
တစ်ချိန်က နာမည်ကြီးခဲ့တဲ့ Kpop အဆိုတော်အဖွဲ့ 2NE1 မှ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ Park Bom ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအနည်းငယ်က သတင်းထောက် တစ်ဦးရဲ့ မဖွယ်မရာ ရေးသားဖော်ပြတာမျိုးခံခဲ့ရပါတယ်။
Park Bom ဟာ ခန္ဓာကိုယ်နဲ့ ရုပ်ပိုင်းဆိုင်ရာ ခွဲစိတ်မှုမျိုးတွေ မကြာခဏပြုလုပ်ဖူးတာကြောင့် အရုပ်နဲ့တူတဲ့ visual မျိုး ပိုင်ဆိုင်ထားသူတစ်ဦးပဲဖြစ်ပါတယ်။ ဒါကို Kim Sung Jin အမည်ရတဲ့ သတင်းထောက် တစ်ဦးက “Park Bom ကိုကြည့်ရတာ real doll အရုပ်ကိုကြည့်နေရသလိုမျိုး ခံစားရတယ်။” ဆိုပြီး သတင်းမှာ ရေးသားဖော်ပြလာပါတယ်။
Real Doll ဆိုတာကတော့ ကိုးရီးယားလူမျိုးတွေ sex doll ကို ယဉ်ကျေးတဲ့နည်းလမ်းဖြင့်ခေါ်ဝေါ်တဲ့ အသုံးအနှုန်းပဲဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သတ်ပြီး Park Bom ပရိတ်သတ်တွေက “#Rapedoll_out_Rapedool_Totalban” ဆိုတဲ့ hastag နဲ့အတူ အင်တာနက်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး တောင်ကိုးရီးယားမှာ sex dolls ထုတ်လုပ်တာတွေ ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
“Park Bom, သူမက လှပတယ်၊ သူမမှာ အရည်အချင်းရှိတယ်၊ သူမက အလုပ်ကြိုးစားတယ်၊ သူမမှာ ကြင်နာတတ်တဲ့ နှလုံးသားရှိတယ်၊ သူမကို ဘာကြောင့် မင်းတို့ ဒီလို ပြောနေကြတာလဲ” ဆိုပြီး ပရိတ်သတ်တစ်ဦးက တွစ်တာမှာရေးသားထားပါတယ်။
“အမျိုးသမီးတွေဟာ အမျိုးသားတွေအတွက် အရုပ်မဟုတ်ပါ။ အခုလို စော်ကားပြောဆိုတာမျိုးက လက်ပိုက်ကြည့်နေလို့မရတဲ့ ကိစ္စမဟုတ်ပါ။” ဆိုပြီး အင်တာနက်မှာ ပြောလာကြပါတယ်။
Park Bom ဟာ အကြိမ်ပေါင်းများစွာ မျက်နှာခွဲစိတ်ပြုပြင်မှုတွေ လုပ်ဖူးတယ်ဆိုပေမယ့် အခုလို sex doll နဲ့နှိုင်းယှဉ်ပြီး ဝေဖန်ပြောဆိုနေတာကိုတော့ စာရေးသူလဲ သဘောမတွေ့လှပါဘူး။
Ref:koreaboo
(ပိုပိုလေး)