ထွန်းထွန်းကတော့အထူးမိတ်ဆက်ပေးစရာမလိုတဲ့ ပြည်သူချစ်အနုပညာရှင်အဆိုတော် သရုပ်ဆောင်မင်းသား တစ်လက်ပဲ ဖြစ်ပါတယ်။တစ်ခတ်တစ်ခါက မိန်းကလေးပရိသတ်တွေသာမက ယောကျာ်းလေးပရိသတ်တွေပါအားပေးခြင်းခံခဲ့ရတဲ့ ယောကျာ်းလေးအဆိုတော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ” Example ”အဖွဲ့ဝင်တစ်ယောက်ပဲ ဖြစ်ပါတယ်။သူ့ရဲ့ သီချင်းတွေကိုပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်ခဲ့တဲ့အပြင် သရုပ်ဆောင်ဘက်မှာလည်း ”အုတ်ကြားမြက်ပေါက် “ရုပ်ရှင်ကားနဲ့အကယ်ဒမီဆုကို ဆွတ်ခူးခဲ့တာပဲ ဖြစ်ပါတယ်။
လတ်တလောမှာလည်း ” နိုင်ငံကြီးသား” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ရဲအုပ်တစ်ယောက်အဖြစ်ပါဝင် ထားတာဖြစ်ပြီး လတ်တလောဖြစ်ပွားနေတဲ့ မွန်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် သြဂုတ်လ (၂၄)ရက်နေ့မှာ ကျင်းပမယ့် ရံပုံငွေဘောလုံးပွဲ မှာ ပါဝင်မယ့်အနုပညာရှင်များထဲမှာလည်း ပါဝင်အားဖြည့်ထားတာပဲ ဖြစ်ပါတယ်။လက်ရှိမှာ တော့ ထွန်းထွန်းရဲ့အချစ်ရေးကိုပရိသတ်တွေအထူးစိတ်ဝင်စားနေတာပဲ ဖြစ်ပြီး ထွန်းထွန်းဟာအရင်ချစ်သူကောင်မလေးနဲ့ပြတ်ပြီးတဲ့နောက်မှာ တစ်ယောက်ထဲ Singleအဖြစ်နဲ့ နေထိုင်လာတာအချိန်ကြာမြင့်ခဲ့ပြီလို့ဆိုရမှာပါ။
Single လူပျိုကြီးတစ်ယောက်အဖြစ်အနေကြာလာတဲ့ ထွန်းထွန်းကို သူ့ရဲ့ ချစ်ပရိသတ်တွေကအိမ်ထောင်ပြုစေချင်နေပြီပဲ ဖြစ်သလို ပရိသတ်ကြီးရဲ့ ဖြစ်စေချင်တဲ့ ဆန္ဒကို ထွန်းထွန်းက ဖြည့်ဆည်းပေးလိုက်ပြီလို့ ဆိုရမှာပါ။အကြောင်းအရင်းကတော့ ထွန်းထွန်းရဲ့ လူမှုကွန်ရက်စာမျက်နှာ My Day မှာ ရိုမန့်တစ် Surprise ပန်းစည်းလေးနဲ့အတူ သူ့ရဲ့ ချစ်သူပုံလေးကို တင်ထားခဲ့တာပဲ ဖြစ်ပြီး ချစ်သူကောင်မလေးရဲ့ မျက်နှာသွင်ပြင်ကိုအသဲပုံစတေကာနဲ့ ကွယ်ထားခဲ့တာပဲ ဖြစ်ပါတယ်။ဘယ်သူဘယ်ဝါဆိုတာကို မဖော်ပြထားပေမယ့် လူပျိုကြီး ထွန်းထွန်းကတော့ မင်္ဂလာသတင်း ကြားရတော့မလားဆိုတာ ပရိသတ်တွေကအထူးစိတ်ဝင်စားနေကြတာပဲ ဖြစ်ပါတယ်။Cele Gabar ပရိသတ်ကြီးလည်း ထွန်းထွန်းရဲ့ ချစ်သူဟာအနုပညာလောကထဲက ဖြစ်မလားအပြင်လောကက ဖြစ်မလားဆိုတာ မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။
Source :Htin Tun Aung
Shwe Poe @CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်
