”အသက်ငယ်ငယ်နဲ့ ပရိသတ်တွေကြား ရေပန်းစားအာင်မြင်နေတဲ့ ဆယ်လီကလေး (၃)ယောက်”
celegabar.com
|
2019-08-31



အသက်ငယ်ငယ်နဲ့အောင်မြင်နာမည်ကြီး ရေပန်းစားနေမတဲ့ ဆယ်လီကလေးများနဲ့ ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်ပါတယ်။သူတို့ရဲ့အပြော သူတို့ရဲ့အမူအရာလေးတွေကြောင့် မြင်သူတိုင်း ချစ်နေကြတာလို့ဆိုရမှာပါ။ မိတ်ဆက်ပေးချင်တဲ့ သူတွေကတော့ ထိပ်ထားသခင် ၊ သွန်းမြတ်ကြယ်စင် နဲ့ ကိကိ တို့ပဲ ဖြစ်ပါတယ်။




(၁) ထိပ်ထားသခင်

ပြည်သူ့အချစ်တော် ထိပ်ထားသခင် လေးဟာ သူမရဲ့လူမှုကွန်ရက်ကဗီဒီယိုလေးတွေနဲ့ လူသိများလာခဲ့ပြီးအနုပညာလောကထဲကိုအသက်(၃)နှစ်အရွယ်မှာအငယ်ဆုံး ကြော်ငြာမင်းသမီးလေးအဖြစ်စတင်ဝင်ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။ ထိပ်ထားလေးဟာ သူရဲ့ပင်ကိုယ်ဗီဇကိုက သရုပ်ဆောင်သာမက သီချင်းဆိုရာမှာလည်း ဝါသနာကြီးသူလေး ဖြစ်ပြီး မြန်မာတစ်ပြည်လုံးရဲ့သဲသဲလှုပ်ချစ်ရတဲ့ ဖွေးစိန်လေးကလည်းသူရဲ့စံပြအနုပညာရှင် ဖြစ်တယ်လို့ သိရပါတယ်။ဖွေးစိန်လေးရဲ့ ငယ်ဘဝပုံစံလေး နဲ့ ခပ်ခပ်ဆင်ဆင်ဖြစ်တဲ့ ထိပ်ထားလေးကို ဖွေးစိန်လေးကိုယ်တိုင်ကလည်း ထိပ်ထားလေးကိုသွားရောက်တွေ့ဆုံခဲ့တဲ့အပြင်အခြားသောအနုပညာရှင်တွေနဲ့လည်း ဆုံတွေ့ခဲ့သေးတာပဲ ဖြစ်ပါတယ်။ စိတ်ဆိုးပြီးသူ့မေမေကိုပြောတဲ့စကားလေးတွေဟာ Tik Tok မှာအရမ်းဟော့ခဲ့တဲ့အပြင် သြဂုတ်လ (၂၉) ရက်နေ့မှာ ကျရောက်တဲ့ ကလေးသရုပ်ဆောင် ထိပ်ထားသခင်လေး ရဲ့အသက် (၅) နှစ်ပြည့် မွေးနေ့ပါတီ ကို ချစ်တဲ့ သူငယ်ချင်း၊ မိသားစုတွေနဲ့အတူ ပျော်ရွှင်စွာကျင်းပခဲ့တဲ့တာဖြစ်ပြီး သူမရဲ့မွေးနေ့မှာရရှိခဲ့တဲ့ မုန့်ဖိုးတွေကို ရေးဘေးသင့်ပြည်သူတွေကိုလှူဒါန်းဦးမှာပါတဲ့နော်။လိမ္မာပြီး ချစ်စရာကောင်းတဲ့အချက်လေးတွေကြောင့် ပရိသတ်ရဲ့အားပေးမှုကိုအခုချိန်ထိရရှိနေတာပဲ ဖြစ်ပါတယ်။




