” သိန်းချီတန်တဲ့ နာမည်ကြီးတံဆိပ်ကို ပေါ့ပါးတဲ့ ညဝတ်အင်္ကျီလို့ ဆိုလာတဲ့ ချီချီ “
celegabar.com
|
2019-09-25

နေခြည်ဦးကတော့ မိတ်ကပ်Blogger တစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ Blogger တစ်ယောက်ဖြစ်နေစဉ်တည်းက အားပေးတဲ့ အမာခံပရိသတ်တွေ အခိုင်အမာရရှိထားပြီး သရုပ်ဆောင်ဘက်ကို ထပ်မံ အားစိုက်တော့လည်း ပရိသတ်တွေက ပိုမိုလက်ခံလာပြီး သူမရဲ့ ပထမဆုံးရုပ်ရှင်ကားဖြစ်တဲ့ ” ရန်သူ” ရုပ်ရှင်ကားကို ပရိသတ်တွေ တခဲနက်အားပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။နောက်ထပ်တစ်ကားဖြစ်တဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားမှာလည်း ပရိသတ်တွေ အားပေးချီးကျူးခြင်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။

သရုပ်ဆောင်သစ်တစ်ယောက်ဖြစ်ပေမယ့် ဝါရင့်သဘာရင့် သရုပ်ဆောင်တွေနဲ့ တွဲဖက်သရုပ်ဆောင်တာတောင် ပရိသတ်အမြင်မှာ သရုပ်ဆောင်သစ်တစ်ယောက်လို ဖြစ်မနေတဲ့ ချီချီရဲ့ အနုပညာပါရမီကတော့ အံ့မခန်းပါပဲနော်။ရသသစ်တစ်မျိုးဖြစ်တဲ့ “ပုရိသ” ရုပ်ရှင်ဇာတ်ကားကြီးကို သူမရဲ့ ပရိသတ်တွေက အထူးအားပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။သူမရဲ့အချစ်ရေးကတော့ ချစ်သူကောင်လေးနဲ့ (၂)နှစ်ကြာလက်တွဲပြီးနောက် နှစ်ဦးသဘောတူ လမ်းခွဲခဲ့တာ မကြာသေးပါဘူးနော်။ပရိသတ်တွေကလည်း အလွန်အားကျခဲ့ရတဲ့ သူမတို့စုံတွဲလေးအတွက် စိတ်မကောင်းဖြစ်နေကြတာလို့ ဆိုရမှာပါနော်။

နေခြည်ဦးကတော့ L’Oreal က ကျင်းပတဲ့ Paris Fashion Week ကို Make Me Beautiful Winner ဖြစ်တဲ့ ဘုန်းငြိမ်းချမ်းနဲ့ အတူ ဖိတ်ကြားခြင်းခံရတာပဲ ဖြစ်ပါတယ်။ နေခြည်ဦးကတော့ ပထမအကြိမ်မှာ နာမည်ကြီးမင်းသမီးဝတ်မှုန်ရွှေရည်၊မိတ်ကပ်ပညာရှင် We Wee တို့နဲ့အတူတက်ရောက်ခဲ့ပြီး ခုတစ်ခါကတော့ ဒုတိယအကြိမ်ဖိတ်ကြားခြင်းခံလိုက်တာဖြစ်ပါတယ်။ လတ်တလောမှာတော့ နေခြည်ဦးရဲ့ ” ၁၃ နာရီ flight ဆိုတော့ မပေါ့မပါး မဖြစ်အောင် ညဝတ်အင်္ကျီလေးနဲ့ဘဲ ဖြစ်သလို စီးလိုက်မယ်။” ဆိုတဲ့ Post လေးကြောင့် ပရိသတ်တွေအပြောများနေတာပဲ ဖြစ်ပါတယ်။ အကြောင်းအရာကတော့ သိန်းချီတန်တဲ့ LV တံဆိပ် ဝမ်းဆက်လေးပဲ ဖြစ်ပါတယ်။တော်ရုံလူတွေ မဝတ်နိုင်တဲ့တံဆိပ်ကို ညအိပ်အင်္ကျီလို့ သုံးနှုန်းလိုက်တာကြောင့် ဝေဖန်မှုတွေလည်း မြင့်တက်နေတာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း ချီချီရဲ့ ညဝတ်အင်္ကျီဖက်ရှင်လေးကိုကြည့်ပြီး မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source :Nay Chi Oo
Shwe Poe -CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

” သိန်းချီတန်တဲ့ နာမည်ကြီးတံဆိပ်ကို ပေါ့ပါးတဲ့ ညဝတ်အင်္ကျီလို့ ဆိုလာတဲ့ ချီချီ ”

#နေခြည်
#ညဝတ်အင်္ကျီ
#ပရိသတ်
#သရုပ်ဆောင်
#အမာခံ

Some text some message..