“We Love တွေနဲ့ပေါင်းပြီး ရေဘေးသင့်ပြည်သူတွေအတွက်အလှူငွေတွေသွားရောက်လှူဒါန်းခဲ့တဲ့ ပိုင်အုပ်စိုးအောင်”
celegabar.com
|
2019-08-24



ပိုင်အုပ်စိုးအောင်ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်အားပေးဝန်းရံခြင်းကို ခံနေရတဲ့ ဆယ်ကျော်သက်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ကြော်ငြာမော်ဒယ် တစ်ယောက်အနေနဲ့အနုပညာလောကထဲကို စတင်ဝင်ရောက်လာတဲ့ ပိုင်အုပ်စိုးအောင်ကတော့အချိန်တိုတိုအတွင်းမှာပဲ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုအပြည့်အဝ ရရှိပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။





နောက်ပိုင်းမှာတော့ ပိုင်အုပ်စိုးအောင်ဟာ ကြော်ငြာမော်ဒယ်တစ်ယောက်အပြင် သရုပ်ဆောင်တစ်ဦးအနေနဲ့အနုပညာအလုပ်တွေကို ခပ်စိပ်စိပ်လုပ်ကိုင်လာတာဖြစ်ပြီး မကြာသေးမီက MRTV-4ကထုတ်လွှင့်ပြသခဲ့တဲ့ “နှလုံးသားနဲ့အနီးဆုံး”ရုပ်သံဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။တက်သစ်စသရုပ်ဆောင်တစ်ယောက်အနေနဲ့ ဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်ခဲ့တာကြောင့်လည်း ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ပိုမိုရရှိထားတာလည်းဖြစ်ပါတယ်။





လတ်တလောမှာတော့ ပိုင်အုပ်စိုးအောင်ဟာ သူ့ရဲ့ We Loveအဖွဲ့တွေနဲ့အတူ ရေဘေးသင့် ပြည်သူတွေရဲ့ ပြန်လည်ထူထောင်ရေးအတွက် ရည်ရွယ်ပြီး “လက်တစ်ဖက်ကမ်းကြမယ်ပရဟိတ”အဖွဲ့ကနေတစ်ဆင့်အလှူငွေတွေ လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ ပိုင်အုပ်စိုးအောင်ရဲ့အလှူလေးကို သာဓုခေါ်လို့ ရအောင် မျှဝေပေးလိုက်ပါတယ်။




Source : Paing Oak Soe Aung
Chilli@CeleGabar
ယူနီကုတ်ဖြင့်ဖတ်ရန်။


“We Love တွေနဲ့ပေါင်းပြီး ရေဘေးသင့်ပြည်သူတွေအတွက် အလှူငွေတွေသွားရောက်လှူဒါန်းခဲ့တဲ့ ပိုင်အုပ်စိုးအောင်”

ပိုင်အုပ်စိုးအောင်ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်အားပေးဝန်းရံခြင်းကို ခံနေရတဲ့ ဆယ်ကျော်သက်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ကြော်ငြာမော်ဒယ် တစ်ယောက်အနေနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာတဲ့ ပိုင်အုပ်စိုးအောင်ကတော့ အချိန်တိုတိုအတွင်းမှာပဲ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝ ရရှိပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ပိုင်အုပ်စိုးအောင်ဟာ ကြော်ငြာမော်ဒယ်တစ်ယောက်အပြင် သရုပ်ဆောင်တစ်ဦးအနေနဲ့ အနုပညာအလုပ်တွေကို ခပ်စိပ်စိပ်လုပ်ကိုင်လာတာဖြစ်ပြီး မကြာသေးမီက MRTV-4ကထုတ်လွှင့်ပြသခဲ့တဲ့ “နှလုံးသားနဲ့ အနီးဆုံး”ရုပ်သံဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။တက်သစ်စသရုပ်ဆောင်တစ်ယောက်အနေနဲ့ ဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်ခဲ့တာကြောင့်လည်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ပိုမိုရရှိထားတာလည်းဖြစ်ပါတယ်။

လတ်တလောမှာတော့ ပိုင်အုပ်စိုးအောင်ဟာ သူ့ရဲ့ We Love အဖွဲ့တွေနဲ့ အတူ ရေဘေးသင့် ပြည်သူတွေရဲ့ ပြန်လည်ထူထောင်ရေးအတွက် ရည်ရွယ်ပြီး “လက်တစ်ဖက်ကမ်းကြမယ်ပရဟိတ”အဖွဲ့ကနေတစ်ဆင့် အလှူငွေတွေ လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ ပိုင်အုပ်စိုးအောင်ရဲ့ အလှူလေးကို သာဓုခေါ်လို့ ရအောင် မျှဝေပေးလိုက်ပါတယ်။


Source : Paing Oak Soe Aung
Chilli@CeleGabar


#အလှူ
#အနုပညာ
#စိုး
#သရုပ်ဆောင်
#နှလုံးသား

Some text some message..