ဒါရိုက်တာသြရသ မှ ပုံဖော်ရိုက်ကူးခဲ့တဲ့ (၂၀၁၈)ခုနှစ်ရဲ့ လူကြိုက်အများဆုံး ရုပ်ရှင်ဇာတ်ကားကြီးလို့ဆိုရမည့် ဇာတ်ကားကြီးကတော့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။ထိုရုပ်ရှင်ဇာတ်ကားကြီးမှာတော့ နေတိုး၊မင်းသွေး၊ဖွေးဖွေး၊ကျော်ကျော်ဗိုလ်၊အေးဝတ်ရည်သောင်းတို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဇွဲဝေယံထူး၊ဇွဲဝေယံထက် အမြွှာ ကလေးသရုပ်ဆောင်(၂)ဦးက အားဖြည့်သရုပ်ဆောင်ထားပါသေးတယ်။”မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးဟာ မြန်မာနိုင်ငံ၏ ဝင်ငွေအကောင်းဆုံးရုပ်ရှင်ဇာတ်ကားများထဲက တစ်ကားအပါအဝင်ပါ။
ထိုရုပ်ရှင်ဇာတ်ကားကြီးကိုတော့ မြန်မာနဲ့စင်ကာပူ (၂)နိုင်ငံလုံးတွင် တပြိုင်နက် ရုံတင်ပြသခဲ့ပါတယ်။”မုန်းစွဲ”ရုပ်ရှင်ဇာတ်ကားကြီးကို နာမည်ကျော်ဓမ္မကထိက ဆရာတော် အရှင်ဆန္ဒာဓိက ဟောကြားပြီး စာအုပ်အဖြစ် ထုတ်ဝေထားသည့် “အသေလှတဲ့သူ” တရားတော်မှ ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံကာ ရိုက်ကူးထားခဲ့ခြင်းဖြစ်ပါတယ်။”မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပရိသတ်တွေရဲ့ ရုံပြည့်ရုံလျံ အားပေးမှုသာမက (၂၀၁၈)ခုနှစ် မြန်မာရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် အကောင်းဆုံးရုပ်ရှင်ဒါရိုက်တာဆု၊အကောင်းဆုံးအမျိုးသားရုပ်ရှင်ဇာတ်ပိုဆု၊အကောင်းဆုံးအသံဆု၊အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု စသည့် အကယ်ဒမီဆု(၄)ဆုကိုထိုက်ထိုက်တန်တန်ရရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးလည်းဖြစ်ပါတယ်။
လက်ရှိမှာတော့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ နောက်ထပ်အောင်မြင်မှုအနေနဲ့ ဂျပန်နိုင်ငံတွင် ကျင်းပမည့် ဂျပန်ရုပ်ရှင်ပွဲတော်ကြီးမှာ ပြသဖို့ ကမ်လှမ်းခံခဲ့ရပါတယ်။ထိုဂျပန်ရုပ်ရှင်ပွဲတော်ကြီးကတော့ (၂၀၂၀)ခုနှစ် ဧပြီလ မှာ ကျင်းပသွားမည့်အကြောင်းကို “၂၀၂၀ ဧပြီလ ဂျပန်နိုင်ငံမှာ ကျင်းပမည့် ဂျပန်ရုပ်ရှင်ပွဲတော်မှ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးအား ပြသဖို့ ကမ်းလှမ်းခံရပါပြီ။Congratulations…. မုန်းစွဲ Team, Produced by 7th Sense Film Production ” ဝေမင်းမောင်ရဲ့ လူမှုကွန်ရက် စာမျက်နာမှာ ဖော်ပြထားပါတယ်။
Source: Wai Min Maung
Photo Credit From မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီး
DarDar-CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်
” ဂျပန်ရုပ်ရှင်ပွဲတော်ကြီးမှာ ပြသဖို့ ကမ်းလှမ်းခံလိုက်ရတဲ့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီး ”