အားကစားပရိသတ်တွေရဲ့အချစ်တော်မောင်မောင်လွင်ကတော့ ဒီနေ့(၂.၇.၂၀၂၀)ရက်နေ့လေးမှာ မင်္ဂလာဦးဆွမ်းကျွေးလေးပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။မောင်မောင်လွင်ကတော့ မြန်မာပြည်သူတစ်ခုလုံးရဲ့ ဘောလုံးအားကစားနဲ့ပတ်သက်ပြီးစိတ်ခွန်အားတွေပြန်လည်တက်ကြွခဲ့ရတဲ့ (၂၀၁၄)ခုနှစ် U-19 ကစားသမားကောင်းတွေထဲကတစ်ယောက်ဖြစ်ပြီး ယနေ့အချိန်ထိလည်း မောင်မောင်လွင်ဆိုတဲ့နာမည်ကို ထိန်းထားနိုင်ဆဲကစားသမားတစ်ယောက်ဖြစ်ပါတယ်။
သူကတော့ နိုင်ငံလက်ရွေးစင်ကစားသမားတစ်ယောက်လည်းဖြစ်ပြီး လက်ရှိအချိန်မှာတော့ ရန်ကုန်ယူနိုက်တက်အသင်းမှာ အဓိကကစားသမားတစ်ယောက်အနေနဲ့လည်း ကစားနေသူလည်းဖြစ်ပါတယ်။မောင်မောင်လွင်ကတော့ ဒီနေ့မှာ မခင်ငြိမ်းချမ်းနဲ့အတူ မင်္ဂလာဦးဆွမ်းကျွေးလေးပြုလုပ်ကာ အိမ်ထောင်မှုဘဝကိုစတင်တော့မှာဖြစ်ပါတယ်။ဘောလုံးချစ်ပရိသတ်တွေကတော့ သူတို့ချစ်ရတဲ့ကစားသမားကို အိမ်ထောင်မပြုစေချင်သေးပေမယ့်လည်း ဒီနေ့မှာတော့ မောင်မောင်လွင်က နှစ်ကိုယ်တူဘဝခရီးလမ်းလေးကိုစတင်လိုက်ပြီဖြစ်ပါတယ်။
ဒီနေ့မင်္ဂလာရက်မြတ်လေးမှသည် နောင်နှစ်ပေါင်းများစွာတိုင် ချစ်ရတဲ့ဇနီးသည်နဲ့အတူ ပျော်ရွှင်အေးချမ်းတဲ့မိသားစုဘဝလေးကို ဖြတ်သန်းနိုင်ပါစေလို့ ဆယ်လီကမ္ဘာမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။
Source – Kyaw Thiha
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်
“ဒီနေ့လေးမှာ ချစ်ရသူနဲ့မင်္ဂလာဦးဆွမ်းကျွေးပွဲလေးလုပ်ခဲ့တဲ့ မောင်မောင်လွင်”