CANAL+ ရဲ့ ကိုယ်ပိုင်ဖန်တီးမှု ရုပ်သံဇာတ်လမ်းတွဲသစ်တစ်ခုဖြစ်ပြီး Bonanza Production နဲ့ ပူးပေါင်းရိုက်ကူးမယ့် “လိပ်ပြာ – အမှန်တရားရဲ့ ဓားတစ်လက်”ဆိုတဲ့ မှုခင်းစုံထောက် ဇာတ်လမ်းတွဲလေးမှာ ခါရာက ရဲအုပ်ထွန်းကိုအဖြစ် ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ရဲအုပ်ထွန်းကိုအဖြစ်မြင်တွေ့ရမယ့် ခါရာက အဲဒီဇာတ်ကားနဲ့ ပတ်သက်ပြီး “ပန်းရောင်ခြယ်ရဲ့ ပထမဦးဆုံး ဇာတ်လမ်းတွဲလေးဖြစ်ပြီး ပရိသတ်တွေကို မှုခင်းလေးတွေနဲ့ စဉ်းစားခိုင်းလိုက်၊သဲထိတ်ရင်ဖိုလေးတွေပေးလိုက်၊ဟာသလေးတွေပေးလိုက် ဆိုတော့ ပရိသတ်တွေကတော့ ရသပေါင်းစုံကို ခံစားရမှာပါ” လို့ ပြောပြခဲ့ပါတယ်။
“လိပ်ပြာ – အမှန်တရားရဲ့ ဓားတစ်လက်”ဆိုတဲ့ မှုခင်းစုံထောက် ဇာတ်လမ်းတွဲမှာ ခါရာကတော့ မှုခင်းနဲ့ ပတ်သက်တဲ့ စကားလုံးတွေကို အမှားအယွင်းမရှိအောင် သေချာဂရုစိုက်ပြီး သရုပ်ဆောင်ရတာဖြစ်ပါတယ်။ ဒါကြောင့် ဇာတ်ညွန်းအတိုင်းသာ သရုပ်ဆောင်ရတာဖြစ်တာပြီး အဲဒီဇာတ်ကားအတွက် ကြိုတင်ပြင်ဆင်မှုနည်းခဲ့တယ်လို့သိရပါတယ်။ “လိပ်ပြာ – အမှန်တရားရဲ့ ဓားတစ်လက်”ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာတော့ ခါရာအပါအဝင် အောင်ရဲထိုက်၊ချာလီ၊မင်းဦး၊ပန်းရောင်ချယ်၊မြတ်နိုးအေး၊ သန်းသန်စိုး တို့ကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ဒါရိုက်တာ ဉာဏ်ထင်က ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။
CANAL+ ရဲ့ကိုယ်ပိုင်ဖန်တီးမှု ရုပ်သံဇာတ်လမ်းတွဲသစ်တစ်ခုဖြစ်တဲ့ “လိပ်ပြာ- အမှန်တရားရဲ့ဓားတစ်လက်”ရဲ့ official teaser လေးကတော့ထွက်ရှိလာခဲ့ပြီး official teaserနဲ့တင်ပရိသတ်တွေက စိတ်ဝင်တစားဖြစ်စေခဲ့ပါတယ်။ ဒီဇာတ်ကားလေးကတော့ ပရိသတ်တွေကို စဉ်းစားခိုင်းလိုက်၊သဲထိတ်ရင်ဖိုလေးတွေပေးလိုက်၊ဟာသလေးတွေပေးလိုက်နဲ့ ရသပေါင်းစုံကို ခံစားရမယ် ဇာတ်ကားတစ်ကားလို့ ပြောရမှာပါ။ သရုပ်ဆောင်တွေအကုန်လုံးက အားကြိုးမာန်တက်နဲ့ သရုပ်ဆောင်ထားတဲ့ “လိပ်ပြာ – အမှန်တရားရဲ့ ဓားတစ်လက်”ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာတော့(၂၀၁၉)ခုနှစ် အောက်တိုဘာလထဲမှာ ပရိသတ်တွေရင်ထဲကို ရောက်ရှိလာတော့မယ်နော်……။
Source:CANAL+ Myanmar FG
ချစ်သဲမေ @ CeleGabar
ယူနီကုတ်ဖြင့်ဖတ်ရန်
“မှုခင်းစုံထောက် ဇာတ်လမ်းတွဲမှာ ရဲအုပ်ထွန်းကိုအဖြစ် မြင်တွေ့ရမယ့် ခါရာ”