” Oxygen ရုပ်ရှင်ဇာတ်ကားကြီးမှာ မြင့်မြတ်နဲ့ တွဲဖက်သရုပ်ဆောင်ချက်တွေ မြင်တွေ့ရတော့မယ့် ဆောင်းဝတ်ရည်မေ “
celegabar.com
|
2019-08-29



ဆောင်းဝတ်ရည်မေကတော့ MRTV – (4)ဇာတ်လမ်းတွဲမင်းသမီလေး တစ်ဦးဖြစ်ပြီး ” ဝိဉာဉ်ရှိုက်သံ”ဇာတ်လမ်းတွဲကစတင်ကာ ” ကြယ်စင်ချို” ဆိုတဲ့ ဇာတ်ကောင်လေးနဲ့ ပရိသတ်တွေစတင်သတိထားမိလာပြီး “ဝင်္ကပါစံအိမ် ” ရဲ့ဇာတ်လမ်းတွဲမှာ ” စောကလျာ ” ဆိုတဲ့ဇာတ်ကောင်အပြင် “အမုန်းမှသည်” ဇာတ်ကားမှာ” နေချိုသွေး”အဖြစ်ပရိသတ်တွေလက်ခံသဘောကျခဲ့တာဖြစ်ပါတယ်။ထပ်မံပြီး “အချစ်သင်္ကေတ “ဇာတ်လမ်းတွဲမှာ ” ဖြူစင်ရှင်းသန့် ” ဆိုတဲ့ ကာရိုက်တာအပြင် “ချစ်ခြင်းတရားတို့ရှိရာ ” ဇာတ်လမ်းတွဲမှာ သက်သက်ဇော်အဖြစ် ကာရိုက်တာမိစွာ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေက ချစ်စနိုးနဲ့ ” သက်သက်ဇော်”အဖြစ် ဇာတ်လမ်းတွဲ နာမည်ကိုသာအစွဲပြု ခေါ်နေကြတာဖြစ်ပါတယ်။





ဆောင်းဝတ်ရည်မေ ကို ယောကျာ်းလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေကလည်းအားပေးဝန်းရံကြတာပဲ ဖြစ်ပါတယ်။အခြားသောအနုပညာရှင်တွေနဲ့မတူတဲ့ စကားပြောဟန်လေးတွေကြောင့် ပရိသတ်တွေကို ပိုသတိထားမိစေတာဖြစ်ပြီး ဖြူစင်တဲ့ ကလေးသဖွယ်အပြုံးလေးတွေကြောင့် နှစ်ခြိုက်သူတွေပိုများလာတာပဲ ဖြစ်ပါတယ်။သူမရဲ့အမာခံပရိသတ်တွေကလည်း သူမရဲ့ဇာတ်လမ်းတွဲအသစ်တွေကိုအမြဲမျှော်လင့်နေကြတာပဲ ဖြစ်ပါတယ်။





မကြာသေးမီက ဆောင်းဝတ်ရည်မေက သရုပ်ဆောင်ကြာစိ(နတ်ကတော် ရွှေကြာ)၏ ညီမချောလေး ” ငွေကြာ “အဖြစ် ပါဝင်ထားတဲ့ ” နတ်အလိုဂြိုလ်အမ” ဇာတ်လမ်းတွဲ ကို MRTV-(4) ရုပ်သံChannel မှာ ပြသခဲ့တာ ဇာတ်သိမ်းသွားခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်းအတွဲညီလှတဲ့ မင်းသားနှစ်ယောက်ဖြစ်တဲ့ မိုးအောင်ရင်နဲ့ မြင့်မြတ်တို့ရဲ့ ပြန်လည်ရိုက်ကူးတဲ့ ပထမဆုံးဇာတ်ကားဖြစ်တဲ့ ” Oxygen” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ရိုက်ကူးထားနေတာပဲ ဖြစ်ပါတယ်။” ဒီနေ့ ကိုမြင့်မြတ်၊ ကိုနေရဲ… Daddyအောင်ခိုင် တို့နဲ့အတူတူ Oxygen ရုပ်ရှင်ဇာတ်ကားကြီးစရိုက်ဖြစ်တယ်။အားပေးကြဦးနော် ရုံတင်ရင်” ဆိုပြီး ရိုက်ကွင်းပေါ်ကပုံရိပ်လေးတွေနဲ့အတူ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားတာပဲ ဖြစ်ပါတယ်။Cele Gabar ပရိသတ်ကြီးလည်း ဆောင်းဝတ်ရည်မေကို ချစ်ရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။




Source: Hsaung Wutyee May
Shwe Poe – CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