(၂) သွန်းမြတ်ကြယ်စင်

သွန်းမြတ်ကြယ်စင်ကြတော့ မြန်မာနိုင်ငံရဲ့အသက်အငယ်ဆုံး Miss လေးဖြစ်တဲ့ ချစ်စရာကောင်းလွန်းတဲ့သူမကိုတော့ ချစ်ပရိသတ်ကြီးတို့နဲ့အထူးတလည် မိတ်ဆက်ပေးစရာ မလိုတော့ပါဘူးနော် ။အသက်ငယ်ငယ်လေးနဲ့ Little Miss Supranational Myanmar သရဖူဆုကိုအသက်( ၄) နှစ်အရွယ်လေးနဲ့ ဆွတ်ခူးရရှိထားတဲ့အပြင် ပရိသတ်တွေရဲ့အချစ်ကို ပိုပိုရရှိနေတဲ့အချက်လေးကတော့အသည်းယားစဖွယ် ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေနဲ့အတူTikTok လးတွေကို ဆော့လေ့ရှိတာကြောင့်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေက ” မိုအာနာ “လေးလို့ ချစ်စနိုး ခေါ်လေ့ရှိကြပြီး ပရိသတ်တွေရဲ့အသည်းကို လှုပ်ကိုင် ဆွဲဆောင်သိမ်းပိုက်ထားနိုင်တဲ့ ” မိုအာနာ “လေးဟာ ရန်ကုန်မှာမွေးပြီး မန္တလေးမှာ နေထိုင်သူလေးဖြစ်ပါတယ်။ သူမအသက်ကြီးလာရင်လည်း မော်ဒယ်သရုပ်ဆောင်လုပ်မှာလို့လည်း သိရပြီး မကြာသေးမီက ကျင်းပခဲ့တဲ့ Aroma Show (2020 )မှာလည်းပါဝင်တင်ဆက်ခဲ့တာပဲ ဖြစ်ပါတယ်။အနုပညာပိုင်းမှာအရွယ်နဲ့မလိုက်အောင်ထူးချွန်တဲ့ သွန်းမြတ်ကြယ်စင်လေးကတော့ လက်ရှိမှာ “ကျွန်တော့်ရဲ့သူ ” ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုး၊ မိုးဟေကို တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ငယ်ငယ်လေးနဲ့အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ရှိပြီးအရည်အချင်းရှိတဲ့ ဆယ်လီကလေးတစ်ယောက်လည်းဖြစ်ပါတယ်။




(၃)ကိကိ

ကိကိကတော့အမှတ်မထင် သူမမေမေနဲ့ ဆော့ကစားရင်း ဈေးရောင်းနေတဲ့ ဗီဒီယိုဖိုင်လေးကနေ ပရိသတ်တွေ လူသိများလာတာပဲ ဖြစ်ပါတယ်။ သူမရဲ့အချက်ကျကျပြန်ပြောတ်တာတွေကြောင့် စကားတတ်လွန်းတဲ့ သူမကို ပရိသတ်တွေအချစ်ပိုနေတာပဲ ဖြစ်ပါတယ်။ သူမရဲ့ ပင်ကိုယ်စကားလေး ဖြစ်တဲ့ ”အစ်မကလဲနော်” ဆိုတဲ့ စကားလေးကတော့ ပရိသတ်တွေကြားရေပန်းအစားဆုံးလို့ဆိုရမှာပါ။ ပရိသတ်တွေသာမကအနုပညာရှင်တွေပါ ကိကိလေးရဲ့ ဗီဒီယိုဖိုင်လေးကို ရှယ်ကာ ချစ်ကြောင်းမှတ်ချက်တွေအပေးခံနေရတဲ့ ဆယ်လီကလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။နာမည်ကျော်အနုပညာရှင်ဖြစ်တဲ့ စမိုင်းလ် ကလည်း သူမအိမ်ကို ဈေးလာရောင်းဖို့ သူမရဲ့ စကားတတ်လွန်းတာကို ကိုယ်တိုင် မြင်ချင်လွံန်းလို့ဆိုကာ ဖိတ်ခေါ်ခြင်းခံထားရတဲ့ သူလေးပဲ ဖြစ်ပါတယ်။အသက်ငယ်ငယ်လေးနဲ့ ဘာသာရေးကိုလည်းအခုအရွယ်ကတည်းက လိုက်စားနေတဲ့ သူလေးပဲ ဖြစ်ပါတယ်။ ကိကိလေးကိုချစ်လွန်းလို့ သူမရဲက ပရိသတ် Fan တွေကလည်းအများအပြားပါပဲနော်။လက်ရှိမှာ ရေပန်းအစားဆုံးကလေးဆယ်လီတစ်ယောက်လို့ဆိုရမှာပါနော်။CeleGabar ပရိသတ်ကြီးလည်း သူတို့(၃)ယောက်ထဲက ဘယ်သူ့ကိုအချစ်ဆုံးလဲ ဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။



