“ စပွန်ဆာ” ဆိုတဲ့စကားလုံးဟာ လူတော်တော်များများလည်းကြားဖူးနေတဲ့ အခုနောက်ပိုင်းမှာတွင်တွင်ကျယ်ကျယ်သုံးလာတဲ့ အသုံးအနှုန်းတစ်ခုပါပဲ။“ စပွန်ဆာ” ဆိုတဲ့ နာမည်ကိုပေးထားတဲ့ ဇာတ်ကားကြီးကတော့ ပရိသတ်တွေထင်မြင်ထားတာထက်ပိုတဲ့ ခံစားမှုရသတွေအပြင် အတွေးအမြင်အသစ်တွေကိုပါရရှိသွားနိုင်ပါတယ်။
ဒီဇာတ်ကားထဲမှာ အဓိကဇာတ်ဆောင်ဖြစ်တဲ့နေတိုးကို မမတွေရဲ့စပွန်ဆာပေးခြင်းခံရတဲ့ ယောကျာ်းပိုင်းလုံးတိုးအောင်အဖြစ်မြင်တွေ့ရမှာပါ။ စပွန်ဆာတစ်ယောက်အဖြစ် သရုပ်ဆောင်မယ့် နေတိုးရဲ့ မျက်လုံး၊ မျက်နှာဖော်ပြမှုတွေ ဘယ်လိုရှိမလဲဆိုတာ မိန်းကလေးပရိသတ်ကတော့ အတော်ရင်ခုန်ကြမှာပါ။
အသက်ကြီးကြီးအမျိုးသမီးတွေအတွက် ဆန္ဒကိုဖြည့်ဆည်းပေးရတဲ့ ယောကျာ်းတစ်ယောက်ဘဝမှာတော့“ကျွန်တော့အလုပ်အပေါ်မှာတော့တာဝန်မမဲ့ဘူး အမြဲတမ်း professional ဆန်ပေးခဲ့တာချည်းပဲ” ဆိုတဲ့စကားအတိုင်း ကိုယ်မနှစ်သက်တဲ့ဘဝကြီးမှာ အတတ်နိုင်ဆုံးကြိုးစားရှင်သန်နေရတဲ့သူတစ်ယောက်….
မကောင်းတဲ့အလုပ်ကိုငွေကြေးကြောင့်လုပ်နေပေမဲ့ ကိုယ့်အပေါ်ကိုအမှန်တကယ်ငြိတွယ်လာတဲ့အိမ်ထောင်ရှိအမျိုးသမီးအပေါ်မှာတော့ “ကျွန်တော်ဒုသနသောကံကိုဆက်ပြီး မကျူးလွန်ချင်တော့ဘူးမရယ်” လို့ ဆိုကာ စည်းစောင့်တဲ့ယောကျာ်းတစ်ယောက်လည်း ဖြစ်နေပြန်ပါတယ်။
ဘဝမှာတချိူ့အမှားတွေဟာ ပြင်ရလွယ်ပေမဲ့ တချို့အမှားတွေကတော့ ပြင်မရအောင်တစ်သက်လုံးစွဲထင်သွားနိုင်ပါတယ်။
အဆုံးမှာတော့ ညီ၊ညီမလေးတွေရဲ့ဘဝကိုအကောင်းဆုံးဖြစ်အောင် ပံ့ပိုးပေးချင်တဲ့ အစ်ကိုတစ်ယောက်ရဲ့ဆန္ဒတွေဟာ လွဲချော်သွားခဲ့ပြီလား?