” Oxygen ရုပ်ရှင်ဇာတ်ကားကြီးမှာ မြင့်မြတ်နဲ့ တွဲဖက်သရုပ်ဆောင်ချက်တွေ မြင်တွေ့ရတော့မယ့် ဆောင်းဝတ်ရည်မေ ”

ဆောင်းဝတ်ရည်မေကတော့ MRTV – (4)ဇာတ်လမ်းတွဲမင်းသမီလေး တစ်ဦးဖြစ်ပြီး ” ဝိဉာဉ်ရှိုက်သံ”ဇာတ်လမ်းတွဲကစတင်ကာ ” ကြယ်စင်ချို” ဆိုတဲ့ ဇာတ်ကောင်လေးနဲ့ ပရိသတ်တွေစတင်သတိထားမိလာပြီး “ဝင်္ကပါစံအိမ် ” ရဲ့ဇာတ်လမ်းတွဲမှာ ” စောကလျာ ” ဆိုတဲ့ဇာတ်ကောင် အပြင် “အမုန်းမှသည်” ဇာတ်ကားမှာ” နေချိုသွေး”အဖြစ်ပရိသတ်တွေလက်ခံသဘောကျခဲ့တာဖြစ်ပါတယ်။ထပ်မံပြီး “အချစ်သင်္ကေတ “ဇာတ်လမ်းတွဲမှာ ” ဖြူစင်ရှင်းသန့် ” ဆိုတဲ့ ကာရိုက်တာအပြင် “ချစ်ခြင်းတရားတို့ရှိရာ ” ဇာတ်လမ်းတွဲမှာ သက်သက်ဇော်အဖြစ် ကာရိုက်တာမိစွာ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေက ချစ်စနိုးနဲ့ ” သက်သက်ဇော်” အဖြစ် ဇာတ်လမ်းတွဲ နာမည်ကိုသာ အစွဲပြု ခေါ်နေကြတာဖြစ်ပါတယ်။

ဆောင်းဝတ်ရည်မေ ကို ယောကျာ်းလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေကလည်း အားပေးဝန်းရံကြတာပဲ ဖြစ်ပါတယ်။ အခြားသောအနုပညာရှင်တွေနဲ့မတူတဲ့ စကားပြောဟန်လေးတွေကြောင့် ပရိသတ်တွေကို ပိုသတိထားမိစေတာဖြစ်ပြီး ဖြူစင်တဲ့ ကလေးသဖွယ်အပြုံးလေးတွေကြောင့် နှစ်ခြိုက်သူတွေပိုများလာတာပဲ ဖြစ်ပါတယ်။သူမရဲ့ အမာခံပရိသတ်တွေကလည်း သူမရဲ့ဇာတ်လမ်းတွဲအသစ်တွေကို အမြဲမျှော်လင့်နေကြတာပဲ ဖြစ်ပါတယ်။

မကြာသေးမီက ဆောင်းဝတ်ရည်မေက သရုပ်ဆောင်ကြာစိ(နတ်ကတော် ရွှေကြာ)၏ ညီမချောလေး ” ငွေကြာ “အဖြစ် ပါဝင်ထားတဲ့ ” နတ်အလိုဂြိုလ်အမ” ဇာတ်လမ်းတွဲ ကို MRTV-(4) ရုပ်သံChannel မှာ ပြသခဲ့တာ ဇာတ်သိမ်းသွားခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း အတွဲညီလှတဲ့ မင်းသားနှစ်ယောက်ဖြစ်တဲ့ မိုးအောင်ရင်နဲ့ မြင့်မြတ်တို့ရဲ့ ပြန်လည်ရိုက်ကူးတဲ့ ပထမဆုံးဇာတ်ကားဖြစ်တဲ့ ” Oxygen” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ရိုက်ကူးထားနေတာပဲ ဖြစ်ပါတယ်။” ဒီနေ့ ကိုမြင့်မြတ်၊ ကိုနေရဲ… Daddy အောင်ခိုင် တို့နဲ့ အတူတူ Oxygen ရုပ်ရှင်ဇာတ်ကားကြီးစရိုက်ဖြစ်တယ်။အားပေးကြဦးနော် ရုံတင်ရင်” ဆိုပြီး ရိုက်ကွင်းပေါ်ကပုံရိပ်လေးတွေနဲ့အတူ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားတာပဲ ဖြစ်ပါတယ်။Cele Gabar ပရိသတ်ကြီးလည်း ဆောင်းဝတ်ရည်မေကို ချစ်ရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။


Source: Hsaung Wutyee May
Shwe Poe – CeleGabar


#ဇာ
#ဇာတ်လမ်း
#ဝတ်ရည်
#တွဲ
#ပရိသတ်

Some text some message..