Shwe Poe – CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

” အသက်ငယ်ငယ်နဲ့ ပရိသတ်တွေကြား ရေပန်းစားအာင်မြင်နေတဲ့ ဆယ်လီကလေး (၃)ယောက်”

အသက်ငယ်ငယ်နဲ့ အောင်မြင်နာမည်ကြီး ရေပန်းစားနေမတဲ့ ဆယ်လီကလေးများနဲ့ ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်ပါတယ်။သူတို့ရဲ့အပြော သူတို့ရဲ့ အမူအရာလေးတွေကြောင့် မြင်သူတိုင်း ချစ်နေကြတာလို့ဆိုရမှာပါ။ မိတ်ဆက်ပေးချင်တဲ့ သူတွေကတော့ ထိပ်ထားသခင် ၊ သွန်းမြတ်ကြယ်စင် နဲ့ ကိကိ တို့ပဲ ဖြစ်ပါတယ်။

(၁) ထိပ်ထားသခင်

ပြည်သူ့အချစ်တော် ထိပ်ထားသခင် လေးဟာ သူမရဲ့လူမှုကွန်ရက်ကဗီဒီယိုလေးတွေနဲ့ လူသိများလာခဲ့ပြီး အနုပညာလောကထဲကို အသက်(၃)နှစ်အရွယ်မှာ အငယ်ဆုံး ကြော်ငြာမင်းသမီးလေးအဖြစ်စတင်ဝင်ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။ ထိပ်ထားလေးဟာ သူရဲ့ပင်ကိုယ်ဗီဇကိုက သရုပ်ဆောင်သာမက သီချင်းဆိုရာမှာလည်း ဝါသနာကြီးသူလေး ဖြစ်ပြီး မြန်မာတစ်ပြည်လုံးရဲ့သဲသဲလှုပ်ချစ်ရတဲ့ ဖွေးစိန်လေးကလည်းသူရဲ့စံပြအနုပညာရှင် ဖြစ်တယ်လို့ သိရပါတယ်။ဖွေးစိန်လေးရဲ့ ငယ်ဘဝပုံစံလေး နဲ့ ခပ်ခပ်ဆင်ဆင်ဖြစ်တဲ့ ထိပ်ထားလေးကို ဖွေးစိန်လေးကိုယ်တိုင်ကလည်း ထိပ်ထားလေးကိုသွားရောက်တွေ့ဆုံခဲ့တဲ့အပြင် အခြားသောအနုပညာရှင်တွေနဲ့လည်း ဆုံတွေ့ခဲ့သေးတာပဲ ဖြစ်ပါတယ်။ စိတ်ဆိုးပြီးသူ့မေမေကိုပြောတဲ့စကားလေးတွေဟာ Tik Tok မှာ အရမ်းဟော့ခဲ့တဲ့အပြင် သြဂုတ်လ (၂၉) ရက်နေ့မှာ ကျရောက်တဲ့ ကလေးသရုပ်ဆောင် ထိပ်ထားသခင်လေး ရဲ့ အသက် (၅) နှစ်ပြည့် မွေးနေ့ပါတီ ကို ချစ်တဲ့ သူငယ်ချင်း၊ မိသားစုတွေနဲ့အတူ ပျော်ရွှင်စွာကျင်းပခဲ့တဲ့တာဖြစ်ပြီး သူမရဲ့မွေးနေ့မှာရရှိခဲ့တဲ့ မုန့်ဖိုးတွေကို ရေးဘေးသင့်ပြည်သူတွေကိုလှူဒါန်းဦးမှာပါတဲ့နော်။လိမ္မာပြီး ချစ်စရာကောင်းတဲ့အချက်လေးတွေကြောင့် ပရိသတ်ရဲ့ အားပေးမှုကို အခုချိန်ထိရရှိနေတာပဲ ဖြစ်ပါတယ်။

