“ဂျပန်ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့နဲ့ မြန်မာ့လက်ဝှေ့ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးမည့် ကျော်သူ”
celegabar.com
|
2020-02-06

နိုင်ငံကျော်ဝါရင့်သရုပ်ဆောင်တွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ ဦးကျော်သူကတော့ ဂျပန်ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့နဲ့ မြန်မာ့လက်ဝှေ့ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးမည့်အကြောင်းကို “ဂျပန်ထုတ်လုပ်သူ Hidekl Matsushita တို့အဖွဲ့မှ မြန်မာ့လက်ဝှေ့ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးရန်အတွက် လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။ သရုပ်ဆောင်ရွေးချယ်မှုအား ပထမခြေလှမ်းအဖြစ် မကြာမီစတင် ဆောင်ရွက်ကြမည် ဖြစ်ကြောင်းသတင်းပါးအပ်ပါသည်။ ဆွေးနွေးမှုပြုစဉ် ကျွန်တော်၏လက်တွင်ထိုးထားသည့် Japan Tattoo အားမြင်တွေ့သွားပြီး ဝမ်းသာအားရဓါတ်ပုံရိုက်ယူသွားပါသည်။” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဦးကျော်သူကတော့ သရုပ်ဆောင်ပိုင်းမှာသာမက ဇာတ်လမ်းဇာတ်အိမ်ကို အကောင်းဆုံးဖြစ်အောင် ပုံဖော်ရိုက်ကူးတဲ့ နေရာမှာလည်း ထူးချွန်ထက်မြက်တဲ့ ဒါရိုက်တာကောင်းတစ်ယောက်ပါ။ အဲဒါကြောင့် “တစ်ပြည်သူမရွှေထား”ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး သရုပ်ဆောင် အကယ်ဒမီဆုကိုရရှိခဲ့ပြီး “အမေ့နို့ဖိုး” ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို သိမ်းပိုက်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ ဦးကျော်သူက အနုပညာအလုပ်တွေနဲ့အတူ ပရဟိတအလုပ်တွေကိုပါ တွဲဖက်လုပ်ကိုင်ခဲ့ပါတယ်။ မကြာသေးမီကမှ ဒါရိုက်တာစတီးလ်(ဒွေးမေတ္တာ)နဲ့လည်း “မ, အက္ခရာ” ရုပ်ရှင်ဇာတ်ကားကြီးကို ပူးပေါင်းပုံဖော်သွားမယ်လို့ သိရပါတယ်။

CeleGabar ပရိသတ်ကြီးရေ နိုင်ငံကျော်ဝါရင့်သရုပ်ဆောင်တွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ ဦးကျော်သူကတော့ ဂျပန်ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့နဲ့ မြန်မာ့လက်ဝှေ့ရုပ်ရှင်ဇာတ်ကားကြီးကို ပူးပေါင်းပုံဖော်ရိုက်ကူးမှာတဲ့နော်။ ဒီရုပ်ရှင်ဇာတ်ကားကြီးရဲ့ ပထမဆုံးခြေလှမ်းအဖြစ်နဲ့ သရုပ်ဆောင်ရွေးချယ်မှုအား မကြာမီစတင် ဆောင်ရွက်သွားမှာပါတဲ့။

Source: Kyaw Thu
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်

#ရုပ်ရှင်
#ဦးကျော်သူ
#ဇာ
#ဇာတ်ကား
#လက်ဝှေ့

Some text some message..