” ချစ်သူအသစ်ရသွားပြီဖြစ်တဲ့ ထွန်းထွန်း ”
ထွန်းထွန်းကတော့ အထူးမိတ်ဆက်ပေးစရာမလိုတဲ့ ပြည်သူချစ်အနုပညာရှင် အဆိုတော် သရုပ်ဆောင်မင်းသား တစ်လက်ပဲ ဖြစ်ပါတယ်။တစ်ခတ်တစ်ခါက မိန်းကလေးပရိသတ်တွေသာမက ယောကျာ်းလေးပရိသတ်တွေပါ အားပေးခြင်းခံခဲ့ရတဲ့ ယောကျာ်းလေးအဆိုတော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ” Example ” အဖွဲ့ဝင်တစ်ယောက်ပဲ ဖြစ်ပါတယ်။သူ့ရဲ့ သီချင်းတွေကိုပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်ခဲ့တဲ့အပြင် သရုပ်ဆောင်ဘက်မှာလည်း ” အုတ်ကြားမြက်ပေါက် “ရုပ်ရှင်ကားနဲ့ အကယ်ဒမီဆုကို ဆွတ်ခူးခဲ့တာပဲ ဖြစ်ပါတယ်။
လတ်တလောမှာလည်း ” နိုင်ငံကြီးသား” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ရဲအုပ်တစ်ယောက်အဖြစ်ပါဝင် ထားတာဖြစ်ပြီး လတ်တလောဖြစ်ပွားနေတဲ့ မွန်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် သြဂုတ်လ (၂၄)ရက်နေ့မှာ ကျင်းပမယ့် ရံပုံငွေဘောလုံးပွဲ မှာ ပါဝင်မယ့် အနုပညာရှင်များထဲမှာလည်း ပါဝင်အားဖြည့်ထားတာပဲ ဖြစ်ပါတယ်။လက်ရှိမှာ တော့ ထွန်းထွန်းရဲ့ အချစ်ရေးကိုပရိသတ်တွေ အထူးစိတ်ဝင်စားနေတာပဲ ဖြစ်ပြီး ထွန်းထွန်းဟာ အရင်ချစ်သူကောင်မလေးနဲ့ပြတ်ပြီးတဲ့နောက်မှာ တစ်ယောက်ထဲ Single အဖြစ်နဲ့ နေထိုင်လာတာအချိန်ကြာမြင့်ခဲ့ပြီလို့ဆိုရမှာပါ။
Single လူပျိုကြီးတစ်ယောက်အဖြစ် အနေကြာလာတဲ့ ထွန်းထွန်းကို သူ့ရဲ့ ချစ်ပရိသတ်တွေက အိမ်ထောင်ပြုစေချင်နေပြီပဲ ဖြစ်သလို ပရိသတ်ကြီးရဲ့ ဖြစ်စေချင်တဲ့ ဆန္ဒကို ထွန်းထွန်းက ဖြည့်ဆည်းပေးလိုက်ပြီလို့ ဆိုရမှာပါ။ အကြောင်းအရင်းကတော့ ထွန်းထွန်းရဲ့ လူမှုကွန်ရက်စာမျက်နှာ My Day မှာ ရိုမန့်တစ် Surprise ပန်းစည်းလေးနဲ့အတူ သူ့ရဲ့ ချစ်သူပုံလေးကို တင်ထားခဲ့တာပဲ ဖြစ်ပြီး ချစ်သူကောင်မလေးရဲ့ မျက်နှာသွင်ပြင်ကိုအသဲပုံစတေကာနဲ့ ကွယ်ထားခဲ့တာပဲ ဖြစ်ပါတယ်။ဘယ်သူဘယ်ဝါဆိုတာကို မဖော်ပြထားပေမယ့် လူပျိုကြီး ထွန်းထွန်းကတော့ မင်္ဂလာသတင်း ကြားရတော့မလားဆိုတာ ပရိသတ်တွေကအထူးစိတ်ဝင်စားနေကြတာပဲ ဖြစ်ပါတယ်။Cele Gabar ပရိသတ်ကြီးလည်း ထွန်းထွန်းရဲ့ ချစ်သူဟာ အနုပညာလောကထဲက ဖြစ်မလား အပြင်လောကက ဖြစ်မလားဆိုတာ မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။
Source :Htin Tun Aung
Shwe Poe @CeleGabar