မြင်တွေ့ရမှာဖြစ်ပြီး ယောကျာ်းချစ်ကြိုက်တဲ့ဇာတ်ဝင်ခန်းတွေလည်း ပါဝင်တယ်လို့သိရပါတယ်။ ညိုမင်းလွင်ကတော့ စိတ်ဝင်စားဖွယ်ဇာတ်လမ်းတွေကိုအမြဲဖန်တီးနေသူမို့ နောက်ထပ်လည်း စိတ်ဝင်စားစရာဖြစ်ရပ်မှန်ဇာတ်လမ်းအဖြစ် မြမြရုပ်ရှင်ကို ရိုက်ကူးသွားမှာဖြစ်ပြီး ပါဝင်သရုပ်ဆောင်မယ့် သရုပ်ဆောင်တွေကို စိစစ်ရွေးချယ်မှုတွေ ပြုလုပ်နေတာကိုလည်း တွေ့ရပါတယ်။
(ပိုပိုလေး)