စပွန်ဆာဆိုတဲ့ခေါင်းစဉ်အောက်ကိုရောက်ခဲ့ရတာဟာ မိသားစုကိုအနစ်နာခံပေးဆပ်လိုတဲ့ ဆန္ဒကြောင့် ဆုံးဖြတ်ချက်ခဲ့တာဟာမှန်ကန်သလား? စတဲ့ မေးခွန်းများစွာနဲ့အတူ မိသားစုရဲ့ပဋိပက္ခတွေကြားထဲက အစ်ကိုကြီးတစ်ယောက်ရဲ့မေတ္တာတွေကို ရင်နင့်စရာကောင်းလောက်အောင်ခံစားသွားရနိုင်တဲ့ စပွန်ဆာ ရုပ်ရှင်ဇာတ်ကားကြီးဟာ အောက်တိုဘာလ(၃)ရက်နေ့မှာ ပရိသတ်တွေဆီကို ရောက်ရှိလာတော့မှာဖြစ်တဲ့အကြောင်းကို ဆယ်လီကမ္ဘာပရိသတ်ကြီးကိုပြန်လည်မျှဝေလိုက်ပါတယ်။
Source:စပွန်ဆာရုပ်ရှင်ဇာတ်ကားကြီး
Sweet – CeleGabar
ဇော်ဂျီဗားရှင်း
မောင်နှမတွေရဲ့ဝန်ကိုထမ်းဖို့ အစ်ကိုတစ်ယောက်က “စပွန်ဆာ” အနေနဲ့ငွေရှာတာ မှန်ကန်တဲ့အဖြေလား
“ စပွန်ဆာ” ဆိုတဲ့စကားလုံးဟာ လူတော်တော်များများလည်းကြားဖူးနေတဲ့ အခုနောက်ပိုင်းမှာတွင်တွင်ကျယ်ကျယ်သုံးလာတဲ့ အသုံးအနှုန်းတစ်ခုပါပဲ။“ စပွန်ဆာ” ဆိုတဲ့ နာမည်ကိုပေးထားတဲ့ ဇာတ်ကားကြီးကတော့ ပရိသတ်တွေထင်မြင်ထားတာထက်ပိုတဲ့ ခံစားမှုရသတွေအပြင် အတွေးအမြင်အသစ်တွေကိုပါရရှိသွားနိုင်ပါတယ်။
ဒီဇာတ်ကားထဲမှာ အဓိကဇာတ်ဆောင်ဖြစ်တဲ့နေတိုးကို မမတွေရဲ့စပွန်ဆာပေးခြင်းခံရတဲ့ ယောကျာ်းပိုင်းလုံးတိုးအောင်အဖြစ်မြင်တွေ့ရမှာပါ။ စပွန်ဆာတစ်ယောက်အဖြစ် သရုပ်ဆောင်မယ့် နေတိုးရဲ့ မျက်လုံး၊ မျက်နှာဖော်ပြမှုတွေ ဘယ်လိုရှိမလဲဆိုတာ မိန်းကလေးပရိသတ်ကတော့ အတော်ရင်ခုန်ကြမှာပါ။
အသက်ကြီးကြီးအမျိုးသမီးတွေအတွက် ဆန္ဒကိုဖြည့်ဆည်းပေးရတဲ့ ယောကျာ်းတစ်ယောက်ဘဝမှာတော့“ကျွန်တော့အလုပ်အပေါ်မှာတော့တာဝန်မမဲ့ဘူး အမြဲတမ်း professional ဆန်ပေးခဲ့တာချည်းပဲ” ဆိုတဲ့စကားအတိုင်း ကိုယ်မနှစ်သက်တဲ့ဘဝကြီးမှာ အတတ်နိုင်ဆုံးကြိုးစားရှင်သန်နေရတဲ့သူတစ်ယောက်….
မကောင်းတဲ့အလုပ်ကိုငွေကြေးကြောင့်လုပ်နေပေမဲ့ ကိုယ့်အပေါ်ကိုအမှန်တကယ်ငြိတွယ်လာတဲ့အိမ်ထောင်ရှိအမျိုးသမီးအပေါ်မှာတော့ “ကျွန်တော်ဒုသနသောကံကိုဆက်ပြီး မကျူးလွန်ချင်တော့ဘူးမရယ်” လို့ ဆိုကာ စည်းစောင့်တဲ့ယောကျာ်းတစ်ယောက်လည်း ဖြစ်နေပြန်ပါတယ်။ဘဝမှာတချို့အမှားတွေဟာ ပြင်ရလွယ်ပေမဲ့ တချို့အမှားတွေကတော့ ပြင်မရအောင်တစ်သက်လုံးစွဲထင်သွားနိုင်ပါတယ်။