(၂) သွန်းမြတ်ကြယ်စင်

သွန်းမြတ်ကြယ်စင်ကြတော့ မြန်မာနိုင်ငံရဲ့ အသက်အငယ်ဆုံး Miss လေးဖြစ်တဲ့ ချစ်စရာကောင်းလွန်းတဲ့သူမကိုတော့ ချစ်ပရိသတ်ကြီးတို့နဲ့ အထူးတလည် မိတ်ဆက်ပေးစရာ မလိုတော့ပါဘူးနော် ။ အသက်ငယ်ငယ်လေးနဲ့ Little Miss Supranational Myanmar သရဖူဆုကို အသက်( ၄) နှစ်အရွယ်လေးနဲ့ ဆွတ်ခူးရရှိထားတဲ့အပြင် ပရိသတ်တွေရဲ့ အချစ်ကို ပိုပိုရရှိနေတဲ့အချက်လေးကတော့ အသည်းယားစဖွယ် ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေနဲ့အတူTikTok လးတွေကို ဆော့လေ့ရှိတာကြောင့်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေက ” မိုအာနာ “လေးလို့ ချစ်စနိုး ခေါ်လေ့ရှိကြပြီး ပရိသတ်တွေရဲ့ အသည်းကို လှုပ်ကိုင် ဆွဲဆောင်သိမ်းပိုက်ထားနိုင်တဲ့ ” မိုအာနာ “လေးဟာ ရန်ကုန်မှာမွေးပြီး မန္တလေးမှာ နေထိုင်သူလေးဖြစ်ပါတယ်။ သူမ အသက်ကြီးလာရင်လည်း မော်ဒယ်သရုပ်ဆောင်လုပ်မှာလို့လည်း သိရပြီး မကြာသေးမီက ကျင်းပခဲ့တဲ့ Aroma Show (2020 )မှာလည်းပါဝင်တင်ဆက်ခဲ့တာပဲ ဖြစ်ပါတယ်။အနုပညာပိုင်းမှာ အရွယ်နဲ့မလိုက်အောင်ထူးချွန်တဲ့ သွန်းမြတ်ကြယ်စင်လေးကတော့ လက်ရှိမှာ “ကျွန်တော့်ရဲ့သူ ” ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုး၊ မိုးဟေကို တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ငယ်ငယ်လေးနဲ့ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ရှိပြီး အရည်အချင်းရှိတဲ့ ဆယ်လီကလေးတစ်ယောက်လည်းဖြစ်ပါတယ်။

(၃)ကိကိ

ကိကိကတော့ အမှတ်မထင် သူမမေမေနဲ့ ဆော့ကစားရင်း ဈေးရောင်းနေတဲ့ ဗီဒီယိုဖိုင်လေးကနေ ပရိသတ်တွေ လူသိများလာတာပဲ ဖြစ်ပါတယ်။ သူမရဲ့ အချက်ကျကျပြန်ပြောတ်တာတွေကြောင့် စကားတတ်လွန်းတဲ့ သူမကို ပရိသတ်တွေ အချစ်ပိုနေတာပဲ ဖြစ်ပါတယ်။ သူမရဲ့ ပင်ကိုယ်စကားလေး ဖြစ်တဲ့ ” အစ်မကလဲနော်” ဆိုတဲ့ စကားလေးကတော့ ပရိသတ်တွေကြားရေပန်းအစားဆုံးလို့ဆိုရမှာပါ။ ပရိသတ်တွေသာမက အနုပညာရှင်တွေပါ ကိကိလေးရဲ့ ဗီဒီယိုဖိုင်လေးကို ရှယ်ကာ ချစ်ကြောင်းမှတ်ချက်တွေ အပေးခံနေရတဲ့ ဆယ်လီကလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။နာမည်ကျော်အနုပညာရှင်ဖြစ်တဲ့ စမိုင်းလ် ကလည်း သူမအိမ်ကို ဈေးလာရောင်းဖို့ သူမရဲ့ စကားတတ်လွန်းတာကို ကိုယ်တိုင် မြင်ချင်လွံန်းလို့ဆိုကာ ဖိတ်ခေါ်ခြင်းခံထားရတဲ့ သူလေးပဲ ဖြစ်ပါတယ်။အသက်ငယ်ငယ်လေးနဲ့ ဘာသာရေးကိုလည်း အခုအရွယ်ကတည်းက လိုက်စားနေတဲ့ သူလေးပဲ ဖြစ်ပါတယ်။ ကိကိလေးကိုချစ်လွန်းလို့ သူမရဲက ပရိသတ် Fan တွေကလည်း အများအပြားပါပဲနော်။လက်ရှိမှာ ရေပန်းအစားဆုံးကလေးဆယ်လီတစ်ယောက်လို့ဆိုရမှာပါနော်။CeleGabar ပရိသတ်ကြီးလည်း သူတို့(၃)ယောက်ထဲက ဘယ်သူ့ကို အချစ်ဆုံးလဲ ဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။


Shwe Poe – CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်


#ထိပ်ထား
#ပရိသတ်
#အနုပညာ
#ကြယ်
#ဗီဒီယို

Some text some message..